Latest News

Thursday, February 9, 2017

ရခိုင်ပြည်နယ်အရေး နိုင်ငံတကာက ဆက်လက်ဖိအားပေးနေ

ရခိုင်ပြည်နယ်အရေး နိုင်ငံတကာက ဆက်လက်ဖိအားပေးနေ

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် လူ့အခွင့်အရေးချိုးဖောက်မှုများရှိနေတယ်လို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ဆက်တိုက်ဖိအားပေးနေပေမဲ့ အချိန်နဲ့ တစ်ပြေးညီအရေးယူ ဆောင်
ရွက်လျက်ရှိတယ်လို့လည်း အစိုးရအဖွဲ့တာဝန်ရှိသူတွေက ဆိုပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တာဝန်ကျနေတဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျူးလွန်နေတယ်လို့ နယူးယော့ခ်မြို့အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က
ယခုလ ၆ ရက်မှာ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

ကုလသမဂ္ဂမဟာမင်းကြီးရုံးရဲ့ ထုတ်ပြန်ချက်ကို အံ့သြတုန်လှုပ်မိပြီး မြန်မာအစိုးရအနေနဲ့စွပ်စွဲချက်တွေအပေါ် ဘက်လိုက်မှုမရှိတဲ့ သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုပြုလုပ်ဖို့နဲ့ လူ့အခွင့်အရေးချိုး
ဖောက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့ ကုလသမဂ္ဂလူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးဆိုင်ရာအထူးအကြံပေး မစ္စတာအက်ဒမာဒီအန်င်က တောင်းဆိုခဲ့ပါတယ်။

ရခိုင်ပြည်နယ်အရေး ကုလရဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်လို့ ခိုင်မာတဲ့သက်သေအထောက်အထားထောက်ပံ့ပေးဖို့ မြန်မာက တောင်းဆိုထားတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူက ဆိုပါ
တယ်။ ''ဒီစွပ်စွဲချက်တွေ တကယ်တမ်းမှန်ကန်တယ်ဆိုရင် ကျွန်တော်တို့စစ်ဆေးပြီး အရေးယူသွားမှာပါ။ ဒါပေမဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်လို့ အထောက်အထား လိုအပ်ပါတယ်။ စွပ်စွဲနေရုံနဲ့ မလုံလောက်ပါဘူး'' လို့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျကပြောပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသနဲ့ပတ်သက်ပြီး တတိယအကြိမ်မြောက်ထုတ်ပြန်တဲ့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်တိုင်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေတယ်လို့စွပ်စွဲထားတာ ဖြစ်ပါတယ်။

လူ့ အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်မတိုင်မီ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံးက ရခိုင်ပြည်နယ်
မြောက်ပိုင်းနဲ့ပတ်သက်လို့ ထုတ်ပြန်ချက်တစ်စောင်ကို ယခုလ ၃ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

မောင်တောဒေသကနေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးတမ်းရှောင်လာတယ်ဆိုတဲ့သူတွေကို တွေ့ဆုံမေးမြန်းမှုအရ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လူ့
အခွင့်အရေးချိုးဖောက်မှုတွေ၊ အဓမ္မပြုကျင့်မှုတွေ ကျူးလွန်နေတယ်လို့ အဆိုပါထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒေသခံဘင်္ဂါလီများကို ရဲတပ်ဖွဲ့များက ရိုက်နှက်နေသည့် ဗွီဒီယိုရုပ်သံတစ်ခု ဒီဇင်ဘာလအတွင်း ထွက်ပေါ်ခဲ့ရာ ပြစ်မှုကျူးလွန်သည့်ရဲတပ်ဖွဲ့ဝင်သုံးဦးကို ထောင်ဒဏ်နှစ်လစီချမှတ်ခဲ့သည်ဟု အေ
အက်ဖ်ပီသတင်းဌာနက ယမန်နေ့တွင် ရေးသားဖော်ပြခဲ့သည်။

ရခိုင်ပြည်နယ်မောင်တော ဒေသတွင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေတယ်ဆိုတဲ့ နိုင်ငံတကာရဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်လို့ မှန်ကန်မှု ရှိ၊ မရှိ မောင်တောဒေသ စုံစမ်းစစ်ဆေးမှုကော်
မရှင်က စုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်နေတယ်လို့ နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူဦးဇော်ဌေးကလည်း ပြောပါတယ်။ ''ကော်မရှင်အနေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေတွေ့ခဲ့ရင်
အရေးယူဆောင်ရွက်သွားမှာပါ'' လို့ ၄င်းက ပြောပါတယ်။

စုံစမ်းစစ်ဆေးမှုလုပ်ဆောင်နိုင်ဖို့ ဒုတိယသမ္မတ ဦးမြင့်ဆွေဦးဆောင်တဲ့ မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာတင်သွင်းရမယ့်ရက်ကို စုံစမ်းစစ်ဆေးမှုတွေ ပြီးစီးချိန်ထိ ရွှေ့
ဆိုင်းခဲ့ပါတယ်။

