ကလေးတွေအတွက် စိတ်မဖြောင့်လို့ အနုပညာအလုပ် လျှော့လုပ်
သွားမယ့်အိန္ဒြာကျော်ဇင်
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ – ကလေးတွေစိတ်နဲ့ အနုပညာလုပ်ရတာ စိတ်မဖြောင့်လို့ ရှေ့ လျှောက် အနုပညာအလုပ်တွေ လျှော့လုပ်သွားဖြစ်မယ်လို့ အကယ်ဒမီ အိန္ဒြာကျော်ဇင်က ဆိုပါတယ်။
‘ကလေးတွေက အခုဆို အကြီးမလေးက ငါးနှစ်ကျော်ပြီ၊ အငယ်လေးကတော့ တစ်နှစ်နဲ့ ရှစ်လဆိုတော့ အကြီးမလေး ကတော့ ကျောင်းတက်နေပြီ၊ KG ပေါ့၊ အကြီးလေးကို ကျောင်းကိစ္စနဲ့ ပတ်သက် ပြီး လုပ်ပေးနေရပြီ၊ နည်းနည်းလှုပ်ရှားရတာတွေ များလာပြီ၊ အရင်တုန်းက ကျောင်းမတက်ရသေးတော့ အဲဒါတွေ မရှိသေးဘူးလေ၊ အခုကတော့ ကားရိုက်လို့ ရှုတင်နဲ့ တိုက်နေရင် ကျောင်းကိစ္စတွေလွတ်သွားတာမျိုး ရှိတယ်၊ အဲဒါတွေကို အတတ်နိုင်ဆုံး နှစ်ဖက်လုံးကို ညီမျှအောင် ကြိုးစားပြီးနေသွားရတယ်လို့အိန္ဒြာကျော် ဇင်က ပြောပါတယ်။
အနုပညာရှင်တစ်ယောက်ဖြစ်ပေမဲ့ အိမ်ထောင်ရှင်ဖြစ်သွားလို့ သားသမီးတွေ ရလာတဲ့အခါမှာတော့ အနုပညာအလုပ်ကို စိတ်ဖြောင့်ဖြောင့် မလုပ်နိုင်တော့ဘူးလို့လည်း ဆိုပါတယ်။
“အိမ်မှာ အစ်မရဲ့ အမေရှိနေတော့ စိတ်မချစရာအကြောင်းတော့ မရှိပါဘူး၊ ဒါပေမဲ့ကလေးစိတ်နဲ့အနုပညာလုပ်ရ တာ စိတ်မဖြောင့်ဘူး၊ အနုပညာထဲမှာ အရင်လို စိတ်ကိုလုံးလုံးလျားလျားကြီး ထည့်လိုက်ဖို့ကမရဘူးဖြစ်နေတာပေါ့နော်၊ အိမ် မှာ ငါ့ကလေးလေးတွေ ဘာတွေလုပ်နေလဲ၊သတိတရနဲ့ အဲဒီလိုမျိုးလေး စိတ်က ဖြစ်နေတယ်၊ ဒါကလဲ အလုပ်လုပ်တဲ့ မိခင်တိုင်းဖြစ်ကြမှာပါပဲ၊ ဒါကြောင့် ဇာတ်ကားရိုက်ကူးမှုတွေကို တစ်လတစ်ကား သာ လက်ခံထားပြီး ကျန်တဲ့အချိန်တွေကို သားသမီးတွေအတွက် အချိန်ပေးဖြစ်တယ်”လို့ ပြောပါတယ်။
လတ်တလောမှာတော့ အကယ်ဒမီ အိန္ဒြာကျော်ဇင်က သုဒြာ ရုပ်ရှင်ထုတ်လုပ်ရေးအတွက်လည်း ဇာတ်ကားတွေ စီစဉ်ပေးနေပြီး ကိုယ်တိုင်လည်း လေဒီရိန်းဂျား ဇာတ်ကားမှာ ပါဝင်ရိုက်ကူးထားတယ်လို့ သိရပါတယ်။
ခတ္တာဖြူ
Kumudra
Subscribe to:
Post Comments (Atom)
No comments:
Post a Comment