Latest News

Thursday, February 16, 2017

ဆရာ - ဆရာမတွေ ရာထူးတိုးလျှောက်ရင် ဒါလေးဖတ်ပြီးမှလျှောက်

ဆရာ - ဆရာမတွေ ရာထူးတိုးလျှောက်ရင် ဒါလေးဖတ်ပြီးမှလျှောက်


ဆရာ ဆ ရာမတွေ ရာထူးတိုးခန့်အပ်မှု ကို တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရ ရဲ့ သဘောထားမှတ်ချက် ရယူဆောင်ရွက်မယ်လို့ ဆိုပါတယ်။

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၅ - ဆရာ ဆ ရာမတွေကို ရာထူးတိုးခန့်အပ်မှုမှာ ပြည်ထောင်စု အစိုးရ အနေနဲ့လုပ်သက်နဲ့အထူးပြုဘာသာရပ်စတဲ့အချက်တွေနဲ့ ရွေးချယ်ပေမဲ့လာမယ့်ပညာသင်နှစ်မှာတော့တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရ ရဲ့ သဘောထားမှတ်ချက် ရယူ ဆောင်ရွက်မယ်လို့ ဝန်ကြီးက ဆို ပါတယ်။

“ဧပြီ၊ မေမှာ ဆောင်ရွက်မယ့် အထက်တန်းပြရာထူး၊  အလယ် တန်း ပြရာထူး၊ မူလတန်းပြရာထူး ရာထူးတိုးပြောင်းတွေအတွက်ကို တိုင်းဒေသကြီး ပြည်နယ်အစိုးရတွေအပေါ်မှာ သဘောထားရယူပြီးတော့မှ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”လို့ ပညာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု  ဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ယနေ့ ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ပြောပါတယ်။

အထက်တန်းပြရာထူး ခန့်ဖို့ ဆိုရင်တော့ သတ်မှတ်မူတွေက (၁)အထက်တန်းပြသည် B.Ed ဘွဲ့ရပြီးတော့ အလယ်တန်းပြ သို့မဟုတ် မူလတန်းကျောင်းအုပ် လုပ်သက်အနည်းဆုံးနှစ်နှစ်ရှိရမှာ ဖြစ်ပါတယ်။ (၂) မဟာသိပံမဟာဝိဇ္ဇာဘွဲ့ရရှိတဲ့ အလယ်တန်းပြ မူလတန်း ကျောင်းအုပ်ဆိုရင်တော့ လုပ်သက်ခြောက်လ ပြည့်ပြီး သူ ကို အထက်တန်းပြ ယာယီပေးမယ်။ ပြီးရင် B.Ed ဘွဲ့ရရင် အထက်တန်းပြအဖြစ် အတည်ပြု ခန့်ထားမှာပါ။
အဲသည်လို ဆောင်ရွက်တဲ့ အခါမှာ လုပ်သက်ရမှတ် ကြီးငယ်စဉ် အလိုက်သာ ဆန္ဒပြုတဲ့သူတွေကို တန်းစီဇယား ရေးဆွဲဆောင်ရွက်တယ်လို့ သိရပါတယ်။

အလယ်တန်းပြ လစ်လပ်ရာထူးလျှောက်ထားရင် (၁)နဲ့ (၂) အချက်တွေနဲ့ ကိုက်ညီရင် တန်းစီဇယားလုပ်ပြီး လုပ်သက်ရမှတ်  ပြည်ထောင်စု ရဲ့ တန်းစီဇယားရရှိမှာပါ။

ပြည်ထောင်စုရဲ့  တန်းစီဇယားမှာ ရှိတဲ့ ကြီးငယ်စဉ်အရ လစ်လပ် မှုအပေါ် အဆိုပြုတဲ့ သူတွေထဲက ခန့်ထားဖို့ လျာထားစာရင်းထွက်လာမှာ ဖြစ်ပါတယ်။

သည်ထဲကမှ ရာထူးတိုး ဦးစားပေး  ရွေးချယ်မှုတွေကတော့ (၁) လုပ်သက်ရမှတ်(၂) အထူးပြုဘာ သာရပ်ကိုက်ညီမှု (၃) လုပ်သက်ရမှတ်တူရင်တော့ တစ်ဆင့်နိမ့်ရာ ထူးစတင်ထမ်းဆောင်တဲ့ ရက်  (၄) ဒေသမရွေးတာဝန်ထမ်းဆောင် နိုင်သူ၊ (၅)B.Ed ဘွဲ့ရရှိသည့် ခုနှစ်တွေနဲ့ ပြည်ထောင်စုရဲ့ တန်းစီ ဇယားတစ်ခုကို ထပ်မံရေးဆွဲမယ်လို့ ဝန်ကြီးကဆိုပါတယ်။

သည်နောက်မှာ တန်းစီဇယား  နှစ်ခုကို ပညာရေးဝန်ကြီးဌာနကနေ တိုင်းဒေသကြီး နဲ့ ပြည်နယ် အ စိုးရအဖွဲ့တွေရဲ့ သဘောထားမှတ်ချက်ရယူမှာ ဖြစ်ပါတယ်။

“ဒီလျာထားတဲ့ သူတွေကို သဘောတူ မတူပေါ့၊  နောင်နှစ်မှာတော့ ဒီလိုလုပ်ဖို့ အတွက် အချိန်က နည်းနည်းလေး မလုံလောက် မှု ဖြစ်နေတယ်၊ဒါကြောင့်မို့ အခုစာမေးပွဲတွေလဲ ဖြေနေပြီဖြစ်တဲ့ ခါ ကျတော့ ကျွန်တော်တို့ အနေနဲ့ ကျောင်းအုပ်ကြီးတွေ အထက် တန်း၊ အလယ်တန်းကျောင်း အုပ်တွေပြီးရင်  ကျွန်တော်တို့ B.Ed ရာထူးတွေကိုတော့ သိရှိနိုင်ရန် ဆို ပြီး လျာထားစာရင်းတွေကိုတိုင်းဒေသကြီးပြည်နယ်တွေကိုပေးပို့ပါတယ်”လို့ ဝန်ကြီးကဆိုပါတယ်။

ပညာရေး ဝန်ထမ်းတွေကို ကျောင်းသားတွေရဲ့ တတ်မြောက်မှုကို ဆန်းစစ်ပြီးစာတတ်မြောက်မှုမကောင်းရင် ဝေးလံခေါင်ဖျား ဒေသတွေကိုပို့မယ်လို့ ဝန်ကြီးရဲ့ ပြောကြားချက်ကို ခွဲခြားဆက်ဆံတယ်လို့ တိုင်းရင်းသားဒေသ နေထိုင် သူ တွေက ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

ချိုဇင်မာဝင့် (ကုမုဒြာ)


No comments:

Post a Comment