Latest News

Tuesday, February 14, 2017

အိပ်ရာပေါ်ကနေ ကရိန်းနဲ့ချီပြီး၊ ဆေးရုံကို လေယာဉ်နဲ့ပို့ပေးခဲ့ရတဲ့ အ၀ဆုံးအမျိုးသမီး

အိပ်ရာပေါ်ကနေ ကရိန်းနဲ့ချီပြီး၊ ဆေးရုံကို လေယာဉ်နဲ့ပို့ပေးခဲ့ရတဲ့ အ၀ဆုံးအမျိုးသမီး


Eman Ahmed အမည်ရတဲ့ အသက် 36 နှစ်အရွယ် အမျိုးသမီးဟာ အလွန်ဝဖြိုးလှတဲ့ ခန္ဓာကိုယ်ကြီးကြောင့် အသက်ဒီထက်ပိုပြီး ရှည်ရှည်မနေရဘူးလို့ တွက်ဆခဲ့ပြီး၊ ခွဲစိတ်ကုသမှုခံယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကြောင့် Eman ကို အီဂျစ်နိုင်ငံ Alexandria မြို့နေအိမ်ကနေ ဆေးရုံကို ပို့ဆောင်ရာမှာ အခက်အခဲတွေ အများကြီး ကြုံခဲ့ရပါတယ်။

Eman ဟာ အလေးချိန် 78 စတုံ (1092 ပေါင်) ပေါင်အထိ အလေးချိန်ရှိလို့ လမ်းလည်းမလျှောက်နိုင်တာ ဆယ်စုနှစ်ကျော် ကြာခဲ့ပါပြီ။ ဒါကြောင့် အိပ်ယာခုတင်ထက်မှာ လှဲနေရပြီး၊ ဆေးရုံကို သယ်ဖို့အတွက် အရင်ဦးဆုံးအနေနဲ့ ၀န်ချီစက်ကို အသုံးပြုခဲ့ရပါတယ်။ ၀န်ချီစက်နဲ့ သူမကို အိမ်အပြင် သယ်ထုတ်ခဲ့ရတာပါ။

၎င်းနောက် Eman ဟာ ဆေးရုံကို ဆက်လက်သွားရောက်ဖို့အတွက် ကာဂိုလေယာဉ်ငယ်လေးကို ငှားရမ်းအသုံးပြုခဲ့ရပြီး၊ အီဂျစ်မှ အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့က ဆေးရုံကြီးကို ပို့ဆောင်ခဲ့ရပါတယ်။ Eman ဟာ အသက် 25 နှစ်အရွယ်ကတည်းကကြီးမားလှတဲ့ ခန္ဓာကိုယ်ကြီးကို မထိန်းနိုင်တော့လို့ ကုတင်ပေါ်လဲလျှောင်းနေခဲ့ရတာပါ။

Eman ဟာ မွေးဖွားစဉ်ကတည်းက Elephantiasis ရောဂါကို ခံစားခဲ့ရပြီး၊ ကိုယ်အလေးချိန်တွေ ကြောက်ခမန်းလိလိ တိုးပွားလာခဲ့ပါတယ်။ ယခုခွဲစိတ်မှုအတွက် လေယာဉ်ခရီးစဉ် 7 နာရီကျော် ပင်ပင်ပန်းပန်း ဖြတ်သန်းခဲ့ရပြီး၊ Chhatrapati Shivaji International airport လေဆိပ်ကနေ Saifee Hospital ဆေးရုံကို ပို့ဖို့အတွက် ထရပ်ကား အလက်စားကို ပြောင်းစီးခဲ့ရပါတယ်။

ဆေးရုံမှာ Eman ဟာ အဆီပိုတွေနဲ့၊ ဟိုမုန်းအစားထိုးကုသမှုတွေ ခံယူရမှာ ဖြစ်ပါတယ်။ Eman ဟာ မွေးဖွားစဉ်ကတည်းက ရှားရှားပါးပါး 14 ပေါင်နီးပါး အလေးချိန်ရှိခဲ့ပြီး၊ အသက် 11 နှစ်သမီးအရွယ်အရောက်မှာ လမ်းမလျှောက်နိုင်တော့လို့ ကလေးငယ်တွေလို တွားသွားတဲ့ပုံစံနဲ့ ရွေ့လျှားခဲ့ရပါတယ်။ အဲဒီနောက် ကိုယ်အလေးချိန်က မလျှော့လာပဲ တိုးပွားလာလို့ နောက်ဆုံး အိပ်ယာထဲကို လှဲနေရတဲ့အထိပါ။

READ  သဲတွေနဲ့ ဖုံးလွှမ်းပြီး ထူးထူးခြားခြား အပန်းဖြေမှု ပြုလုပ်
ဆေးရုံမှာတော့ Eman အတွက် အထူးခုတင်ပြင်ဆင်ထားပြီး၊ အင်တာနက်မှာလည်း ခွဲစိတ်မှုအတွက် ငွေကြေးတက်နိုင်သူများ ကူညီပေးကြဖို့ မိသားစုဝင်တွေက အကူအညီတောင်းခံထားပါတယ်။ ဆေးရုံကိုသယ်ဆောင်ဖို့ လေယာဉ်အခက်အခဲကိုတော့ အီဂျစ်နိုင်ငံခြားရေးဝန်ကြီး Sushma Swaraj က အကူအညီပေးခဲ့ပါတယ်။

Eman ဟာ ခွဲစိတ်ကုသမှုခံယူပြီးရင် အာဟာရကျွမ်းကျင်ပညာရှင်နဲ့ ဆက်လက်ကုသမှု ခံယူရမှာ ဖြစ်ပြီး၊ ခန္ဓာကိုယ်ထဲကို ပေါများစွာရောက်ရှိနေတဲ့ ရေဓာတ်ကိုလည်း အလျှင်အမြန်ထိန်းချုပ်ကုသမှု ခံယူရမှာပါ။ လောလောဆယ်မှာတော့ သွေး
စစ်ခြင်းနဲ့ ခွဲစိတ်မှုအတွက် သင့်တော်တဲ့အနေအထား ရှိမရှိကို စမ်းသပ်စစ်ဆေးနေဆဲလို့ သိရပါတယ်။

Credit: နတ်စည်တော် (Shwemom)

source : thesun.co.uk >>> Lwin Pyin


No comments:

Post a Comment