Latest News

Wednesday, February 8, 2017

ကျုံပျော်မြို့ ဗိုလ်ချုပ်ကြေးရုပ် ဖွင့်ပွဲအထိမ်း အမှတ်

ကျုံပျော်မြို့ ဗိုလ်ချုပ်ကြေးရုပ် ဖွင့်ပွဲအထိမ်း အမှတ်

ဖော်ဖ၀ါရီလ ၈ ရက် ၂၀၁၇ ခုနှစ်



ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့ ဗိုလ်ချုပ်ကြေးရုပ်ဖွင့်ပွဲ ကို
ဖော်ဖ၀ါရီလ  ၁၃ ရက်နေ့ ဗိုလ်ချုပ်မွေးနေ့ မှာ ဖွင့်လှစ်သွား မှာ
ဖြစ်ပါသည်။ဖွင့်ပွဲအခမ်းသို့ လာရောက်မည့် မိဘ ပြည်သူများအား မုန့်ဟင်းခါး အဟာရဒါန စတုဒိသာဖြင့် ဧည့်ခံကျွေးမွေးမည် ဖြစ်ပါသည်။


ကျုံပျော်မြို့ ဗိုလ်ချုပ်ကြေးရုပ် ဖွင့်ပွဲအထိမ်း အမှတ် ဧည့်ခံဖျော်ဖြေရေးအနေဖြင့် ဖော်ဖ၀ါရီလ ၁၀ ရက်နေ့ညတွင် စာပေဟောပြောမည့် ဆရာ/မ များမှာ ဆရာဋ္ဌေးကြည် (စလင်း)ဆရာနိုင်မြန်မာ နှင့် ဆရာမခင်သန္တာ တိုမှ ဗိုလ်ချုပ်နဲ့ပတ်သတ်သော သိမှတ် ဖွယ်ရာ ဗဟာသုတ များကို ဟောပြောသွားမှာ ဖြစ်ပါတယ်။




ကြေးရုပ်ဖွင့်ပွဲ ဧည့်ခံဖျော်ဖြေရေး အစိအစဉ်အဖြစ် ဖော်ဖ၀ါရီလ ၁၃ ရက် ည ကျုံပျော်မြို့ ပြည်သူ့အားကစားကွင်းတွင် တေးသံရှင် မနော (ဗိုလ်အောင်ဒင်)တေးသံရှင် မောင်ဂဋ္ဌုန် (ချစ်လို့) နှင့် တေးသံရှင် ကိုလတ် (ကျုံပျော်သား) တို့မှ အခမဲ့ဖျော်ဖြေ ပေးသွားမည်ဖြစ်ပါသည်။

ဖျော်ဖြေရေး အစိအစဉ် ဖြစ်မြောက်ရေးအတွက် ဦးဝင်းမောင် (ဗာဂို)မြန်မာဘီယာစားသောက်ဆိုင် မိသားစုမှ အဓိက ပံ့ပိုးကူညီသည်။

ကျုံပျော်မြို့သူ/သားများ အနေဖြင့် နိုင်ငံကြီးသား ပီသစွာ စည်းကမ်းရှိစွာ အားပေးရန်အထူးမေတ္တာ ရပ်ခံအပ်ပါသည်။

အများပြည်သူများ စိတ်အနှောက်အယှက် ဖြစ်စေမည့် ဗြောက်အိုးများဖောက်ခြင်း၊ မီးရှုးမီးပန်းများ ပစ်လွတ်ဖောက်ခြင်း၊ မြို့၏ သန့်ရှင်းသာယာလှပမှုများကို ဖျက်စီးခြင်း၊ လမ်းမကြီးများဘေးတွင် အုပ်စုဖွဲ့၍ အရက်သေစာများ သောက်စားမူးယစ်ခြင်း၊ ဒုတ်၊ဓား လက်နက်များ ကိုင်ဆောင်ခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်းနှင့် အဖျက်အမှောက် လုပ်ငန်းများ ပြုလုပ် လုပ်ကိုင်လာပါက တရားဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြိုတင် အသိပေးအပ်ပါသည်။

အဆိုပါ အသိပေးချက်များအပေါ် လေးစားလိုက်နာမှုမရှိဘဲ အများပြည်သူ စိတ်အနှောက်အယှက်စေအောင် ပြုလုပ်လာပါက ဖမ်းဆီးအရေးယူမည် ဖြစ်ကြောင်း ကျုံပျော်မြို့ မြို့မစခန်းမှုး ထံ မှသိရှိရပါသည်။

No comments:

Post a Comment