Latest News

Friday, February 10, 2017

အရေပြားဖောက် သံချိတ်ပြီးလေထဲ တွဲလောင်းရတာကို နှစ်သက်တဲ့အမျိုးသမီး


အမေရိကန်နိုင်ငံက ချီကာဂိုမှာ နေထိုင်တဲ့ အသက် ၂၄ နှစ်အရွယ် ဆာမန်သာ ခရက်ဝဲလ် ဟာ အခြားသူတွေနဲ့ မတူဘဲ အရေပြားဖောက် သံချိတ် နဲ့ လေထဲမှာတွဲလောင်း ချရတာကို နှစ်သက်တယ်လို့ ဆိုပါတယ်။
ဆာမန်သာ ဟာ တက္ကသိုလ်ကနေ မေဂျာက လူသေကောင်ကို လေ့လာရတဲ့ဘာသာရပ်ဖြစ်ပြီး ခန္ဓာကိုယ်တွဲလောင်းချ တဲ့ ရုပ်ရှင်ကို ကြည့်ပြီးချိန်မှာ အရေပြားဖောက်သံချိတ်နဲ့ လေထဲတွဲလောင်းနေရတာကို လုပ်ချင်နေခဲ့တာဖြစ်ပါတယ်။

သူမ ဟာနောက်ပိုင်းမှာ အရေပြားဖောက် သံချိတ်ပြီး လေထဲ တွဲလောင်းနေရမှု အပေါ်မနာကျင်သလိုခံစားလာရတယ်လို့ ပြောပါတယ်။
 သူမဟာ  အသက် ၁၃  နှစ်အရွယ်လောက်ကတည်းက ခန္ဓာကိုယ်ကို သံချိတ်တွေနဲ့ဖောက်ပြီး လေမှာတွဲလောင်းခိုတဲ့ ဗွီဒီယိုကိုကြည့်ကာ ဒီလုပ်ဆောင်မှုကို စိတ်ဝင်တစား ရှိခဲ့ပါတယ်။

အခုအခါမှာတော့ သူမဟာ ခန္ဓာကိုယ်အရေပြားကို ဖောက်ပြီး သံချိတ်ဆွဲတွဲလောင်းခိုခြင်းကို ၃၅ကြိမ်ထက်မနည်း ပြုလုပ်နိုင်ခဲ့ပြီလို့ သိရပါတယ်။
ref vn
ဇက်အမ်အို(တိုင်းဧရာ) ဘာသာပြန်သည်

No comments:

Post a Comment