Latest News

Thursday, February 9, 2017

ဒေါ်လာတစ်သိန်းကျော် ရင်းနှီးမြှုပ်နှံထားသော ရန်ကုန်စာအုပ်ပလာဇာ ယခုလအတွင်း ဖွင့်လှစ်မည်

ဒေါ်လာတစ်သိန်းကျော် ရင်းနှီးမြှုပ်နှံထားသော ရန်ကုန်စာအုပ်ပလာဇာ ယခုလအတွင်း ဖွင့်လှစ်မည်



အမေရိကန်ဒေါ်လာတစ် သိန်းကျော် ရင်းနှီးမြှုပ်နှံထားသည့် ရန်ကုန်စာအုပ်ပလာဇာကို လမ်း မတော်မြို့နယ် သံဈေးငါးလွှာရှိ အဆောက်အအုံတွင် ဖေဖော်ဝါရီ ၂၆ ရက်၌ ဖွင့်လှစ်မည်ဟု သတင်းရရှိသည်။

ကွယ်လွန်သူ အချစ်၊ ဟာသ၊ကဗျာ၊ စာရေးဆရာမင်းလူ ရေး သားခဲ့သော ၀တ္ထုတိုဇာတ်လမ်း တစ်ပုဒ်တွင် ရန်ကုန်စာအုပ်ပလာ ဇာကိုစိတ်ကူးယဉ်၍ ထည့်သွင်း ရေးသားခဲ့ဖူးပြီး ယင်းစိတ်ကူးကိုအခြေခံကာ စာအုပ်ပလာဇာကိုဖန်တီးခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

‘‘ရန်ကုန်စာအုပ်ပလာဇာမှာ စာရေးဆရာ ၁၂ ဦး အထိမ်းအ မှတ်တွေပြထားမယ်။ ဆရာမင်း လူကိုယ်ရေးပုံတူ၊ ကိုယ်ရေး အတ္ထုပ္ပတ္တိတွေ၊ သူ့မူရင်း လက်ရေးမူတွေ ရှိပါမယ်။ အဲဒီလိုနည်းနဲ့ ဂုဏ်ပြုပါမယ်။ ဆရာမွေးနေ့၊ မွေးလ ရောက်တိုင်း အထိမ်းအမှတ်ပွဲကျင်းပမယ်’’ဟု ရန်ကုန်စာအုပ်ပလာဇာတည်ထောင်သူ ဦးစန်းမွန်အောင်(ခ) စာရေးဆရာ မြေမှုန်လွင်က ပြောကြားသည်။

အဆိုပါ ပလာဇာတွင် တစ် နှစ်လျှင် စာရေးဆရာကြီး ၁၂ ဦး ရွေးချယ်၍ ၎င်းတို့၏ပုံတူများ၊ လက်ရေးမူများကို အများပြည်သူ လေ့လာရန် ထားရှိမည်ဟုဆိုသည်။

ယခုနှစ်အတွက် ရွေးချယ် ထားသော စာရေးဆရာများမှာ မောင်သော်က၊ ဂျာနယ်ကျော် မမလေး၊ ခင်နှင်းယု၊ ဦးဝင်းတင်၊ လူထုဒေါ်အမာ၊ ဇော်ဂျီ၊ မင်းသု ၀ဏ်၊ တင်မိုး၊ မောင်ချောနွယ်၊ မင်းလူ၊ တက္ကသိုလ်ဘုန်းနိုင်နှင့် ဇော်ဇော်အောင်တို့ ဖြစ်သည်။

