ဆင်ဆာခွင့်ပြုချက် ရသွားပြီဖြစ်တဲ့ ဒါရိုက်တာ ဝိုင်းရဲ့ သမ္မတကြီးထံ ပေးစာ
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆
ဇာတ်ကားနာမည်ကို ဆင်ဆာအဖွဲ့က ခွင့်မပြုခဲ့တဲ့အတွက် ရိုက်ကူးဖို့ နှောင့်နှေးနေခဲ့တဲ့ သမ္မတကြီးထံ ပေးစာ ရုပ်ရှင်ဇာတ်ကားကို ယခုနှစ်အတွင်းမှာတော့ ရိုက်ကူး ဖြစ်တော့မှာပါလို့ နာမည်ကျော် ဒါရိုက်တာဝိုင်းက The Voice ကို ပြောကြားပါတယ်။
“သမ္မတကြီးထံ ပေးစာဆိုတဲ့နာမည်ကို ဆင်ဆာအနေနဲ့ ခွင့်ပြုပေးလိုက်ပါတယ်။ အစ်ကို ပြောချင်တာကတော့ ဆင်ဆာသည် တင်းကျပ်တည်လို့ ပြောနေကြပေမယ့် တကယ့်တကယ် အကျိုးရှိမယ် ဇာတ်လမ်းမျိုးတွေ ရိုက်မယ်ဆိုရင်တော့ ခွင့်ပြုပေးနေပါတယ်။ ဒီကားကို ဩဂုတ် (သို့) စက်တင်ဘာမှာ အစ်ကိုတို့ စရိုက်မယ်”လို့ ယင်းဇာတ်ကားနဲ့ပတ်သက်ပြီး ၎င်းက ထပ်လောင်း ပြောဆိုပါတယ်။
မြန်မာရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေကို ဆင်ဆာဖြတ်တောက်မှုတွေ များပြားလာတာနဲ့ ပတ်သက်ပြီး မကြာသေးခင်ကာလက ဆင်ဆာ အကဲဖြတ်အဖွဲ့တွေနဲ့ အနုပညာရှင်တွေကြားမှာ အပြန်အလှန် ပြောဆိုဝေဖန်မှုတွေရှိခဲ့ပြီး၊ မတ်လအတွင်းမှာတော့ ဆင်ဆာအတွက် ပြန်လည် ညှိနှိုင်းဆွေးနွေးကြဦးမယ်လို့လည်း အနုပညာလောကသားတွေထံမှ သိရှိရပါတယ်။
“ငါလုပ်ချင်တာ လုပ်မယ်၊ ခွင့်ပြုရမယ်ဆိုတဲ့ စိတ်ထားတဲ့သူတွေ အတွက်တော့ ဆင်ဆာက အဆင်မပြေနိုင်ပါဘူး။ အနုပညာ ဆိုပေမယ့်လည်း သူ့မှာ စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေ ရှိပါတယ်။ ပြည်သူတွေအပေါ်မှာ ထားရမယ့်ကျင့်ဝတ်တွေ ရှိပါတယ်။ ဒါတွေကို နားလည်မယ်ဆိုရင် ဆင်ဆာနဲ့ ပတ်သက်ပြီး အဲ့ဒီလို ဝေဖန်ကြမှာ မဟုတ်ပါဘူး”လို့ ဒါရိုက်တာ ဝိုင်းက ပြောကြားပါတယ်။
လတ်တလော အနုပညာ လှုပ်ရှားမှုအနေနဲ့ကတော့ မတ်လဆန်းပိုင်းကစပြီး ရွှေကြာရုပ်ရှင်ဇာတ်ကားကို သရုပ်ဆောင် အလင်းရောင်၊ ဖွေးဖွေး၊ သင်ဇာဝင့်ကျော် တို့နဲ့ ရိုက်ကူးသွားဖို့ရှိပြီး၊ မေလအတွင်းမှာတော့ ကာဗွန်ဒိုင်အောက်ဆိုဒ်လို့ အမည်ရတဲ့ ရုပ်ရှင်ဇာတ်ကား ရိုက်ဖို့ရှိကြောင်း ၎င်းက ဆိုပါတယ်။
The Voice
Monday, February 27, 2017
ဆင်ဆာခွင့်ပြုချက် ရသွားပြီဖြစ်တဲ့ ဒါရိုက်တာ ဝိုင်းရဲ့ သမ္မတကြီးထံ ပေးစာ
ဆင်ဆာခွင့်ပြုချက် ရသွားပြီဖြစ်တဲ့ ဒါရိုက်တာ ဝိုင်းရဲ့ သမ္မတကြီးထံ ပေးစာ
Reviewed by Ar Ti
on
5:01 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment