Latest News

Sunday, February 19, 2017

မြောက်ကိုရီးယား ကျောက်မီးသွေး တင်သွင်းမှု တရုတ် ရပ်ဆိုင်း

မြောက်ကိုရီးယား ကျောက်မီးသွေး တင်သွင်းမှု တရုတ် ရပ်ဆိုင်း

မြောက်ကိုရီးယားနိုင်ငံရဲ့ တဦးတည်းမဟာမိတ်ဖြစ်တဲ့ တရုတ်နိုင်ငံက မြောက်ကိုရီးယားနိုင်ငံရဲ့ ကျောက်မီးသွေး တင်သွင်းမှုအားလုံးကို တနင်္ဂနွေနေ့ကစပြီး ရပ်ဆိုင်းလိုက်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံရဲ့ နောက်ဆုံးဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုအတွက် တိုးမြှင့်ဖိအားပေးဖို့ အခုလို ပိတ်ပင်လိုက်တာဖြစ်ပြီး အခုနှစ်ကုန်တဲ့အထိ ပိတ်ပင်ထားမယ်လို့ တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အခုလိုမကြေညာခင် ပြီးခဲ့တဲ့တပတ်က အမေရိကန်ဒေါ်လာ ၁ သန်းဖိုး တန်ကြေးရှိတဲ့ မြောက်ကိုရီးယားနိုင်ငံရဲ့ ကျောက်မီးသွေးတွေကို တရုတ်နိုင်ငံက ငြင်းပယ်ခဲ့တာပါ။

ဒါဟာ မြောက်ကိုရီးယားနိုင်ငံရဲ့ နျူကလီးယားလက်နက်အစီအစဉ်နဲ့ပတ်သက်ပြီး မဟာမိတ်တရုတ်နိုင်ငံက ပြင်းထန်တဲ့ ပိတ်ပင်မှုတွေလုပ်ဖို့ တဆင့်တိုးမြှင့်လိုက်တာပါ။

ကျောက်မီးသွေးဟာ မြောက်ကိုရီးယားနိုင်ငံရဲ့ နိုင်ငံခြားတင်ပို့ကုန်တွေထဲမှာ ၃ ချိုး ၁ ချိုးနဲ့ အများဆုံးဖြစ်ပြီး တရုတ်နိုင်ငံကို တင်ပို့မှုနဲ့ သူ့ရဲ့စီးပွားရေးကို ကျားကန်ထားတာပါ။

အခုလို နောက်ဆုံးပိတ်ပင်မှုဟာလည်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းရဲ့ဖအေတူ မအေကွဲအကိုဟာ မလေးရှားနိုင်ငံမှာ အသတ်ခံရအပြီး ရက်ပိုင်းအကြာမှာ ကြေညာခဲ့တာပါ။

အသတ်ခံရသူ ကင်ဂျုံနမ်ဟာ သူ့ရဲ့ညီအကိုတွေနဲ့ မပြေမလည်ဖြစ်ပြီး မကာအိုမှာ တရုတ်အစိုးရရဲ့ အစောင့်အရှောက်နဲ့ နေထိုင်နေပုံရတယ်လို့လည်း သတင်းတွေက ဆိုပါတယ်။

DVB

No comments:

Post a Comment