Latest News

Friday, February 10, 2017

လူတွေကို ဒွိဟ ဖြစ်စေတဲ့ ရိုနဂူနီ ကျွန်းက ကျောက်တုံးများ


ဂျပန်နိုင်ငံ တောင်ဘက်ပိုင်း ရူကျူကျွန်းစုတွင်ရှိတဲ့  ရိုနဂူနီ ကမ်းခြေမှ ရိုနဂူနီ ကျောက်တုံးများနဲ့ပါတ်သတ်ပြီးအယူအဆအမျိုးမျိုး ဆိုနေကြပါတယ်။ ပေ ၉၀ လောက်မြင့်ပြီး ပေ ၁၃၀ – ၄၉၀ အထိ ကျယ်ဝန်းတဲ့ သဲကျောက်တုံးနဲ့ ရွံသားကျောက်တုံးတွေကို တစ်ချို့ ကလည်း ဂြိုဟ်သားတွေ လာရောက်ပြုလုပ်သွားတယ်ဆို ယူဆနေကြပါတယ် အခုအချိန်အထိ အဲဒီကျောက်တုံးတွေရှိနေတာနဲ့ ပက်သက်ပြီး အတိကျမသိကြပါဘူး။

အဲဒီ ရိုနဂူနီ ကျောက်တုံးတွေကို ၁၉၈၇ ခုနှစ်ကတည်းက တွေ့ရှိခဲ့တာ ဖြစ်ပေမဲ့ ဒီကျောက်တုံးတွေနဲ့ ပါတ်သတ်ပြီး အယူအဆ အမျိုးမျိုးကွဲလွဲနေကြပြီး တစ်ချို့ကတော့ ဒီအရာဟာ သဘာဝအတိုင်းဖြစ်လာတာဖြစ်ပြီး နောက်ပိုင်းမှ လူသားတွေမွန်းမံခဲ့တာ ဖြစ်တယ်လို့ ဆိုကြပါတယ်။အမေရိကန်နိုင်ငံ ဘော်စတွန်တက္ကသိုလ်မှ ဘူမိဗေဒ ပါမောက္ခရောဘတ် ရှို့ကတော့ သဘာဝအတိုင်း ဖြစ်လာတဲ့ ကျောက်တုံးတွေ ဖြစ်တယ်လို့ ယုံကြည်တဲ့ လူတွေထဲကတစ်ယောက် ဖြစ်ပြီး ဂျပန်နိုင်ငံ ရိုနဂူနီ  ကျွန်းစုတွေဟာ ငလျင်အလွန်လှုပ်တဲ့
 ဒေသတွေ ဖြစ်တဲ့အတွက် ငလျင်ဒဏ်ကြောင့် ဖြစ်ပေါ်လာတာ ဖြစ်တယ် လို့ဆိုပါတယ်။
ref vn
ဇက်အမ်အို(တိုင်းဧရာ) ဘာသာပြန်သည်

No comments:

Post a Comment