ငဖဲမြို့နယ်၊ ပဒါန်း၌ ထားရှိမည့် လွပ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်
အောင်ဆန်းကြေးရုပ်ထုဖွင့်ပွဲ ဗိုလ်ချုပ်မွေးနေ့ ဖေဖော်ဝါရီ ၁၃ တွင် ကျင်းပမည်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပဒါန်းတွင်ထားရှိမည့် လွပ်လပ်ရေးဖခင်ကြီး ဗိုလ်ချု ပ်အောင်ဆန်းကြေးရုပ်ထုကို ဗိုလ်ချုပ်မွေးနေ့ဖြစ်သည့် ဖေဖော်ဝါရီ(၁၃)ရက်နေ့တွင် ပဒါန်းပန်းခြံ၌ ဖွင့်ပွဲကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထုဖြစ်မြောက်ရေးကော်မတီကို ၂၀၁၆ မေလတွင် ကော်မတီစတင်ဖွဲ့စည်းကာ ငဖဲလူငယ်ကွန်ရက်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစန်းကြူ၊ ပဒါန်းလူငယ်များ၊ ရပ်မိရပ်ဖများ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်များ၊ NLD ပါတီဝင်များ၊ ကျေးရွာအုပ်ချူပ်ရေးမှူးတို့ ပူပေါင်းပြီး (၁၅) ဦး ကော်မတီဖွဲ့စည်ခဲ့ကြောင်း သိရသည်။
ဗိုလ်ချုပ်ကြေးရုပ်ထုကို ဇန်နဝါရီ (၂) ရက်နေ့တွင် ရန်ကုန်မြို့မှမကွေးသို့ သယ်ယူလာပြီး ဇန်နဝါရီ (၄) လွပ်လပ်ရေးနေ့တွင် ပဒါန်းသို့ ရောက်ရှိသည်။
ဗိုလ်ချုပ်ကြေးရုပ်အရွယ်အစားမှာ အမြင့်(၉)ပေ၊ ကြေးပိသာချိန် ၃၀၀ နီးပါးရှိကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထုဖွင့်ပွဲကို ဇာတ်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများအတူ စည်းကားသိုက်မြိုက်စွာ ကျင်ပမည့်ဖြစ်ကြောင်းဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီဥက္ကဌ ဦးကျော်ရွှေက ပြောသည်။
Sources : မျိုးလှိုင်ဝင်း(ငဖဲ)/ News Watch
Saturday, February 11, 2017
ငဖဲမြို့နယ်၊ ပဒါန်း၌ ထားရှိမည့် လွပ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်းကြေးရုပ်ထုဖွင့်ပွဲ ဗိုလ်ချုပ်မွေးနေ့ ဖေဖော်ဝါရီ ၁၃ တွင် ကျင်းပမည်
ငဖဲမြို့နယ်၊ ပဒါန်း၌ ထားရှိမည့် လွပ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်းကြေးရုပ်ထုဖွင့်ပွဲ ဗိုလ်ချုပ်မွေးနေ့ ဖေဖော်ဝါရီ ၁၃ တွင် ကျင်းပမည်
Reviewed by Ar Ti
on
12:19 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment