Latest News

Sunday, January 22, 2017

တစ်ပတ်အတွင်း တောင်းပန်စာ ဖော်ပြရန် မျိုးကိုကိုစန်း မိခင် ပြောကြား

တစ်ပတ်အတွင်း တောင်းပန်စာ ဖော်ပြရန် မျိုးကိုကိုစန်း မိခင် ပြောကြား

နာမည်ကြီး မိန်းမလျာ အလှမယ် မျိုးကိုကိုစန်းကို အမှုမခိုင်လုံပဲ ဖမ်းဆီးစစ်ဆေးခံရမှုနှင့် ပတ်သက်၍ နစ်နာအောင် ပြုလုပ်ခဲ့သူက နိုင်ငံပိုင်သတင်းစာတွင် တစ်ပတ်အတွင်း တောင်းပန်စာ ဖော်ပြရမည်ဟု မျိုးကိုကိုစန်း၏ မိခင်က ပြောကြားလိုက်သည်။

နစ်နာသူ ပြုလုပ်ခဲ့သူမှာ သရုပ်ဆောင် ဝတ်မှုန်ရွှေရည် သို့မဟုတ် ရဲတပ်ဖွဲ့ သို့မဟုတ် မည်သူ ဖြစ်ကြောင်းကို မီဒီယာများက မေးမြန်းခဲ့သောလည်း ဖြေကြားခြင်း မရှိခဲ့ပေ။

ဗိုလ်တထောင်မြို့နယ် Orchid Hotel ၌ ဇန်နဝါရီလ ၂၃ ရက် နံနက် ၁၁ နာရီတွင် ဆက်သွယ်ရေး ဥပေဒပုဒ်မ ၆၆(ဃ) ဖြင့် ဖမ်းဆီးခံရသူ မျိုးကိုကိုစန်းက အများပြည်သူ အဖြစ်မှန် သိစေရန်နှင့် တရားမျှတမှု ရှိစေရန်အတွက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာတွင် မျိုးကိုကိုစန်း၏ မိခင်က ထည့်သွင်းပြောကြားခြင်းခဲ့ခြင်း ဖြစ်သည်။

အနုပညာရှင်များ၏ အကြောင်း ပုပ်ခတ်ရေးသားလေ့ ရှိသော Cele Cele Small Page အကောင့်ပိုင်ရှင်ကို ဖော်ထုတ်အရေးယူပေးပါရန် သရုပ်ဆောင် ဝတ်မှုန်ရွှေရည်၏ တိုင်ကြားချက်အရ ထိုင်းနိုင်ငံမှ ရန်ကုန်ပြန်လာသည့် ၂၀၁၄ ခုနှစ် Miss Internation Queen Myanmar ဆုရရှိထားသူ မျိုးကိုကိုစန်းကို ရန်ကုန်လေဆိပ်တွင် ဇန်နဝါရီလ ၁၇ ရက်နေ့ညက ရဲတပ်ဖွဲ့၏ ဖမ်းဆီးမှုကို ခံရပြီး ရန်ကင်းမြို့မ ရဲစခန်းတွင် ထိန်းသိမ်းခံခဲ့ရသည်။

မျိုးကိုကိုစန်း၏ လက်ကိုင်ဖုန်းများကို နေပြည်တော်ရှိ မှုခင်းတပ်ဖွဲ့ခွဲရုံး (စီအိုင်ဒီ) သို့ ပေးပို့ကာ ကျွမ်းကျင်သူတို့၏ ထင်မြင်ချက် တောင်းခံခဲ့ရာ Cele Cele Small Page အကောင့်နှင့် လုံးဝပတ်သက်မှု မရှိကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် အချုပ်မှ ပြန်လွှတ်လာခဲ့ခြင်း ဖြစ်သည်။

Sources : The Voice

No comments:

Post a Comment