Latest News

Thursday, February 16, 2017

သက်ငယ်မုဒိန်းမှုကျူးလွန်သူအားအလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂၀ နှစ် မိတ္ထီလာခရိုင်တရားရုံးမှ ပြစ်ဒဏ်ချမှတ်

သက်ငယ်မုဒိန်းမှုကျူးလွန်သူအားအလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂၀ နှစ် မိတ္ထီလာခရိုင်တရားရုံးမှ ပြစ်ဒဏ်ချမှတ်

မိတ္ထီလာ ဖေဖော်ဝါရီ ၁၆

မိတ္ထီလာခရိုင် ၀မ်းတွင်းမြို့ နယ် ဆင်ချည်တိုင်ကျေးရွာတွင် အသက် ၉ နှစ်အရွယ်အမျိုးသမီးငယ်တစ်ဦးအားမုဒိန်းမှုကျူးလွန်ခဲ့သည့် အသက် ၇၁ နှစ်အရွယ် တရားခံတစ်ဦးအားအလုပ်ကြမ်းနှင့်ထောင်ဒဏ် ၂၀ နှစ် ကျခံစေရန်ဖေဖော်ဝါရီလ ၁၃ ရက်နေ့ က မိတ္ထီလာခရိုင်တရားရုံးမှ အမိန့်ချမှတ်ခဲ့ကြောင်းသိရသည်။

အမှုဖြစ်စဉ်မှ ဆင်ချီတိုင်ကျေးရွာနေဖခင်ဖြစ်သူဦးကြည်လင် သည် သမီးဖြစ်သူမယဉ်ယဉ်အေးအသက် ၉ နှစ်မှာ ၂၀၁၆ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်ကအိမ်လည်သွားရာမှ အပြန် မိန်းမကိုယ်တွင် ဒဏ်ရာရရှိသွေးများထွက်နေကြောင်းသိရသဖြင့် ကျောက်ဆည်ဆေးရုံသို့ တင်ပို့ကုသခဲ့သည်။ ယင်းဒဏ်ရာရရှိမှုအားမသင်္ကာ၍ သမီးငယ်ဖြစ်သူအားချော့မော့မေးမြန်းရာအဖိုးတော်စပ်သူကျေးရွာရွာဦးဘုန်းကြီးကျောင်းတွင် ကိုရင်ကြီးဝတ်နေသည့် ဦးအေး (ခ) ဦးအိန္တိက မှ သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်းသိရရှိသဖြင့် ၀မ်းတွင်းမြို့ နယ် ရွှေတောင်ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့သည်။ ဦးကြည်လင်၏ အမှုဖွင့်တိုင်ကြားချက်အရဦးအေး(ခ) ဦးအိန္တိက ၇၁ နှစ် အားရွှေတောင်ရဲစခန်းမှ (ပ) ၂၁/၂၀၁၆ ၊ ရာဇသတ်ကြီးပုဒ် ၃၇၆ ဖြင့် အမှုဖွင့်အရေးယူပြီးတရားစွဲဆိုအရေးယူနိုင်ရေးဆောင်ရွက်ခဲ့ရာမိတ္ထီလာခရိုင်တရားရုံးတွင် အမှုအမှတ် ၃၉ / ၂၀၁၆ ဖြင့် လက်ခံစစ်ဆေးခဲ့ပြီးဦးအေး(ခ) ဦးအိန္တိကမှာ ပြစ်မှုကျူးလွန်ကြောင်းထင်ရှားပေါ်လွင်သဖြင့် အလုပ်ကြမ်း နှင့်ထောင်ဒဏ် ၂၀ နှစ် ကျခံစေရန်ဖေဖော်ဝါရီလ
၁၃ ရက်နေ့တွင် မိတ္ထီလာခရိုင်တရားရုံးမှ ဒုတိယခရိုင်တရားသူကြီးခင်ဇော်ဦး က ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်းသိရသည်။

ချမ်းသာ(မိတ္ထီလာ)
Myanmaalinn

No comments:

Post a Comment