Latest News

Saturday, March 18, 2017

တရုတ်နှင့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး နှစ်ဦး တွေ့ဆုံ ဆွေးနွေး

တရုတ်နှင့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး နှစ်ဦး တွေ့ဆုံ ဆွေးနွေ


ပေကျင်း၊ မတ် ၁၉ ရက်

တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံ သမ္မတ နှစ်ဦး တွေ့ဆုံခြင်းနှင့် အမြင်ချင်းဖလှယ် ဆွေးနွေးမှု အစည်းအဝေး တစ်ရပ် စီစဉ်ရာတွင် နှစ်နိုင်ငံ ရင်းရင်းနှီးနှီး ဆက်ဆံပြောဆိုမှု ရှိကြောင်း အမေရိကန်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ရက်စ် တီလာဆန် (Rex Tillerson) နှင့် တွေ့ဆုံစဉ် တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိက မတ်လ ၁၈ ရက်တွင် ပြောကြားခဲ့သည်။

“ဒီခရီးစဉ်ကို ကျွန်တော်တို့အတွက် အလွန်ကို အလေးအနက်ထားပါတယ်” ဟု မြို့တော် ပေကျင်းရှိ Diaoyutai နိုင်ငံတော်ဧည့်ဂေဟာတွင် တီလာဆန်အား ဝမ်ရိက ပြောခဲ့သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး တီလာဆန်သည် ပြီးခဲ့သည့်လက နိုင်ငံခြားရေး ဝန်ကြီးအဖြစ် တာဝန်ယူခဲ့စဉ်ကတည်းက ပထမဆုံးအကြိမ်အဖြစ် တရုတ်နိုင်ငံသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ အမေရိကန်နိုင်ငံ အစိုးရသစ် လက်ထက်တွင် တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်ခဲ့သော ပထမဆုံး အစိုးရအဆင့် တာဝန်ရှိသူ တစ်ဦး ဖြစ်သည်။

နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးတို့ တွေ့ဆုံစဉ်တွင် နိုင်ငံခြားရေးရေးရာများ၊ စီးပွားရေးနှင့် ကုန်သွယ်ရေး၊ စစ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ပြည်သူအချင်းချင်း အမြင်ချင်းဖလှယ်ဆွေးနွေးခြင်းများနှင့် ဒေသတွင်း ဆက်ဆံရေးများ စသည်တို့၌ ပိုမို ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ကိုရီးယား ကျွန်းဆွယ် နျူကလီးယားအရေးအား အလေးအနက်ထား ဆွေးနွေးခဲ့ကြောင်း သိရသည်။ (ဆင်ဟွာ)

No comments:

Post a Comment