Latest News

Thursday, February 9, 2017

ရေအောက်မှာ လက်ထပ်ပွဲကျင်းပတဲ့ စုံတွဲ


လက်ထပ်မှုတွေကို ကုန်းပေါ်၊ဒါမှမဟုတ် လေထဲမှာ သာ ပြုလုပ်ကြပေမယ့်အိန္ဒိယနိုင်ငံ ကီရာလာပြည်နယ်မှာတော့ သတို့သားနဲ့ သတို့သမီး ဟာရေအောက်မှာလက်ထပ်မှု လုပ်ခဲ့တယ်လို့ သိရပါတယ်။
 ဆလိုဗက်ကီယားနိုင်ငံသူ အီနီကာ နဲ့ သတို့သား ပါဝါ တို့ ဟာကမ်းခြေမှာလက်ထပ်မှုပြုလုပ်ပြီးနောက် အာရေဗီယံ ပင်လယ်အနက်ပိုင်ကို ငုပ်သွားပြီး ရေအောက်မှာလက်ထပ်ခဲ့တာပါ၊
 ရေအောက်အနက် ၄ မီတာကျော်မှာလက်ထပ်ခဲ့တာဖြစ်ပြီး သတိုသား ပါဝါ ဟာ ရေငုပ်တဲ့ လုပ်ငန်း လုပ်ကိုင်သူတစ်ဦးဖြစ်ပါတယ်။ ရေအောက်လက်ထပ်ပွဲ ဟာအချိန် တစ်နာကျော်လောက်ကြာခဲ့တယ်လို့ ဆိုပါတယ်။
ရေအောက်မှာ မင်္ဂလာဆောင်တာဟာ အနောက်နိုင်ငံတွေမှာတော့ ခေတ် စားေ နပေမယ့် အိန္ဒိယမှာတော့ ရေကူးကန်တွေမှာ အဲ့ဒီလိုမင်္ဂလာဆောင်တာမျိုးကို တားမြစ်ကန့်သတ်ထားစဲပါ။ဒီမင်္ဂလာပွဲဟာ အိန္ဒိယနိုင်ငံမှာတော့ ပင်လယ်ရေေ အာက်မှာ ကျင်းပတဲ့ ပထမဆုံး မင်္ဂလာပွဲလို့ ပွဲစီစဉ်သူတွေကပြောခဲ့ပါတယ်။
Ref dm
ဇက်အမ်အို(တိုင်းဧရာ) ဘာသာပြန်သည်

No comments:

Post a Comment