Latest News

Friday, March 17, 2017

ရတနာ နှင်းဆီအိမ်ရာ ၇၅ ရာခိုင်နှုန်းအထိ ရောင်းချပြီးစီး

ရတနာ နှင်းဆီအိမ်ရာ ၇၅ ရာခိုင်နှုန်းအထိ ရောင်းချပြီးစီး

လက်ငင်းငွေပေးချေစနစ်နဲ့ ၀ယ်ယူတဲ့သူတွေကိုတော့ အခန်းတန်ဖိုးရဲ့ ငါးရာခိုင်နှုန်းအထိ ဈေးလျှော့ပေးမှာ ဖြစ်ပါတယ်။

ရန်ကုန်၊ မတ် ၁၄ - နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဖွင့်လှစ်ပေးခဲ့တဲ့ ရတနာနှင်းဆီအိမ်ရာကို ၇၅ ရာခိုင်နှုန်းအထိရောင်းချပြီး စီးနေပြီလို့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက အင်ဂျင်နီယာမှူးကြီး (မြို့ပြအခြေခံအဆောက်အအုံစီမံကိန်း)က ဒေါ်စန်းစန်းအေးက ပြောပါတယ်။

ဒဂုံဆိပ်ကမ်းမြို့နယ် ရတနာ ဧရာဝဏ် အိမ်ရာစီမံကိန်းတစ်ခုလုံးရဲ့ ပထမဆုံး ဖွင့်လှစ်တဲ့ အစိတ်အပိုင်းဖြစ်တဲ့ ရတနာနှင်းဆီအဆင့်မြင့်အိမ်ရာ စီမံကိန်းကို ဘဏ်ချေးငွေနဲ့ အရစ်ကျစနစ်နှစ်မျိုးနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ၂၄ ရက်နေ့က စတင်ဖွင့်လှစ်ရောင်းချခဲ့တာဖြစ်ပါတယ်။ သည်အိမ်ရာ စီမံကိန်းက နှစ်လကျော်ကာလအတွင်းရောင်းချတဲ့ အခန်းစုစုပေါင်းရဲ့ ၇၅ ရာခိုင်နှုန်းအထိ ရာင်းချနိုင်ခဲ့တာ ဖြစ်ပါတယ်။
ရတနာနှင်းဆီ အဆင့်မြင့်အိမ်ရာစီမံကိန်းက မြေဧက ၁၈ ဧက ပေါ်မှာ တည်ဆောက်ထားပြီး ၁၈ ထပ်အဆောက်အအုံ ၁၂ လုံးတည်ဆောက်ထား တာဖြစ်ပါတယ်။ ၁၈ ထပ်တိုက်နှစ်လုံးကို စတင်ရောင်းချခဲ့တာဖြစ်ပြီး စုစုပေါင်း အိမ်ခန်း ၄၀၈ ခန်းရောင်းချပြီးစီးနေပြီလို့ သိရပါတယ်။

ရတနာနှင်းဆီအိမ်ရာကို မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနနဲ့ ရွှေတောင် ကုမ္မဏီတို့ အကျိုးတူတည်ဆောက်တာဖြစ်ပြီး အစိုးရသစ်မှတည်ဆောက်တဲ့ ပထမဆုံးအဆင့်မြင့်အိမ်ရာစီမံကိန်း ဖြစ်ပြီး အခန်းတစ်ခန်းကို သိန်း ၆၀ဝ မှ ၁၂၀ဝ အထိတန်ဖိုးရှိပါတယ်။

သည်အိမ်ရာကို ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေး (CHDB)ဘဏ်မှာ စုဆောင်းငွေထားရှိပြီး ရှစ်နှစ်၊ ၁၀ နှစ်၊  ၁၂ နှစ်၊ ၁၅ နှစ် အရစ်ကျစနစ်နဲ့ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ ဘဏ်စုဆောင်းငွေ အရစ်ကျစနစ်နဲ့ဝယ်ယူဖို့ အတွက် ဆာက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေး (CHDB)ဘဏ်မှာ အိမ်ခန်းတန်ဖိုးရဲ့ ၃၀ ရာခိုင်နှုန်း စုဆောင်းငွေထားရှိရမှာဖြစ်ပြီး လစဉ်အရစ်ကျစနစ်နဲ့ အခန်းတန်ဖိုး ကိုအချိုးကျပေးရမှာဖြစ်ပါတယ်။ နှစ်ရှည်အရစ်ကျစနစ်အတွက် တစ်နှစ်ကို၁၁ ရာခိုင်နှုန်းဘဏ်ကို အတိုးနှုန်းပေးရမှာဖြစ်ပါတယ်။ ကနဦး အိမ်ခန်းတန်ဖိုး ၃၀ ရာခိုင်နှုန်းပေးသွင်းပြီးတာနဲ့ အိုး/အိမ် ဌာန၊ ဘဏ်နဲ့ ဝယ်ယူတဲ့သူတို့ စာချုပ်ချုပ်ဆိုပြီး နေထိုင်ခွင့်ပြုမှာဖြစ်ပါတယ်။

ကြိုတင်ငွေစုပုံစံနဲ့ဝယ်ယူတဲ့ သူတွေက ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေး (CHDB)ဘဏ်မှာ ကျပ်သိန်း ၁၂၀ တစ်ခါတည်း ပေးသွင်းရမှာဖြစ်ပြီး ကျန်ရှိတဲ့အခန်းတန်ဖိုးကိုတစ် နှစ်အရစ်ကျဆပ်တဲ့ပုံစံနဲ့ ဝယ်ယူရမှာဖြစ်ပါတယ်။ အခန်းတန်ဖိုးကျေတာနဲ့ နေထိုင်ခွင့်ပြုမှာဖြစ်ပါတယ်။

လက်ငင်းငွေပေးချေစနစ်နဲ့ ဝယ်ယူတဲ့သူတွေကိုတော့ အခန်းတန်ဖိုးရဲ့ငါး ရာခိုင်နှုန်းအထိဈေးလျှော့ပေးမှာ ဖြစ်ပါတယ်။ လက်ရှိအိမ်ရာတည်ဆောက်ရေး က ၁၀ဝ ရာခိုင်နှုန်းပြီးစီးနေပြီး လာမယ့် ၂၀၁၇ ခုနှစ် မတ်လမှာ အိမ်ခန်းတွေ အပ်မှ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၄ ရက်နေ့က ကျင်းပတဲ့ ဒဂုံဆိပ်ကမ်းမြို့နယ် ရတနာ ဧရာဝဏ် အိမ်ရာစီမံကိန်းရဲ့ ပထမဆုံးဖွင့်လှစ်တဲ့ အစိတ်အပိုင်းဖြစ်တဲ့ ရတနနှင်းဆီ အဆင့်မြင့်အိမ်ရာစီမံကိန်းဖွင့်ပွဲမှာ မိန့်ခွန်းပြောကြားဖွင့်လှစ် ပေးခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အိမ်ရာ စီမံကိန်းတွေနဲ့ ပတ်သက်ပြီး တန်ဖိုးသုံးခုဖြစ်တဲ့ လုံခြုံရေး၊ အသုံးပြုသူတွေ အတွက် လိုအပ်ချက်နဲ့ပတ်ဝန်းကျင်နဲ့သင့်တော်တဲ့စီမံကိန်းတွေဖြစ်တယ်လို့ အကြံပြုစကား ပြောကြားခဲ့ပါတယ်။

ပို့ပို့မြင့်မွန်( Kumudra )


No comments:

Post a Comment