ကလေးမြို့ မြောက်ပိုင်းကျေးရွာဖြစ်တဲ့ ပြည်တော်သာရွာနေ ဦးခမ်ခန့်ကပ် နေအိမ်မှာ ဇန်န၀ါရီ ၉ ရက်နေ့ မနက် ၁၀ နာရီလောက်က ၀က်မကြီးတကောင်ကနေ ၀က်သားပေါက် ၆ ကောင်မွေးဖွားခဲ့ပြီး အဲဒီအထဲမှာ ခေါင်းတလုံး၊ ခြေရှစ်ချောင်းပါတဲ့ ထူးဆန်း ၀က်ကလေးကို မွေးဖွားခဲ့ပါတယ်။
အဲဒီ ခေါင်းတလုံး ခြေရှစ်ချောင်းပါ ရင်ချင်းဆက်အမြွှာဖြစ်တဲ့ ထူးဆန်းတဲ့ ၀က်ကလေးဟာ မွေးပြီးပြီးချင်း နာရီပိုင်းအတွင်း သေဆုံးခဲ့သွားခဲ့တယ်လို့ ၀က်ပိုင်ရှင် ဦးခမ်ခန့်ကပ်က ပြောပါတယ်။
ထူးဆန်းတဲ့ ၀က်ကလေး အပါအ၀င် စုစုပေါင်း ၆ ကောင်မွေးဖွားခဲ့ရာမှာ ၂ ကောင် သေဆုံးပြီး လက်ရှိမှာ လေးကောင်အသက်ရှင်ခဲ့ပါတယ်။
မင်းရဲစစ်နိုင်( DVB )
No comments:
Post a Comment