‘‘စာအုပ် ရောင်းတာထက် အနားယူတာ၊ အပန်းဖြေတာ၊ စာ ဖတ်တာပေါ့။ ဒီအလေ့အကျင့် တွေရှိလာရင် ပိုကောင်းတာပေါ့။ အလေ့အကျင့်က စလုပ်ကြည့်ရ တာပေါ့။ တကယ်တမ်းလုပ်ကြ လို့ ဖြစ်လာရင် ပိုလှတဲ့ ပွဲလေး တစ်ခု ဖြစ်လာမယ်’’ဟု ရန်ကုန် စာအုပ်ပလာဇာဖြစ်ပေါ်လာမှုကို စာရေးဆရာဦးမိုးသူ (ဘကြီးမိုး) က မှတ်ချက်ပေးသည်။

အဆိုပါ ပလာဇာတွင် စာ ရေးဆရာများအတွက် အထိမ်းအ မှတ်နေရာများ၊ ကော်ဖီဆိုင်၊ စာအုပ်တိုက်များက တိုက်ရိုက် ရောင်းချမည့် ပြည်တွင်း၊ ပြည်ပမှ စာ အုပ်ဆိုင်ခန်းများ၊ စာအုပ် အ ဟောင်းတန်းနှင့် စာပေနှင့်သက် ဆိုင်သော ရုံးခန်းများစသည်တို့ပါဝင်မည်ဖြစ်ပြီး ပလာဇာ၏ အ ကျယ်အ၀န်းသည် စတုရန်းပေ စုစုပေါင်း နှစ်သောင်းရှိကြောင်း သတင်းရရှိသည်။

ထို့အပြင် ရန်ကုန်စာအုပ် ပလာဇာတွင် ကလေးကစားကွင်း လည်း ဖန်တီးထားပြီး ကလေး ကဗျာများ၊ စာများ၊ ဆေးရောင် ခြယ်ကားချပ်များ၊ ကလေးတို့၏ ဖန်တီးနိုင်စွမ်းကို အားပေးမည့် ထောက်ကူပြုကစားစရာများ ထားရှိပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ထုတ်ဝေရေးတိုက် ၃၀ အ တွက် စာအုပ်ရောင်းချရန် နေရာ များ ဖန်တီးထားပြီး တစ်လလျှင်ငွေကျပ် နှစ်သိန်းခွဲမှ သုံးသိန်းခန့်ဖြင့် ဆိုင်ခန်းများ ငှားရမ်းမည်ဖြစ်ကြောင်း သိရသည်။

‘‘ထုတ်ဝေသူတွေက စိတ်ဝင် စားပါတယ်။ တစုတစည်းတည်း ရှိမှာဆိုတော့လေ။ ဆိုင်ခန်းဈေး ပမာဏက တကယ်ဆို မများပါ ဘူး။ ပန်းဆိုးတန်းက စာအုပ်ဆိုင် တွေဆို ရင်းနှီးမြှုပ်နှံထားရတာ အ များကြီးလေ’’ ဟု ယူနတီစာပေထုတ်ဝေသူ ဦးသန်းဆွေက စာ အုပ်ပလာဇာနှင့်ပတ်သက်၍ မှတ် ချက်ပေးသည်။

အဆိုပါ ပလာဇာသည် တစ် နှစ်အတွင်း ထွက်ရှိသည့် လက် ရွေးစင်စာအုပ်တစ်ဆယ့်နှစ်အုပ် ရွေးချယ်ခြင်း၊ စာရေးဆရာကြီး များ အထိမ်းအမှတ်ရွေးချယ်သတ် မှတ်ခြင်းနှင့် အခြားသော စာပေ လှုပ်ရှားခြင်းများ ဦးဆောင်ပြု လုပ်မည့် ကော်မတီတစ်ခုကိုလည်း သက်ကြီးဝါကြီး စာရေးဆရာများဖြစ်သည့် ဆရာမကြီးခင်ဆွေဦး၊ ဆရာ မောင်မိုးသူ၊ ဦးဝင်းငြိမ်း၊ ဆရာမစမ်းစမ်းနွဲ့(သာယာဝတီ) တို့ဖြင့် ဖွဲ့စည်းထားကြောင်း သတင်းရရှိသည်။
SearchMyanmar

No comments:

Post a Comment