Latest News

Saturday, February 11, 2017

တရားဥပဒေစိုးမိုးရေး ပေါင်းတည်တွင် ဆန္ဒပြ

တရားဥပဒေစိုးမိုးရေး ပေါင်းတည်တွင် ဆန္ဒပြ

တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းစစ်ငြိမ်းချမ်းရေး၊ အကြမ်းဖက်မှုဆန့်ကျင်ရေးအတွက် ပေါင်းတည်မြို့မှာ `ဖေဖော်ဝါရီ ၁၁ ရက်နေ့က ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ပေါင်းတည်မြို့ အရပ်ဘက်အဖွဲ့အစည်းတွေက ဦးဆောင်ပြီး လူအင်အား ၄၀၀ ကျော်နဲ့ မြို့တွင်းကို လှည့်လည်ဆန္ဒပြတောင်းဆိုကြတာပါ။

“အခုလက်ရှိဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်တွေက ကာကွယ်ရေးဦးစီးချုပ်နဲ့ လက်ရှိအစိုးရ မှာ လုံးဝတာဝန်ရှိပါတယ်။ အဲဒါကြောင့် စစ်ပွဲတွေ အမြန်ဆုံးရပ်တန့်ပေးပါလို့ ဒီနေရာကနေတောင်းဆိုချင်ပါတယ်” လို့ အမျိုးသမီးဖွံဖြိုးတိုးတက်ရေးအဖွဲ့က ဖြူဖြူကျော်က ပြောပါတယ်။

အဲဒီဆန္ဒပြပွဲကို ပေါင်းတည်မြို့ ပြည်-ရန်ကုန်လမ်း ကုသိုလ်ဖြစ်ဆေးခန်းရှေ့မှာ စုရုံးစတင်ခဲ့ပြီး ၁ လမ်း၊ ၃၇ လမ်း၊ ၃၈ လမ်း မှတ်တိုင်လမ်း၊ ဘုရားကြီးလမ်း ၁၁ လမ်း၊ တာပွန်လမ်း ၁၉ လမ်း၊ အရှေ့လမ်း၊ ၆ လမ်း၊ ၇ လမ်း တွေကနေ အာဇာနည်ကျောက်တိုင် ရှေ့ထိ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

လမ်းတလျှောက်မှာ တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းစစ်ငြိမ်းချမ်းရေး၊ အကြမ်းဖက်မှုဆန့်ကျင်ရေး စတာတွေ ကြွေးကြော်ပြီး ဗွီနိုင်းတွေကိုင်ဆောင်ပြီး ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ချီတက်ပြီး နောက်ဆုံး အာဇာနည်ကျောက်တိုင်ရှေ့မှာ ကိုစောနိုင် နိုင်ငံရေးအကျဉ်းသားဟောင်းနဲ့အမျိုးသမီးဖွံဖြိုးတိုးတက်ရေးအဖွဲ့က ဖြူဖြူကျော် တို့က ဟောပြောပြီး ဆန္ဒပြပွဲကို ပြီးဆုံးခဲ့ပါတယ်။

Sources : သတင်းဓာတ်ပုံ - မင်းညို ( DVB )

No comments:

Post a Comment