Latest News

Monday, March 6, 2017

လက်နက်ကိုင်တိုက်ခိုက်တာတွေစွန့် လွတ်ပြီးငြိမ်းချမ်းရေးစားပွဲကိုဦးတည်ဖို့ ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း

လက်နက်ကိုင်တိုက်ခိုက်တာတွေစွန့် လွတ်ပြီးငြိမ်းချမ်းရေးစားပွဲကိုဦးတည်ဖို့ ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း


လောက်ကိုင်တိုက်ပွဲနဲ့ ပတ်သတ်လို့ 
လက်နက်ကိုင်တိုက်ခိုက်တာတွေစွန့် လွတ်ပြီးငြိမ်းချမ်းရေးစားပွဲကိုဦးတည်ဖို့ ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း

ဌာ​နေတိုင်းရင်းသားမျိုးနွယ်​စု​တွေ​သေ​ကြေထိခိုက်​​စေပြီး အပြစ်​မဲ့ပြည်​သူ​တွေဒုက္ခကြုံ​စေတဲလက်​နက်​ကိုင်​တိုက်​ခိုက်​တာ​တွေကို စွန့်​လွတ်​ကာ ငြိမ်းချမ်း​ရေးစားပွဲဝိုင်းကို ဦးတည်​​ကြဖို့နဲ့ တ​နိုင်​ငံလုံးက တိုင်း​ရင်းသားပြည်​သူ​တွေ​ ခေတ်​အဆက်​ဆက်​​မျှော်​လင့်​​တောင့်တနေတဲ့ ငြိမ်းချမ်း​ရေးခရီးကို အတူတကွ​လျှောက်လှမ်းကြဖို့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ထုတ်ပြန်လိုက်ပါတယ်။

ကိုးကန့် ဒေသလောက်ကိုင်မြို့ မှာဖြစ်ပွားခဲ့တဲ့ပစ်ခတ်တိုက်ခိုက်မှုတွေနဲ့ ပတ်သတ်လို့ အမျိုးသားပြန်​လည်​သင့်​မြတ်​​ရေးနဲ့ငြိမ်းချမ်း​ရေး​ဗဟိုဌာနဥက္ကဌအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကတိုက်တွန်းလိုက်တာဖြစ်ပါတယ်။

လက်​နက်​ကိုင်​ပဋိပက္ခ ​တွေ​ကြောင့်​ ပြည်​​ထောင်​စုအတွင်း မှီတင်း​နေထိုင်​​နေကြတဲ့ တိုင်းရင်းသားပြည်​သူအားလုံးအတွက်​အကျိုးမဲ့အချည်းအနှီးဖြစ်​​စေရုံသာမက ပစ်​ခတ်​တိုက်​ခိုက်​မှုဖြစ်​ပွား​ရာ ​ဒေသရှိပြည်​သူ​တွေအ​ပေါ်မှာ တိုက်​ရိုက်​ဆိုးကျိုးသက်​​ရောက်​​စေကာ ဒုက္ခ ပင်​လယ်​​ဝေ​စေပါတယ်​လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင်​အစိုးရအ​နေနဲ့ အမျိုးသားပြန်​လည်းသင့်​မြတ်​​ရေးနဲ့ ငြိမ်းချမ်း​ရေးကို ဦးစား​ပေး​ဆောင်​ရွက်​​နေရာ မကြာ​သေးခင်​ကပဲ ညီညွတ်​​သောတိုင်​ရင်းသားလူမျိုးများဖက်​ဒရယ်​​ကောင်​စီ (UNFC)ရဲ့ နိုင်​ငံ​ရေး​ဆိုင်​ရာ​ဆွေး​နွေးညှိနှိုင်း​ရေးကိုယ်​စားလှယ်​အဖွဲ့(DPN)အဖွဲ့နဲ့ ​တွေ့ဆုံ​ဆွေး​နွေးခဲ့တယ်။ UNFCက အစိုးရဆီအဆိုပြုထားတဲ့ အချက်​၉ချက်​အ​ပေါ်မှာ သ​ဘောတူညီမှုရရှိဖို့​မျှော်​လင့်​ချက်​​တွေ ခိုင်​မာတဲ့ရလဒ်​​ကောင်း​တွေရရှိခဲ့တယ်​လို့ ထုတ်​ပြန်​​ချက်​မှာ ​ဖော်​ပြထားပါတယ်​။
UNFCရဲ့ DPNအဖွဲ့နဲ့ အစိုးရငြိမ်းချမ်း​ရေး​ကော်​မရှင်​တို့အကြားမှာလည်း ငြိမ်းချမ်း​ရေးဖြစ်​စဉ်​မှာ ပါဝင်​သင့်​ပါဝင်​ထိုက်​တဲ့ အဖွဲ့အစည်း​တွေအားလုံးပါဝင်​နိုင်​​ရေးနဲ့ ပြည်​​ထောင်​စု ငြိမ်းချမ်း​ရေးညီလာခံ ၂၁ ရာစုပင်​လုံအသည်းအ​ဝေးမှာ တက်​​ရောက်​နိုင်​​ရေးကိုလည်း ညှိနှိုင်း​ဆောင်​ရွက်​သွားဖို့ကိုလည်း သ​ဘောတူညီခဲ့ကြတယ်​လို့ ဆိုပါတယ်​။

“တိုင်းရင်းသားပြည်​သူ​တွေကလည်း တိုးတက်​မှု ရလဒ်​​တွေကိုဝမ်း​မြောက်​ဝမ်းသာကြိုဆိုလျက်​ ငြိမ်းချမ်း​ရေး ​မျှော်​လင့်​ချက်​​ရောင်​နီများလည်း မြင့်​တက်​လျက်​ရှိသည်​´´လို့ အမျိုးသားပြန်​လည်​သင့်​မြတ်​​ရေးနှင့်​ ငြိမ်းချမ်း​ရေး​ဗဟိုဌာနရဲ ထုတ်​ပြန်​​ကြေညာ ချက်​မှာ ​ဖော်​ပြထားပါတယ်​။

အဲသည်​လို အမျိုးသားပြန်​လည်​သင့်​မြတ်ရေးနဲ့ ငြိမ်းချမ်း​ရေး ဖြစ်​စဉ်​မှာ တိုးတက်​မှု​တွေဖြစ်​​ပေါ်လာချိန်​ ရှမ်းပြည်​နယ်​​မြောက်​ပိုင်း ​လောက်​ကိုင်​မြို့နဲ့ ပတ်​ဝန်းကျင်​​နေရာ​တွေမှာ မြန်​မာအမျိုးသားဒီမိုက​ရေစီမဟာမိတ်​တပ်​မ​တော်​( MNDAA)အဖွဲ့က ထိုးစစ်​ဆင်​မှုတိုက်​ခိုက်​မှု​တွေပြုလုပ်​လာတယ်​လို့ ဖော်ပြထားပါတယ်။

“ကနဦးရရှိ​သောသတင်း​တွေအရ မြို့အတွင်း​နေရာများကို ဝင်​​ရောက်​တိုက်​ခိုက်​ခဲ့ခြင်း​ကြောင့်​ လုံခြုံ​ရေးရဲတပ်​ဖွဲ့ဝင်​​တွေသာမက ​ဒေသခံအပြစ်​မဲ့ပြည်​သူ​တွေပါ ထိခိုက်​​သေဆုံး ဒဏ်​ရာရရှိမှုများဖြစ်​​ပေါ်ခဲ့ပါသည်​။ယခုထုတ်​ပြန်​​ကြေညာချက်​ ထုတ်​ပြန်သည့်​အချိန်​အထိလည်း ပစ်​ခတ်တိုက်​ခိုက်​မှု​တွေဖြစ်​​ပေါ်​နေဆဲဖြစ်​ပါသည်​။”လို့ ထုတ်​ပြန်​​ကြေညာထားပါတယ်​။

အခုအချိန်​အခါဟာ ပြည်​​ထောင်​စုဖွားတိုင်းရင်းသား ​တွေအားလုံးက ခိုင်​မာတဲ့ စိတ်ဓာတ်​၊ ညီညွတ်​တဲ့ နှလုံးသား​တွေနဲ့ ပြည်​​ထောင်​စုကြီး​အောင်​မြင်​​စေဖို့ ဝိုင်း​ဝန်း​ဆောင်​ရွက်​ကြဖို့ အ​ရေးကြီးလှပါတယ်​လို့လည်း ​ရေးသားထားပါတယ်​။

သည်​က​နေ့နံနက် ၂ နာရီခန့်က
လောက်ကိုင်မြို့ မှာ ပစ်​ခတ်​တိုက်​​ခိုက်​မှု​တွေဖြစ်​​ပေါ်ခဲ့ပြီး ယာဉ်ထိန်းရဲ၅ဦး၊ ပြည်သူ ၅ ဦးသေဆုံးခဲ့ပြီး ယာဉ်ထိန်းရဲ ၄ ဦးကိုဓါးစာခံအဖြစ်နဲ့ ဖမ်းဆီးခေါ်ဆောင်​ခြင်းခံထားရတယ်​လို့ နိုင်ငံတော် အတိုင်ပင်ခံရုံးက သည်ကနေ့ထုတ်ပြန်ထားပါတယ်​။

MNDAA လက်နက်ကိုင်တပ်ဖွဲ့များမှရဲဝတ်စုံများ ဝတ်ဆင်အယောင်ဆောင်ကာ လောက်ကိုင်မြို့ ရန်လုံကျိုင်းရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

လက်ရှိကိုးကန့်မြို့ ထဲ မှာ ဖြစ်ပွားနေတဲ့ပစ်ခတ်မှုမှာ ကိုးကန့် တပ်ဖွဲ့ MNDAA တဖွဲ့ တည်းနဲ့ တပ်မတော်ကြား ဖြစ်ပွားနေတာဖြစ်တယ်လို့ ပ​လောင်​(တအာင်း) အမျိုးသားလွတ်​​မြောက်​​ရေးတပ်​မ​တော်​မှ ​အ​တွင်း​ရေးမှူး ဗိုလ်မှူးကြီးတာဘုန်းကျော်ကပြောပါတယ်။

ကိုးကန့် ဒေသအနီးတ၀ိုက်ကတိုက်ပွဲတွေမှာတော့ မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစုတွေပူးပေါင်းပါဝင်တယ်လို့ ပြောပါတယ်။

၂၀၁၄ခုနှစ်ဖေဖော်ဝါရီလက တပ်မတော်နဲ့MNDAA တို့ တိုက်ပွဲများဖြစ်ပွားခဲ့ချိန်က အရပ်သား တရာကျော်သေဆုံးပြီး ကိုးကန့်ပြည်သူ သုံးထောင်ကျော်ခန့် တရုတ်နိုင်ငံဘက်ကိုထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

လက်ရှိအချိန်ထိ ကိုးကန့်တပ်ဖွဲ့မှ ဒီကနေ့ ဝင်ရောက်တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်​ကြေညာပြောဆိုတာ​တွေမရှိ​သေးပါဘူး။

ချမ်းသာ

Kumudra

No comments:

Post a Comment