ဘယ်လ်ဂျီယံနိုင်ငံ၊ ဖလန်ဒါစ် (ဒတ်ခ်ျဘာသာစကားအသုံးပြု နယ်မြေ ) က ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဘန်ဝေ့ထ်စ် (Ben Weyts ) ရဲ့ စက်ဘီးဟာ အခိုးခံခဲ့ရပါတယ်။
ဖြစ်ပုံက ဒီလိုပါ။ အဲဒီ ဝန်ကြီး ဟာ ဒေသတွင်းက ယာဉ်ကြောပိတ်ဆို့မှုကို လျှော့ချဖို့အတွက် ပြည်သူတွေကို စက်ဘီး စီး ပြီး သွားလာကြဖို့ တိုက်တွန်းတဲ့ အပြင် ကိုယ်တိုင်လည်း စက်ဘီးစီး သွားလာပြခဲ့ သူ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်မှာ စက်ဘီးနင်းပြီး သွားလာစရာ လမ်းကြောသစ်တွေ အလုံအလောက်ရှိနေဖို့လည်း ယူရိုငွေ သန်း ၃၀၀ ( ဒေါ်လာ ၃၁၆ သန်း ) ရင်းနှီးမြုပ်နှံသွားမယ်လို့ သူက ကြေငြာထားပါတယ်။
တစ်နေ့၊ ဟယ်လီ ဘူတာရုံနားမှာ သူ့ စက်ဘီးကို သော့ခတ်ရပ်ထားခဲ့ပြီး နောက် နာရီဝက်လောက် အကြာ ပြန်လာတဲ့ အခါမှာ စက်ဘီးဟာ ပုံထဲက အတိုင်း ဖြုတ်ပြီး ခိုးယူခံထားရတာကို တွေ့လိုက်ရတာပဲ ဖြစ်ပါတယ်။
Ref: BBC News : " Bicycle stolen from Belgian Minister Promoting Cycle Lames"
ကျော်သန့် (ရိုးရာလေး)
No comments:
Post a Comment