Latest News

Monday, February 13, 2017

ကန်ကြီးထောင့်တွင် ကျောင်းသား ၉၀ ကျော် အစာအဆိပ်သင့်

ကန်ကြီးထောင့်တွင် ကျောင်းသား ၉၀ ကျော် အစာအဆိပ်သင့်

ပုသိမ်၊ ဖေဖေါ်ဝါရီ ၁၃


ဧရာဝတီ တိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ်ရှိ ကွင်းယားကျေးရွာ အုပ်စုအတွင်းရှိ ပေါ်တော်မူကျေးရွာ မူလတန်းကျောင်းနှင့် သရက်ချောင်းကျေးရွာ မူလတန်းကျောင်းများတွင် ယနေ့ (ဖေဖော်ဝါရီ ၁၃ ရက်) မွန်းလွဲ ၃ နာရီခွဲဝန်းကျင်က ကျောင်းသား ကျောင်းသူ ၉၅ ဦး အစာ အဆိပ်သင့်မှု ဖြစ်ပွားခဲ့သည်။ ကန်ကြီးထောင့် ဆေးရုံမှ သိရှိရသည်။

ရန်ကုန်မြို့မှ အော်ဒါမှာယူသည့် ခေါက်ဆွဲကျော်အား စားမိရာမှ အော့အန်ခြင်း၊ ၀မ်းသွားခြင်း၊ ဝေဒနာဖြစ်ကာ အစာ အဆိပ်သင့်ခဲ့ရခြင်းဖြစ်ကြောင်း ကန်ကြီးထောင့်မြို့နယ် ပညာရေးမှူး ဒေါ်သိန်းသိန်းက ပြောကြားသည်။

“ကလေးတွေကို လာလှူတာပါ။ နေ့လယ် ၁၂ နာရီလောက်ကစားတာ ညနေ ၃ နာရီခွဲ ကျောင်းမဆင်းမီ စဖြစ်ကြပါတယ်။ ပထမရွာက ကျေးလက်သူနာပြု ဆရာမနဲ့ ကုနေတာ ဖြစ်တဲ့သူတွေ များလာလို့ ဆေးရုံ ပို့ကြတာပါ”ဟု ၎င်းကဆိုသည်။

ဝေဒနာခံစားနေသူ အားလုံး ည ၉ နာရီအချိန်တွင် ဆေးကုသမှုပြီးစီးနေပြီး အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေ မရှိကြောင်း ကန်ကြီးထောင့်ဆေးရုံမှ တာဝန်ကျ ဆရာဝန်က ပြောကြာသည်။

အစာ အဆိပ်သင့်သည့် ကျောင်းသားများမှာ မနက်ဖြန် (ဖေဖေါ်ဝါရီ လ ၁၄ ရက်)တွင် အတန်းတင် စာမေးပွဲ ဖြေကြရမည်ဖြစ်သော်လည်း စာမေးပွဲ ဖြေရမည့်ရက်ကို ရွှေ့ဆိုင်းပေးထားမည်ဖြစ်ပြီး မြို့နယ်ကျန်းမာရေးဌာနမှ အစာနှင့်ပတ်သက်၍ စစ်ဆေးမှုများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်သိန်းသိန်းက ပြောကြားသည်။



Sources : The Voice

No comments:

Post a Comment