ဒေါ်နယ်ထရန့်ကို ဂုဏ်ပြုထားသော ကြယ်ပွင့်ဖျက်ဆီးခဲ့သူ ခံဝန်ကတိဖြင့် နေထိုင်ရမည်
သမ္မတရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း ‘ဟောလိ ၀ုဒ် ထင်ရှားကျော်ကြားသူများ လျှောက်လမ်း’ ရှိ ထရန့်၏ ကြယ် ပွင့်ကို ဖျက်ဆီးခဲ့သူ လမ်းဘာ့သ် အိုတစ်သည် အများပြည်သူပိုင် ပစ္စည်း ဖျက်ဆီးသည့်အမှုကို ရင် မဆိုင်ဘဲ သုံးနှစ်ခံဝန်ကတိဖြင့် နေရမည်ဖြစ်သည်။
စက်လှေကား၊ ဓာတ်လှေ ကားနှင့် ရွေ့လျားလျှောက်လှမ်း များ ထုတ်လုပ်ရာတွင် ထိပ်တန်း ကုမ္ပဏီဖြစ်သည့် Otis ကုမ္ပဏီ၏ မိသားစုဝင် အသက်(၅၃)နှစ်အ ရွယ် လမ်းဘာ့သ်အိုတစ်သည် ထရန့်ကို ဆန့်ကျင်၍ ‘ဟောလိ ၀ုဒ် ထင်ရှားကျော်ကြားသူများ လျှောက်လှမ်း’ရှိ ထရန့် ကြယ်ပွင့်ကို ပေါက်တူးနှင့်ပေါက်ချွန်း အသုံးပြုကာ ဖျက်ဆီးခဲ့သည်ဟု ၀န်ခံခဲ့ပြီး ယင်းကို ဗီဒီယိုတွင် မှတ်တမ်း တင်ထားနိုင်ခဲ့သည်။
လိင်ပိုင်းဆိုင်ရာ နှောင့်ယှက် မှုနှင့် စော်ကားမှုကို ထရန့်က ပြုလုပ်ခဲ့သည်ဟု စွပ်စွဲခဲ့သော အမျိုးသမီးများကို ထောက်ခံကြောင်းပြသသည့်အနေဖြင့် ထရန့်၏ကြယ်ပွင့်ကို ဖျက်ဆီးပစ်ခဲ့ခြင်း ဖြစ်သည်ဟု အိုတစ်က ပြောကြား သည်။
အိုတစ်ကို သုံးနှစ်ခံဝန်ကတိ ဖြင့် နေထိုင်ရန် အမိန့်အပြင် လမ်း များတွင် သန့်ရှင်းရေး ရက် ၂၀ လုပ်ဆောင်ရန် အမိန့်ချမှတ်ခဲ့ သည်။
အိုတစ်သည် ‘ဟောလိ ၀ုဒ် ထင်ရှားကျော်ကြားသူများ လျှောက်လှမ်း’ကို ထိန်းသိမ်းနေ သည့် ‘Hollywood Historic’ ထိန်းသိမ်းရေးအဖွဲ့ကိုလည်း ဒေါ်လာ ၃,၇၀၀ ပေးဆောင်ရမည်ဖြစ်ပြီး ဟောလိဝုဒ်ကုန်သည်ကြီးများအသင်းကို ဒေါ်လာ ၇၀၀ ပေးရမည်ဖြစ်သည်။
ထရန့်၏ ကြယ်ပွင့်ကို ကန် ဒေါ်လာ ၃,၀၀၀ ခန့် အကုန်အကျ ခံကာ ပြန်လည်ပြုပြင်ခဲ့သည်ဟု ယင်းအသင်းကဆိုသည်။
ထရန့်သည် ယင်းကြယ်ပွင့် ကို NBC ရုပ်သံ၏ ‘The Appren-tice’ ကဏ္ဍတွင် ပင်တိုင်တင် ဆက်သူအဖြစ် ထမ်းဆောင်ခဲ့စဉ် ၂၀၀၇ က ရရှိခဲ့သည်။
ထရန့်သည် ကာမပိုင်အမျိုး သမီးတစ်ဦးကို ဖြားယောင်းရန် ကြိုးစားခဲ့ပြီး အမျိုးသမီးများအား မဖွယ်မရာပြုလုပ်သည့် အ ကြောင်းအရာများကို မိုက်ခရိုဖုန်းမှတစ်ဆင့် ပြောဆိုနေသည့် ၂၀၀၅ က ဗီဒီယိုဖိုင်တစ်ခု ထွက် ပေါ်လာပြီးနောက် အများ၏ ဝေ ဖန်ရှုတ်ချမှုခံခဲ့ရသည်။
—Ref: Reuters
7Day News Journal
Subscribe to:
Post Comments (Atom)
No comments:
Post a Comment