Latest News

Sunday, January 22, 2017

ကားနှင့်ဆိုင်ကယ် ငြိရာမှ သားအဖနှစ်ဦးက ဓားဖြင့်ဝိုင်းခုတ်၍ အမျိုးသားတစ်ဦး သေဆုံး

ကားနှင့်ဆိုင်ကယ် ငြိရာမှ သားအဖနှစ်ဦးက ဓားဖြင့်ဝိုင်းခုတ်၍ အမျိုးသားတစ်ဦး သေဆုံး

ဒဂုံဆိပ်ကမ်းမြို့နယ် (၈၈)ရပ်ကွက်အတွင်း ကားနှင့် ဆိုင်ကယ်ငြိရာမှ ဆိုင်ကယ်စီးလာသည့် သားအဖနှစ်ဦးက ဓားဖြင့်ဝိုင်းခုတ်ရာ အသက် (၄၈)နှစ် အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဒဂုံဆိပ်ကမ်းမြို့နယ် (၈၈)ရပ်ကွက်နေ အသက် (၄၈)နှစ်အရွယ် ဦးသန်းဝင်းသည် ဇန်န၀ါရီ ၂၁ ရက် ည ၉ နာရီခွဲတွင် အမျိုးသားလေးဦးနှင့်အတူ ကားမောင်းကာ အိမ်သို့ပြန်လာစဉ် နှင်းဆီလမ်းနှင့် သောကမြိုင် (၂) လမ်းထောင့်သို့အရောက်၌ ဆိုင်ကယ်တစ်စီးနှင့် ချိတ်မိခဲ့သည်။


ထို့နောက် အဆိုပါ ဆိုင်ကယ်ပေါ်ရှိ အသက်(၆၀)အရွယ်ဦးတင့်ဆွေနှင့် စကားများရန်ဖြစ်ကာ ဦးတင့်ဆွေနှင့် ၎င်း၏သား အသက် (၂၂) နှစ်အရွယ် ရဲသန်း ဇော်လင်းတို့က ဦးသန်းဝင်းကို ငှက်ကြီးတောင်ဓားဖြင့် ခုတ်ကြကြောင်း  ဒဂုံဆိပ်ကမ်းမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။

ဆိုင်ကယ်စီး သားအဖနှစ်ဦးက အရိုးအသွား ၂၆ လက်မရှိ ငှက်ကြီးတောင် ဓားကိုယ်စီဖြင့် ခုတ်လိုက်၍ ဦးသန်းဝင်း၏ ဘယ်ဘက် လည်ပင်းတွင် ပြတ်ရှဒဏ်ရာရရှိ သွားခဲ့ရာ သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ပို့ဆောင်စဉ်လမ်း၌ သေဆုံးခဲ့ကြောင်း ၎င်းကပြောသည်။

ဦးတင့်ဆွေနှင့် ရဲသန်းဇော် လင်းတို့နှစ်ဦးကို ဒဂုံဆိပ်ကမ်းမြို့ မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း ဆိပ်ကမ်းမြို့မရဲစခန်းမှ သိရသည်။


Sources: 7Day News Journal

No comments:

Post a Comment