Latest News

Friday, February 10, 2017

တပိုတွဲလပြည့်နေ့ ဥာဏ်ရိုးပူဇော်ပွဲအတွက် ပြည်မြို့တွင် ဥာဏ်ရိုးများ စတင်ရောင်းချ

တပိုတွဲလပြည့်နေ့ ဥာဏ်ရိုးပူဇော်ပွဲအတွက် ပြည်မြို့တွင် ဥာဏ်ရိုးများ စတင်ရောင်းချ


မြန်မာနိုင်ငံ၏ တစ်ခုတည်းသော ဒေသပွဲတော်တစ်ခုဖြစ်သည့် တပိုတွဲလပြည့်နေ့ ဥာဏ်ရိုးပူဇော်ပွဲ အတွက် ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ပြည်မြို့၊ ရွှေဆံတော်ဘုရားခြေရင်း တစ်ဝိုက်တွင် စတင်ရောင်းချနေပြီ ဖြစ်သည်။

အဆိုပါ ဥာဏ်ရိုးပူဇော်ပွဲမှာ တပိုတွဲလပြည့်နေ့ နံနက် (၄) နာရီတွင် စတင်မည်ဖြစ်ကာ ပြည်ရွှေဆံတော် စေတီမြတ်ကြီး၏ တောင်ဘက်မုဒ် မြေကွက်လပ်တွင် မီးဖိုကြီးဖိုကာ မြတ်စွာဘုရားရှင်အား ရည်စူး၍ ပူဇော်ကြခြင်းဖြစ်သည်။ ယင်းပူဇော်ပွဲတွင် ပူဇော်နိုင်ရန် ဥာဏ်ရိုးများကို တစ်ရက်ကြိုတင် ရောင်းချကြကာ အများစုမှာ ပြည်ဒေသတ၀ိုက် တောရွာများမှ လာရောက်ရောင်းချ ကြခြင်းဖြစ်ကြောင်း သိရသည်။

ယင်းဥာဏ်ရိုးပူဇော်မှု အလေ့အထမှာ ပျူခေတ်မှ စတင်ခဲ့သည်ဟု အဆိုရှိကာ နှစ်ပေါင်း နှစ်ထောင်ကျော် ကြာသည့်တိုင်အောင် ပြည်မြို့တွင် နှစ်စဉ်ပူဇော် နေကြဆဲလည်းဖြစ်ကာ ဥာဏ်ပင်များမှာ အပွအမျိုးအစားဖြစ်ပြီး ရေစပ်စပ်တွင် ပေါက်ရောက်ကာ မြေဆီသြဇာ အတွက်လည်း ကောင်းမွန်ကြောင်း ရောင်းချသူ အများစုမှာလည်း နှစ်စဉ်ဆိုသလို မိရိုးဖလာ လုပ်ကိုင်နေသည့် တောင်သူများလည်း ဖြစ်ကြသည်။

                                                                                                         Sources : Eleven Media Group

No comments:

Post a Comment