Latest News

Wednesday, January 18, 2017

မိုးကုတ်မြို့နယ်အတွင်း ကျေးရွာ အချို့တွင် အအေးပိုလာ

မိုးကုတ်မြို့နယ်အတွင်း ကျေးရွာ အချို့တွင် အအေးပိုလာ

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်ရှိ ဘားနဒ်ကျေးရွာအုပ်စု၊ ရွာသာယာကျေးရွာအပါအဝင် အနီးတစ်ဝိုက်ရှိ ကျေးရွာများတွင် ဇန်နဝါရီ ၁၀ ရက်ဝန်းကျင်မှ စတင်ကာ ဆီးနှင်းများကျဆင်းပြီး နံနက်ပိုင်း အချိန်များတွင် ရေခဲသည်အထိ အအေးဒဏ်ပိုမိုခံစားလာရကြောင်း ဒေသခံများထံမှ သိရှိရသည်။


မိုးကုတ်မြို့အတွင်း နှစ်စဉ်နှစ်တိုင်း ဒီဇင်ဘာလဝန်းကျင်တွင် အအေးဒဏ်သိသိသာသာခံစားခဲ့ရပြီး ၂၀၁၇ ခုနှစ် တွင် အအေးပိုမိုလွန်ကဲလာသဖြင့် အချို့ကျေးရွာများမှာ နံနက်(၈)နာရီကျော်မှသာ နေရောင်စတင်မြင်ခွင့်ရ ကြောင်း သိရသည်။

မိုးကုတ်မြို့အနီးတစ်ဝိုက်တွင် ဇန်နဝါရီ ၁၇ ရက်က ဆီးနှင်းကျဆင်းရာ တောင်ကုန်းများ၊ အိမ်ခေါင်မိုးများပေါ် တွင် နှင်းများဖွေးနေပြီး နံနက်ပိုင်း(၄)နာရီဝန်းကျင်တွင် ရေခဲများဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ သိရသည်။

"ဒီနှစ်က အခါတိုင်းနှစ်ထက် အအေးပိုတယ်။ ဘာလို့လဲဆိုတော့ ညအိပ်ရင် နှင်းကျသံတွေဆက်တိုက်ကြားရ တယ်။ စောင်ခြုံထားတာ အအေးကမပေါ့ဘူး။ မနက်ဆို အိုးခွက်တွေထဲရှိတဲ့ရေတွေ အကုန်ခဲတယ်။ နှစ်စဉ် တော့ အေးနေကျပါ။ ဒီနှစ်မှာ သိသိသာသာအေးလာတာ တစ်ပတ်လောက်ရှိပြီ။ တစ်ရက်နဲ့တစ်ရက်တော့ မတူ ဘူး၊ ပိုအေးတာရှိသလို နည်းနည်းအအေးပေါ့တဲ့ ရက်လည်းရှိတယ်။"ဟု မိုးကုတ်မြို့နယ်၊ ရွာသာယာကျေးရွာ တွင်နေထိုင်သူ ကိုစိုးမင်းထိုက်ကပြောသည်။
မိုးကုတ်မြို့၏ တစ်ပါတ်တာအပူချိန်များမှာ ဇန်နဝါရီ ၁၁ ရက်တွင် (၅ ဒဿမ ၅)ဒီဂရီစင်တီဂရိတ်၊ ၁၂ ရက်တွင် (၄)ဒီဂရီစင်တီဂရိတ်၊ ၁၃ ရက်တွင်(၂ ဒဿမ ၈)ဒီဂရီစင်တီဂရိတ်၊ ၁၄ ရက်တွင် (၃)ဒီဂရီစင်တီဂရိတ် စသည် တို့ဖြစ်ပြီး စံချိန်တင်အပူချိန်မှာ ၁၉၉၂ ခုနှစ်၊ ဇန်နဝါရီလတွင် ရေခဲမှတ်အောက်ဖြစ်သည့် အနုတ်(၀.၈)ဒီဂရီစင် တီဂရိတ်အထိ ရှိခဲ့ဖူးကြောင်း မန္တလေးတိုင်းဒေသကြီး၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှူးဦးစီးဌာနမှ သိရသည်။

Sources: ရတနာပုံသတင်းစာ

No comments:

Post a Comment