ရှစ်တန်းကျောင်းသူနဲ့ ချစ်ကြိုက်ကျူးလွန်တဲ့ ကျောင်းဆရာ ကို အမှုဖွင့်
ပြင်ဦးလွင်မြို့နယ်၊ လက်ပံကုန်းကျေးရွာမှာ ရှစ်တန်းကျောင်းသူနဲ့ ချစ်ကြိုက်ကျူးလွန်တဲ့ ကျောင်းဆရာ ကို ပြင်ဦးလွင်မြို့နယ် ပြင်စာရဲစခန်းတွင် ဖေဖော်ဝါရီလ ၂၁ ရက်နေ့က အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ အမှုဖွင့်ခံရတဲ့ အဆိုပါကျောင်းဆရာက အသက် ၂၈ နှစ်ပဲရှိသေးပြီး ရှစ်တန်းကျောင်းသူက အသက် ၁၄ နဲ့ ၉ လပဲ ရှိသေးတာဖြစ်ပါတယ်။
အဆိုပါကျောင်းဆရာနဲ့ ကျောင်းသူတို့က ချစ်ကြိုက်ပြီး ချိန်းတွေနေတာကို ကျေးရွာထဲမှာပြောနေကြတာကိုသိရလို့ ကျေးရွာအုပ်ချုပ်ရေးမှူးက ကျောင်းသူရဲ့ မိဘတွေကို ဖေဖော်ဝါရီလ ၁၃ ရက်က သွားရောက်တိုင်ကြားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီကျောင်းသူရဲ့ မိခင်က သမီးဖြစ်သူကို မေးမြန်းခဲ့ရာမှာ ၂၀၁၆ ခုနှစ် စက်တင်ဘာလကနေစပြီး ကျောင်းမှာ ညပိုင်းအချိန်ပို ကျူရှင်သင်ကြားပေးနေတဲ့ ကျောင်းဆရာနဲ့ ချစ်ကြိုက်နေတာက မှန်ကန်ပြီး ညပိုင်း မိဘတွေ အိပ်ပျော်နေတုန်းမှာ နေအိမ်နဲ့ မနီးမဝေး လူမနေတဲ့ခြံမှာ ခုနစ်ကြိမ်တွေ့ဆုံခဲ့ရာမှာ ကျောင်းဆရာက သားမယားအဖြစ် ငါးကြိမ်ပြုကျင့်ခဲ့ကြောင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သတ်ပြီး မိခင်ဖြစ်သူက ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ ပြင်စာရဲစခန်းကို တိုင်တန်းခဲ့တာကြောင့် ကျောင်းဆရာကို (ပ)၂၈/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ အရ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကလည်း မြောင်းမြမြို့နယ် က၀က်ကျေးရွာ အထက်တန်းကျောင်းအုပ်ဆရာကြီးကို ကျောင်းသားတွေကို လိင်ပိုင်းဆိုင်ရာကျူးလွန်မှုနဲ့ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
Source : Myanmar Time: Duwun
Subscribe to:
Post Comments (Atom)
No comments:
Post a Comment