Latest News

Saturday, February 11, 2017

နှစ် ၇၀ ပြည့်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပချိန် မြို့ထဲ လမ်းအချို့ ခေတ္တပိတ်မည်

နှစ် ၇၀ ပြည့်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပချိန် မြို့ထဲ

လမ်းအချို့ ခေတ္တပိတ်မည်

ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့ရှိ မဟာဗန္ဓုလပန်းခြံတွင် ပထမဆုံးအကြိမ်ကျင်းပမည့် နှစ် ၇၀ ပြည့် ပြည်ထောင်စုနေ့အခမ်းအနားကျင်းပချိန်တွင် ကားလမ်းအချို့ကို ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က အသိပေးကြေညာထားသည်။

အခမ်းအနားစတင်ကျင်းပမည့် ဖေဖော်ဝါရီ ၁၂ ရက်နေ့၌ နံနက် ၆ နာမှစတင်ကာ အခမ်းအနားပြီးဆုံးချိန်အထိ မဟာဗန္ဓုလပန်းခြံဝန်းကျင်ရှိ လမ်းမကြီးအချို့နှင့် လမ်းသွယ်များကို ပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။

ယင်းသို့ လမ်းပိတ်ထားရာတွင် မဟာဗန္ဓုလလမ်းအား ဆူးလေဘုရားလမ်းမှ ပန်ဆိုတမ်းလမ်းအထိလည်းကောင်း၊ ဘဏ်လမ်းအား ဆူးလေဘုရားလမ်းမှ ပန်းဆိုးတန်းလမ်းအထိ လည်းကောင်း၊ ကုန်သည်လမ်းအား ပန်းဆိုးတန်းလမ်းမှ ဆူးလေဘုရားလမ်း အထိလည်းကောင်း ခေတ္တလမ်းပိတ်ထားမည်ဖြစ်ရာ မဟာဗန္ဓုလလမ်း မှလာသော ယာဉ်လိုင်းများသည် ပန်းဆိုးတန်းလမ်း၊ ကမ်းနားလမ်း၊ ဆူးလေဘုရားလမ်း၊ ကုန်သည်လမ်းအတိုင်း မောင်းနှင်ကြရမည်ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုနေ့ အခမ်းအနားသို့တက်ရောက်မည့် ဧည့်သည်တော်များ၏ မော်တော်ယာဉ်များသည် ပန်းဆိုးတန်းလမ်းနှင့် ဆူးလေဘုရားလမ်းကြားရှိ ကုန်သည်လမ်းပေါ်တွင်လည်းကောင်း၊ ဘဏ်လမ်းပေါ်တွင် လည်းကောင်း၊ ပန်းဆိုးတန်းလမ်းပေါ်ရှိ ယာဉ်ပါကင်များတွင်လည်းကောင်း ရပ်နားနိုင်ကြောင်း ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က အသိပေးကြေညာထားသည်။

Sources : စန်းလင်းရွှေ( News Watch )

No comments:

Post a Comment