Latest News

Wednesday, March 8, 2017

လောက်ကိုင်နယ်စပ် တရုတ်ဘက်ခြမ်း လက်နက်ကြီးကျ၊ ၁ ဦးဒဏ်ရာရ

လောက်ကိုင်နယ်စပ် တရုတ်ဘက်ခြမ်း လက်နက်ကြီးကျ၊ ၁ ဦးဒဏ်ရာရ



ဒီနေ့ နေလယ် ၁ နာရီလောက်က လောက်ကိုင်မြို့ တဘက်နယ်စပ်ရှိ တရုတ်နိုင်ငံ နန်းဆန်မြို့ထဲကို လက်နက်ကြီး ကျတဲ့အတွက် စစ်ဘေးရှောင် ၁ ဦးကို ဒဏ်ရာရှိခဲ့ပါတယ်။

ဒဏ်ရာရှိတဲ့စစ်ဘေးရှောင်ဟာ မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့က မောင်တင်သန်းဌေး ဖြစ်တယ်လို့ တရုတ်ပြည်ဘက်ရှိ ဒေသခံတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ် ၆ ရက် မနက်က MNDAA လက်နက်ကိုင်အဖွဲ့က လောက်ကိုင်မြို့တွင်းကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ဝင်ရောက်ပစ်ခတ်တာကြောင့် ယာဉ်ထိန်း ရဲ ၅ ဦး၊ ပြည်သူ ၅ ဦး သေဆုံးပြီး ရဲစခန်း၊ ဟိုတယ်၊ လူနေအိမ်နဲ့ မော်တော်ကားတွေ မီးလောင်ပျက်စီးခဲ့ရပါတယ်။

သတင်း  နိုင်နိုင်

DVB

No comments:

Post a Comment