မောင်တောဒေသ စုံစမ်းစစ်ဆေးရေး ကော်မရှင်က ဇန်နဝါရီလ ၃ ရက်က ထုတ်ပြန်ခဲ့တဲ့ ကြားဖြတ်အစီရင်ခံစာမှာ မောင်တောဒေသတွင်း နိုင်ငံတကာက စွပ်စွဲပြောဆိုနေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု၊ အဓမ္မပြုကျင့်မှုတွေမရှိဘူးလို့ ဖော်ပြထားခဲ့ပါတယ်။

''ကျွန်တော်တို့ကတော့ ဘက်မလိုက်ဘူး။ အရှိကိုအရှိအတိုင်းပဲ စုံစမ်းစစ်ဆေးသွားမှာပါ။ တစ်ခါတလေကျတော့လည်း အခြေ အနေတွေက ပြောရခက်ပါတယ်။ ဥပမာ မီးရှို့မှုလိုမျိုးပေါ့။ ဘယ်သူရှို့တယ်ဆိုတာကို ကောက်ချက်ချဖို့က ခက်ခဲပါတယ်။

ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားတယ်ဆိုတဲ့လူတွေကိုလည်း ဖြစ်နိုင်ရင် သွားတောင်တွေ့ချင်မိပါတယ်'' လို့ မောင်တောစုံစမ်းစစ်ဆေးမှု
ကော်မရှင်အတွင်းရေးမှူး ဦးဇော်မြင့်ဖေက ပြောပါတယ်။

အဖွဲ့ဝင် ၁၁ ဦးပါ မောင်တောခရိုင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ကို ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည် ဖော်ရေးကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဇန်နဝါရီလ ၃ဝ ရက်မှာဖွဲ့စည်းခဲ့ပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ နိုင်ငံသားစိစစ်မှုနဲ့ နိုင်ငံသားစိစစ်ခံမယ့်သူများကို သက်သေခံကတ်ပြားထုတ်ပေးနိုင်ဖို့အတွက် အဖွဲ့ဝင်ခုနစ်ဦးပါသက်သေခံကတ်ပြားစိစစ်ထုတ်ပေးရေးအဖွဲ့ကို နိုင်ငံတော်
သမ္မတက ယမန်နေ့မှာ ဖွဲ့စည်းခဲ့ပါတယ်။ မောင်တောခရိုင်ဒေသတွင်း ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး မဟုတ်မမှန်သတင်းတွေထွက်ပေါ်နေမှုအပေါ် ဒေသတွင်းနေထိုင်ကြသူတွေ သတင်းအမှန်ရရှိဖို့အတွက်နဲ့မေ
မောင်တောခရိုင်ဒေသနဲ့ပတ်သက်ပြီး အစိုးရနဲ့ ဝန်ကြီးဌာနအသီးသီးက ဆောင်ရွက်ချက်တွေအပေါ် သိရှိနိုင်ဖို့ ရခိုင်၊ ဗမာ၊ ဘင်္ဂါလီ ဘာသာသုံးမျိုးနဲ့ မေယုအက်ဖ်အမ် ရေဒီယိုအစီအစဉ်တစ်ခု
ကို ယခုလ ၁ ရက်ကစပြီး ထုတ်လွှင့်ပေးဖို့ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ယမန်နေ့မှာသတင်းထုတ်ပြန်ခဲ့ပါတယ်။

ရခိုင်ဒေသအရေးဟာ နိုင်ငံတကာ ပြဿ    နာမဟုတ်ဘဲ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေး ပြဿ     နာသာဖြစ်ပြီး နိုင်ငံတကာပြဿ    နာ လို့ သတ်မှတ်ပြောဆိုနေမှုအပေါ် သဘောမတူကြောင်း နိုင်ငံတော်
သမ္မတဦးထင်ကျော်ရဲ့ ကမ္ဘောဒီယားနိုင်ငံခရီးစဉ်အတွင်းမှာ ဝန်ကြီးချုပ်မစ္စတာဟွန်ဆန်ကပြောကြား ခဲ့ပါတယ်။

ရခိုင်ဒေသ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေနဲ့ပတ်သက်လို့ အာဆီယံဒေသတွင်းနိုင်ငံတွေဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံက ထောက်ပံ့မှုပစ္စည်းတွေအပါအဝင် အစိုးရချင်း ပူးပေါင်းဆောင်
ရွက်မှုတွေ လုပ်ဆောင်နေပြီး ထိုင်းနိုင်ငံကတော့ ငွေကြေးထောက်ပံ့ မှုကူညီခဲ့တာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွက် ထောက်ပံ့ရေးပစ္စည်းတွေ တင်ဆောင်လာတဲ့ မလေးရှားထောက်ပံ့ရေးသင်္ဘောက ရန်ကုန်ဆိပ်ကမ်းကိုယနေ့ဆိုက်ရောက်မှာဖြစ်ပြီး ထောက်ပံ့ရေးပစ္စည်းတွေကိုအစိုးရက လွှဲပြောင်းရယူမှာဖြစ်ပါတယ်။

ဥာဏ်လင်းအောင် ( မြန်မာတိုင်းမ် )

No comments:

Post a Comment