အမေရိကန်တွင် လူအုပ်အတွင်း ကားဝင်တိုက်၍ အများအပြားဒဏ်ရာရ
အမေရိကန်နိုင်ငံ လူဝီစီယားနားပြည်နယ် နယူးအော်လိန်းစ်မြို့တွင် ပျော်ပွဲရွှင်ပွဲဆင်နွှဲနေသော လူအုပ်ကြီးအတွင်းသို့ ကားတစ်စီးက ၀င်တိုက်သဖြင့် လူအများအပြားဒဏ်ရာရခဲ့ပြီး အချို့ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။
လူမှုရေးတီးဝိုင်းကလပ်များ ဖျော်ဖြေမှုကို ကြည့်ရှုနေကြသော လူအုပ်ကြီးအတွင်း စနေညနေက ပစ်ကပ်ထရပ်ကားတစ်စီးက ၀င်တိုက်ခဲ့ခြင်းဖြစ်သည်။
ယာဉ်မောင်းသည် အရက်သေစာသောက်စားထားစဉ် ကားကိုမောင်းနှင်ခဲ့ဖွယ်ရှိပြီး ၎င်းကို ဖမ်းဆီးထိန်းသိမ်းထားသည်။
သို့သော် အကြမ်းဖက်ရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်သည့် သံသယမတွေ့ရဟု ဆိုသည်။
ယာဉ်မောင်းသည် ၎င်းဘာလုပ်ခဲ့မှန်း သတိပြုမိပုံမပေါ်ဟု မျက်မြင်သက်သေတစ်ဦးက ဒေသသတင်းမီဒီယာတစ်ခုအား ပြောကြားသည်။
‘‘သူက မူးကွဲနေပုံပဲ’’ ဟု မက်ကင်နစ်က New Orleans Advocate သတင်းအား ပြောသည်။
လူ ၂၁ ဦးကို ဆေးရုံသို့ ပို့ဆောင်ထားပြီး ငါးဦးမှာ ပြင်းထန်သည့် အခြေအနေတွင် ရှိကာ အခြားခုနစ်ဦးလည်း ဒဏ်ရာများရရှိခဲ့သည်ဟု ရဲချုပ် မိုက်ကယ်ဟာရီဆင်က ပြောကြားသည်။
Krewes ဟု လူသိများသည့် လူမှုရေးတီးဝိုင်းကလပ်များသည် ကာနီဗယ်ပွဲတော်အတွင်း နယူးအော်လိန်းစ်မြို့တွင် ပျော်ပွဲရွှင်ပွဲ အမျိုးမျိုးကို ဦးဆောင်ကျင်းပလေ့ရှိသည်။
—Ref: BBC
7Day News Journal
Sunday, February 26, 2017
အမေရိကန်တွင် လူအုပ်အတွင်း ကားဝင်တိုက်၍ အများအပြားဒဏ်ရာရ
အမေရိကန်တွင် လူအုပ်အတွင်း ကားဝင်တိုက်၍ အများအပြားဒဏ်ရာရ
Reviewed by Ar Ti
on
5:24 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment