Latest News

Friday, March 24, 2017

Aircon bus ပေါ်က တွေ့ရှိလိုက်တဲ့ ဘုန်းကြီးအတုတစ်ပါး


ဒီနေ့ နေ့လည် နံပါတ် ၂၃ Aircon bus ပေါ်မှာကြုံခဲ့ တာပါ။ကားပေါ်ကထိုင်နေတဲ့ခရီးသည်တွေကို ဦးဇင်း တစ်ပါး စာအိပ်တွေ လိုက်ဝေပါတယ်။

ဦးဇင်းကိုသေချာ ကြည့်လိုက်တော့ ခေါင်းကိုလုံအောင်ခြုံထာပြီး လက်မောင်း လက်ဖျံ ကျော ခါးနဲ့ ခြသလုံးတွေမှာပါ တက်တူးတွေအပြည့်နဲ့။ ကျနော်ကမသင်္ကာလို့ ဓါတ်ပုံတွေရိုက်ပါတယ်။ သူလည်း ကျနော် ဓါတ်ပုံရိုက်တာရိပ်မိပုံပါပဲ။ ပြီးတော့ ဝေထားတဲ့စာအိပ်တွေကို ပြန်သိမ်းတယ်။အလှူခံတဲ့ ပုံတစ်မျိုးပေါ့။

ပြီးတော့ရပ်တဲ့မှတ်တိုင်တွေမှာ မဆင်းသေးပဲ ထိုင်နေတဲ့ ကျနော့်ရှေ့မှာ ရပ်နေတယ်။ မတ်တတ်ခရီး သည်ဆိုလို့ ရှေ့ပေါက်နားမှာ နှစ်ယောက်ပဲရှိပါတယ်။ ကျနော်သူ့ကိုဓါတ်ပုံရိုက်တာကို မကျေနပ်လို့ တစ်ခုခု ပြောမလား လို့။ နတ်စင်လမ်းရောက်တော့ ကားပေါ်က ဆင်းသွားပါတယ်။

သူဆင်းသွားမှခရီးသည်တွေ တစ်ယောက်တစ် ပေါက်ဝေဖန်ကြတယ်။

…ခင်ဗျားဓါတ်ပုံရိုက်တာသူသိတယ်……ခေါင်းပေါ်ကသင်္ကန်းဖယ်လိုက်ရင် ဆံပင်တွေရှိလိမ့် မယ် သေချာတယ်…… ပုံစံက အလှူခံတာနဲ့မတူဘူး ဘုဆတ်ဆတ်နဲ့……ဘာသာခြားတွေမြင်ရင်ဘာပြောမလဲ ရှက်စရာပဲ… စသည် စသည်ဖြင့်ပေါ့ဗျာ။

ကျနော်ကတော့ ဘာမှမသေချာလို့ ဘာမှပြောရဲပါ။ ဒီလိုကိစ္စတွေကို သက်ဆိုင်ရာ တာဝန်ရှိသူများ သိပါစေ မြင်ပါစေ ကြားပါစေ နိုင်နိုင် နင်းနင်း ဖြေရှင်နိုင်ကြပါစေ လို့သာ။ (ရိုးရိုးလူတွေ ဒီလိုကိစ္စမျိုးဝင်ပါမိလို့ အဆင်မသင့် ရင် ”သာသ နာညှိုးနွမ်းစေမှု” ပုဒ်မနဲ့ငြိမှ ဒုက္ခ။)

Credit:Zaw Ji



No comments:

Post a Comment