Latest News

Tuesday, March 14, 2017

မျက်ရည်မိုး တွေ စွေရွာခဲ့တဲ့ ပြန်ပေးဆွဲ ခံရသူ တစ်ယောက် ရဲ့ (21)နှစ်ကြာ အိမ်ပြန်ခရီး

မျက်ရည်မိုး တွေ စွေရွာခဲ့တဲ့ ပြန်ပေးဆွဲ ခံရသူ တစ်ယောက် ရဲ့

(21)နှစ်ကြာ အိမ်ပြန်ခရီး


မိဘ ဆွေမျိုးသားချင်း တွေနဲ့ တစ်နှစ်,နှစ်နှစ် ကြာတာတောင်မှ အတိုင်းအဆမရှိ လွမ်းကြတယ်ဆိုရင် ဒီအမျိုးသားရဲ့ ဘ၀ကိုတော့ စာနာ နားလည်နိုင်ကြမယ် ထင်ပါတယ်။ သူဟာ လွန်ခဲ့တဲ့ 21 နှစ်က ပြန်ပေးဆွဲခံခဲ့ရပြီးနောက် မိဘတွေဆီကို ပြန်ရောက်ခဲ့ရသူ ဖြစ်ပါတယ်။ သူ့နာမည် ကတော့ Ren Yuan ဖြစ်ပါတယ်။အသက်က 24 နှစ်သာ ရှိသေးတာမို့ Ren ဟာ အသက် 3 နှစ်အရွယ်ကတည်းက ပြန်ပေးဆွဲခံခဲ့ရတာလို့ မှတ်ယူလို့ ရပါတယ်။ အသက် 3 နှစ်ဆိုတာ မိဘရဲ့ထိန်းကျောင်းမှုေ အောက်မှာ အပြည့်အ၀ ရှိနေသင့်သေးတဲ့အချိန်ပါ။ ဒါပေမယ့် Ren ဟာ မသမာသူလူယုတ်မာတွေရဲ့ ခိုးယူခြင်းကို ခံခဲ့ရပါတယ်။ ဒီအရွယ်ရောက် တဲ့အထိ ဘ၀ကို ခက်ခဲပင်ပန်း စွာ ရင်ဆိုင်ခဲ့ရပါတယ်။သူဟာ 1996 ခုနှစ်မှာ အိမ်အပြင် မှာ ဆော့ကစား နေစဉ် ပြန်ပေးဆွဲ ခံခဲ့ရပြီး၊ သူရဲ့ မူလဇာတိကတော့ တရုတ်နိုင်ငံ အလယ်ပိုင်း၊ ဟူပေပြည်နည်၊ ကျန်ဒီအန်မြို့ ဖြစ်ပါတယ်။ သူဟာ မိသားစုတစ်စုရဲ့ မွေးစားခြင်းခံခဲ့ရပေမယ့် အသက်အ ရွယ် ရလာတာနဲ့အမျှ အဲဒီလူတွေဟာ သူ့မိဘတွေ မဟုတ်ဖူးဆိုတာကို အဖွားတစ်ယောက်ရဲ့ စကားနဲ့ သိခဲ့ရပါတယ်။သူဟာ 1996 ခုနှစ်မှာ အိမ်အပြင်မှာ ဆော့ကစားနေစဉ် ပြန်ပေးဆွဲခံခဲ့ရပြီး၊ သူရဲ့ မူလဇာတိကတော့ တရုတ်နိုင်ငံ အလယ်ပိုင်း၊ ဟူပေပြည်နည်၊ ကျန်ဒီအန်မြို့ ဖြစ်ပါတယ်။ သူဟာ မိသားစုတစ်စုရဲ့ မွေးစားခြင်းခံခဲ့ရပေမယ့် အသက်အ ရွယ် ရလာတာနဲ့အမျှ အဲဒီလူတွေဟာ သူ့မိဘတွေ မဟုတ်ဖူးဆိုတာကို အဖွားတစ်ယောက်ရဲ့ စကားနဲ့ သိခဲ့ရပါတယ်။အဲဒီနောက် သူ့မိဘတွေကို ရှာဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမယ့် အသက် 12 အရွယ်ကတည်းက မွေးစားမိဘတွေရဲ့ စားသောက်ဆိုင် မှာ မနားမနေ စားပွဲထိုး လုပ်ခဲ့ရလို့ ရှာဖွေမှုဟာ ခရီးမရောက်ခဲ့ပါဘူး။ အဲဒီနောက် အဖွားတစ်ယောက်ဆီကို ရောင်းချခံ ခဲ့ရပါတယ်။ အဖွားက သဘောကောင်း သူမို့ သူ့အတိတ်ကို ပြန်လည် တူးဖော်ခွင့် ပေးခဲ့ပါတယ်။Ren ဟာ 2010 ခုနှစ်မှာ မိဘပျောက် ရှာပုံတော်ဖွင့်ဖို့ သူရဲ့ DNA ကို ဟူပေမြို့နယ်၊ ဟူဟန်မြို့က ရဲစခန်းကို ပို့ပေးခဲ့ပါတယ်။ 2016 ခုနှစ် ဒီဇင်ဘာမှာ သက်ဆိုင်ရာတာဝန်ရှိသူတွေဟာ Ren ရဲ့ DNA နဲ့ တိုက်ဆိုင်နေတဲ့ Ren Dongsheng မိသားစုရဲ့ DNA ကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ သူတို့လင်မယားကတော့ ဟူပေပြည်နယ်၊ ကျန်ဒီအန်
မှာ နေထိုင်ဆဲ ပါဘဲ။အဲဒီနောက် တာဝန်ရှိသူတွေရဲ့ စီစဉ်ပေးမှုနဲ့ Ren ဟာ 21 နှစ်ကြာ ဝေးကွာခဲ့ရတဲ့ မိခင်ရင်ခွင်ကို ပြန်လည်ခိုဝင်နိုင်ခဲ့ပါတယ်။ လာကြိုကြတဲ့ အဖေနဲ့အမေသာမက ဘေးကနေ လာရောက်သတင်းယူကြတဲ့ သတင်းထောက် တွေ၊ ပရိသတ်တွေ၊ ဆွေမျိုးသားချင်း တွေကို ၀မ်းသာကြည်နူးမှု မျက်ရည်တွေနဲ့ ပြည့်သွားစေခဲ့ပါတယ်။ မိဘရင်ခွင်ဟာ ဘယ်အချိန်ပြန်ပြန် သင့် ကို အေးမြနေစေပါလိမ့်မယ်။

Credit:Shwemom

No comments:

Post a Comment