Latest News

Wednesday, March 22, 2017

အကယ်ဒမီ ဆုပေးပွဲ အခမ်းအနားကြီး အောင်အောင်မြင်မြင် ပြီးဆုံးသည့်တိုင် အဓိက စပွန်ဆာပေးခဲ့သော Bella Cosmetic ၏ ပဲ့ကိုင်ရှင် မလေး မဝေသစ်လွင်




မနေ့က အကယ်ဒမီ ဆုပေးပွဲမှာ Celebrity တွေက ရွှေတဘက်တွေ၊ သိန်းရာထောင်ချီ ပွဲတတ်ဝတ်စုံတွေ ဆင်မြန်းပြီး ပွဲတတ်လာကြပေမင့် တကယ့် တကယ်တမ်း ထူးထူးခြားခြား အမျိုးသမီလေး တစ်ယောက်ကို စိတ်ဝင်စားမိသည်။ သူကတော့ တစ်ခြားသူ မဟုတ် အကယ်ဒမီ ဆုပေးပွဲ အခမ်းအနားကြီး အောင်အောင်မြင်မြင် ပြီးဆုံးသည့်တိုင် အဓိက စပွန်ဆာပေးခဲ့သော Bella Cosmetic ၏ ပဲ့ကိုင်ရှင် မလေး မဝေသစ်လွင်ပဲ ဖြစ်ပါတယ်။

သူ့ကို ကြည့်လိုက်ရင် သာမာန်အဝတ်အစား လေးနဲ့ နေကာမျက်မှန်လေးတပ်ပြီး သာမာန် တောက်တိုမရ အလုပ်လေးတွေကကို အသေးစိတ်ကအစ ဆောင်ရွက်တတ်ပေမင့် သူ့ အရည်အချင်း ကြိုးစားမူတွေကတော့ အံ့မခန်းပါပဲ။ မဝေသစ်လွင်ဟာ ဦးနှောက်နှင့် အာရုံကြော အထူးကု ဆရာဝန်ကြီး ဒေါက်တာဝင်းမင်းသစ်၏ သမီး တစ်ယောက် ဖြစ်သလို ဖခင်ကတော့ ယခင်က သစ်တောဌာနက အကြီးအကဲ တစ်ဦးဖြစ်ခဲ့ပြီး နောက်ပိုင်းမှာတော့ Sony ကဲ့သို့သော Electronic ပစ္စည်း တွေကို ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံသို့ အစောဆုံး တင်သွင်းခဲ့သူတွေထဲမှာ ပါဝင်ခဲ့ပါတယ်။

မဝေသစ်လွင်ဟာ Bella Cosmtic သာမကပဲ။ တစ်ခြားသော ဝိတိုရိယဆေးရုံ လုပ်ငန်းများကို လုပ်ကိုင်ခဲ့ပြီး ရန်ကုန်မြို့၏ နေရာ အနှံ့အပြားမှ ABC Conveneice စတိုးဆိုင်များ နှင့် Sony Electric Showroom အများစုကိုလည်း ပိုင်ဆိုင်သူ တစ်ဦးဖြစ်ပါတယ်။   ။
သိသမျှ ဝေမျှပါတယ်…                 မောင်ကရုဏာ



No comments:

Post a Comment