လပိုင်းလောက်ရှိပြီဖြစ်တဲ့ သတင်းတစ်ခုပေမယ့် ထူးထူးဆန်းဆန်းမို့ မိုမိုလေးပရိတ်သတ်များအတွက် မျှဝေပေးလိုက်တာပါ။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၉ ရက်နေ့က ကမ္ဘာ့အိမ်သာများနေ့ (World’s Toilet Day) ဖြစ်ပြီး အဲ့ဒီနေ့အထိမ်းအမှတ်အနေနဲ့ Maurizio Cattelan ဆိုသူ အနုပညာရှင်တစ်ဦးဟာ နယူးယော့မြို့က Guggenheim ပြတိုက်ထဲမှာ ၁၈ ကာရက်ခန့်ရှိတဲ့ ရွှေအိမ်သာခွက်ကြီးကို ဖန်တီးခဲ့တာပါ။
လာရောက်လည်ပတ်သူတွေကို အဆိုပါဇိမ်ခံရွှေအိမ်သာခွက်ကြီးကို အသုံးပြုခွင့်ပေးခဲ့ကာ အပေါ့လား၊ အလေးလား စိတ်ကြိုက်စွန့်နိုင်ခဲ့ပါတယ်။ ဒီအတွက် ရွှေအိမ်သာခွက်ကြီးအပေါ် စိတ်ဝင်စားသူ များပြားလွန်းတာကြောင့် ရွှေအိမ်သာကြီးနဲ့ တက်ဖူးဖို့ တန်းစီစောင့်ဆိုင်းခဲ့ကြရပြီး တစ်ဦးကို ၂ နာရီခန့်အထိ စောင့်ဆိုင်းခဲ့ကြရတယ်လို့ ဆိုပါတယ်။ ၀င်ကြေးအနေနဲ့ကတော့ တစ်ဦးကို ၁၅ ဒေါ်လာခန့် ကျသင့်မှာပါ။ World’s Toilet Day ဟာ ယင်လုံအိမ်သာမရှိတဲ့ နေရာဒေသတွေမှာ ယင်လုံအိမ်သာတွေ ပေါ်ပေါက်လာစေဖို့ လှုံ့ဆော်တဲ့ နေ့တစ်နေ့ ဖြစ်ပါတယ်။
Sources :MOMOLAY
No comments:
Post a Comment