Latest News

Monday, January 2, 2017

မြောက်ကိုးရီးယားအပေါ် တောင်ကိုးရီးယားက မျက်ခြေမပြတ်စောင့်ကြည့်မယ်

မြောက်ကိုးရီးယားအပေါ် တောင်ကိုးရီးယားက မျက်ခြေမပြတ်စောင့်ကြည့်မယ်

မြောက်ကိုးရီးယား နျူးကလီးယားစမ်းသပ်မှုတွေအပေါ် မျက်ခြေမပြတ် စောင့်ကြည့်သွားမဲ့အကြောင်း တောင်ကိုးရီးယားအစိုးရက ဇန်န၀ါရီလ-၂ ရက်နေ့က ပြောကြားလိုက်ပါ တယ်။

 တာဝေးပစ်ဒုံျးကည်တွေအပါအ၀င် နျူကလီးယားစမ်းသပ်မှုတွေကို ဆက်လုပ်သွားမဲ့အကြောင်း မြောက်ကိုးရီးယား သမတ-ကင်ဂျုံအွန်းက နှစ်သစ်ကူးမိန့်ခွန်းမှာထဲ့သွင်း ပြောကြားခဲ့တဲ့အပေါ် တောင်ကိုးရီးယားဘက်က အခုလို ချက်ချင်းတုန့်ပြန်လိုက်တာဖြစ်ပါတယ်။

ဒီိကိစ္စနဲ့ပတ်သက်ပြီး တောင်ကိုးရီးယားပြန်လည်ပေါင်းစည်းရေ၀န်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က “မြောက်ကိုးရီးယားရဲ့ နျူးကလီးယားအစီအစဉ်တွေနဲ့ ပတ်သက်ပြီး အနဲဆုံး မိုင် ၃၀၀၀ ကျော်လောက်ကို ပစ်ခတ်နိုင်တဲ့  (ICBM) တာဝေးပစ်ဒုံးကျည်စမ်း သပ်မှုတွေ နောက်ဆုံးအဆင့်ရောက်နေပြီလို့ ပြောခဲ့ပါတယ်။ ဒါဟာ နျူးကလီးယားလက်နက်သုံးပြီး နိုးဆွမှုတွေ ဆက်လုပ်မယ်ဆိုတာကို ပြသတာပါဘဲ”လို့ ပြောကြားသွား ပါတယ်။

 တောင်ကိုးရီးယား လူထုရေးရာဆိုင်ရာ ပူးတွဲစစ်ဦးစီးချုပ်ကလည်း “ဘယ်တော့ထပ်စမ်းသပ်အုန်းမလဲဆိုတာ မှန်းရခက်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ကတော့ အနီးကပ် မျက်ခြေမပြတ်စာင့်ကြည့်နေပါတယ်”လို့ ပြောကြားသွားပါတယ်။

ICBM-တာဝေးပစ်ဒုံးလက်နက်တွေဟာ မိုင် ၃၄၁၈ မိုင်လောက်ကို ပစ်ခတ်နိုင်ပြီး အထူးပြုလုပ်ထားတဲ့ ဒုံးလက်နက်တစ်ချို့ကတော့ မိုင်ပေါင်း ၆၀၀၀ ကျော်လောက်အထိ ပစ်ခတ်နိင်ကြောင်း ရိုက်တာသတင်းမှာ ဖေါ်ပြထားပါတယ်။

Sources;Aye Aye Mon DVB Journalist

No comments:

Post a Comment