Latest News

Saturday, January 7, 2017

City FM Radio Station 15th Anniversary

City FM Radio Station 15th Anniversary


City FM ရေဒီယို ၏ ၁၅ နှစ်မြောက်အထိမ်းအမှတ် နှစ်ပတ်လည်အခမ်းအနားကို ဇန်နဝါရီ ၇ ရက်တွင် မင်းဓမ္မလမ်းရှိ MCC ခန်းမ၌ ပြုလုပ်ခဲ့သည်။





အဆိုပါအခမ်းအနားတွင် နှစ်စဉ်ချီးမြှင့်နေကြ ဂီတနှင့်သက်ဆိုင်သည့်ဆုများကိုလည်း ပေးအပ်ခဲ့သည်။ အဆိုပါဆုများမှာ ၂၀၁၆ ခုနှစ်အတွင်း ရောင်းအားအကောင်းဆုံးမြန်မာသံတေးစီးရီးသီဆိုသူ အမျိုးသားတေးသံရှင်ဆုကို သန်းဖေလေး ၊ ၂၀၁၆ ခုနှစ်အတွင်း ရောင်းအားအကောင်းဆုံးမြန်မာသံတေးစီးရီးသီဆိုသူ အမျိုးသမီးတေးသံရှင်ဆုကို ဝင်းလဲ့ချယ်ရီ ၊ ၂၀၁၆ ခုနှစ်အတွင်း ရောင်းအားအကောင်းဆုံးမြန်မာသံတေးစီးရီးထုတ်လုပ်သူဆုကို နုနုရီတေးထုတ်လုပ်ရေး ၊ ၂၀၁၆ ခုနှစ်အတွင်း ရောင်းအားအကောင်းဆုံးစတီရီယိုတးစီးရီးသီဆိုသူ အမျိုးသားတေးသံရှင်ဆုကို ရွှေထူး၊ ၂၀၁၆ ခုနှစ်အတွင်း ရောင်းအားအကောင်းဆုံးစတီရီ ယို တေးစီးရီးသီဆိုသူ အမျိုးသမီးတေးသံရှင်ဆုကို မိစန္ဒီ ၊၂၀၁၆ ခုနှစ်အတွင်း ရောင်းအားအကောင်းဆုံးစတီရီယိုတေးစီးရီးထုတ်လုပ်သူဆုကို ပြုံး ထုတ်လုပ်ရေး ၊ ၂၀၁၆ ခုနှစ်အတွင်းရေပန်းအစားဆုံး ပရိသတ်တောင်းဆိုမှုအများဆုံး အမျိုးသားတေးသံရှင်ဆုကို ဝေလ နှင့် ၂၀၁၆ ခုနှစ်အတွင်းရေပန်းအစားဆုံး ပရိသတ်တောင်းဆိုမှုအများဆုံး အမျိုးသမီးတေးသံရှင်ဆုကို နီနီခင်ဇော်တို့က ဆုများအသီးသီးရရှိခဲ့ကြသည်။

Sources; ဓာတ်ပုံ - ဇွဲဥာဏ် / 7 Day News Journal

No comments:

Post a Comment