Thursday, February 9, 2017
အိုင်အက်စ်အဖွဲ့ကို ပူပေါင်းတိုက်ခိုက်ဖို့ တူရကီ နဲ့ အမေရိကန် သမ္မတ သဘောတူ
တူရကီ သမ္မတ အာဒိုဂမ် နဲ့ အမေရိကန် သမ္မတ ဒေါ်နယ်ရမ့်တို့ ဟာ ဆီးရီယားနိုင်ငံ က အိုင်အက်စ်အဖွဲ့တွေကို ပူးပေါင်းတိုက်ခိုက်သွားဖို့ သဘောတူညီခဲ့တယ်လို့ သိရပါတယ်။
သမ္မတ အာဒိုဂမ်ဟာ ဒေါ်နယ်ထရမ့်နဲ့ဖုန်း ဆက်ပြောဆိုချိန်မှာအခုလိုမျိုး သဘောတူညီမှုရခဲ့တာဖြစ်ပါတယ်။ ဖုန်းဆက်ပြောချိန်မှာဆီးရီယားနိုင်ငံအတွင်း ကဘေးအန္တာကင်းရှင်းရေးဇုန်၊ အကြမ်းဖက်ပြသာနာနဲ့ အကူညီပေးရေးတို့ ကိုအဓိကထားဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
တူရကီ သမ္မတ က ဆီးရီယားရှိကာဒစ်လက်နက်ကိုင်အဖွဲ့တွေကို မထောက်ပံဖို့ အမေရိကန်သမ္မတ ဆီတောင်းဆိုခဲ့ပါတယ်။.
အမေရိကန် သမ္မတက အိုင်အက်စ်အဖွဲ့တွေကို တိုက်ခိုက်ဖို့တူရကီ နိုင်ငံရဲ့ထောက်ပံမှုတွေကို ကြိုဆိုကြောင်း ပြောဆိုခဲ့တယ်လို့အိမ်ဖြူတော်ကသတင်းထုတ်ပြန်ခဲ့ပါတယ်။
တူရကီနဲ့ အမေရိကန်တပ်ဖွဲတွေ ဟာ ဆီးရီယားနိုင်ငံထဲက ရာကွတ်မြို့ကို ထိုးစစ်ဆင်တိုက်ခိုက်ဖို့ လိုလားမှုတွေရှိနေပါတယ်။
ဆီးရီယား ရှိကာဒစ် လက်နက်ကိုင်အဖွဲ့တွေကို အမေရိကန်ကထောက်ပံမှုတွေကြောင့်တူရကီ ဟာ သမ္မတဟောင်း အိုဘားမား လက်ထက်က ဆက်ဆံရေးအေးစက်ခဲ့ရပါတယ်။
Ref reuters
ဇက်အမ်အို(တိုင်းဧရာ) ဘာသာပြန်သည်
အိုင်အက်စ်အဖွဲ့ကို ပူပေါင်းတိုက်ခိုက်ဖို့ တူရကီ နဲ့ အမေရိကန် သမ္မတ သဘောတူ
Reviewed by timeayeyar
on
9:48 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment