Latest News

Wednesday, January 4, 2017

လူမျိုးဘာသာမခွဲ မေတ္တာထားဖို့ အရေးကြီးကြောင်း ယောဆရာတော်မိန့်ကြား

လူမျိုးဘာသာမခွဲ မေတ္တာထားဖို့ အရေးကြီးကြောင်း ယောဆရာတော်မိန့်ကြား

လူမျိုးဘာသာမခွဲ လူတိုင်းအပေါ်မေတ္တာထားဖို့ အရေးကြီးကြောင်း ယောဆရာတော် အရှင် သိရိန္ဒာဘိဝံသက  ယမန်နေ့က ပြည်သူ့ရင်ပြင်မှာပြုလုပ်တဲ့ နှစ်သစ်ကူးဓမ္မသဘင် ဒုတိယညမှာ တိုက်တွန်းဟောကြားခဲ့သည်။

“ မေတ္တာကို လက်မခံသော လူမျိုး၊ဘာသာ မရှိကြောင်း၊ လူမျိုးဘာသာအားလုံးပေါင်းဆုံရာ အလှတရားဟာ မေတ္တာတရားဖြစ်ကြောင်း၊ အများပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်အောင်   နေထိုင်ရာတွင်လည်း မေတ္တာတရားလိုအပ်ကြောင်း ဆရာတော်က မိန့်သည်။

ညစဉ် ၇နာရီတွင် စတင်ကျင်းပသွားမည့် အဆိုပါ ဓမ္မသဘင်၏ တတိယနေ့တွင် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ အရှင် နန္ဒမာလာဘိဝံသ၊ စတုတ္ထနေ့တွင် ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိကနှင့် နောက်ဆုံးနေ့တွင် ရဝေနွယ်အင်းမ ဆရာတော် အရှင်ရာဇိန္ဒ တို့က တရားတော်များ အသီးသီးဟောကြားသွားမှာ ဖြစ်ပြီး ပထမနေ့တွင် သီတဂူဆရာတော် ဒေါက်တာအရှင်ဥာဏိဿရက တရားဟောကြားခဲ့ပြီးဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် နှစ်သစ်ကူးဓမ္မသဘင်ကို ရွှေတိဂုံစေတီတော်၏ အနောက်ဘက်မုခ် ပြည်သူ့ရင်ပြင်၌ ဇန်န၀ါရီလ ၂ရက်နေ့ မှ ၆ရက်နေ့ထိ ငါးညတိုင်တိုင် ကျင်းပ ပြုလုပ်သွားမည်ဖြစ်သည်။

 Sources; Mizzima

No comments:

Post a Comment