Latest News

Sunday, January 1, 2017

"ခုနစ်ဆယ့်ငါးပြားတွေ ဝင်မလာနဲ့"

"ခုနစ်ဆယ့်ငါးပြားတွေ ဝင်မလာနဲ့"


လွတ်လပ်ရေးကြိုးပမ်းမှုကာလမှာ ကရင်/မွန် လမ်းကြောင်း
ကဝင်လာတဲ့ ဂျပန်/ဘီအိုင်အေ ပူးပေါင်းစစ်ကြောင်းရဲ့လှုပ်
ရှားမှုသတင်းတွေကို ပေါင်မြို့နယ်ထဲက သဲဖြူ ကုန်းရွာ
သူကြီးကုလားက  အင်္ဂလိပ်တွေဆီကို  ဝါယာလက်စက်နဲ့
တောက်လျှောက် သတင်းပို့တယ်။

ဒါကို မျိုးချစ်စိတ်ရှိတဲ့ရွာသားတွေကတွေ့တော့ ဖမ်းခေါ်လာ
ပြီး သက်သေအထောက်အထားဆက်သွယ်ရေးစက်တွေနဲ့
တကွ ဘီအိုင်အေကို အပ်တယ်။

ဘီအိုင်အေတပ်က စစ်ခုံရုံးဖွဲ့လိုက်တယ်။ တော်လှန်ရေးအ
စ စစ်ဦးဘီလူးကာလမို့ ဒီလိုသစ္စာဖေါက်ကိုခွင့်လွှတ်လိုက်
ရင် နောင်ဒါ့ထက်ဆိုးလာနိုင်တဲ့သူတွေပေါ်လာမှာစိုးလို့ ဒီ
ကုလားကို သေဒဏ်ပေးဖို့ ဘီအိုင်အေ စစ်ခုံရုံးကဆုံးဖြတ်
လိုက်တယ်။

စစ်ခုံရုံးက ဆုံးဖြတ်ပြီးနောက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်း
ကိုယ်တိုင် အဲဒီအမျိုးသားသစ္စာဖေါက်လောက်ကောင်ကို
မုတ္တမဘော်လုံးကွင်းထဲမှာ အများပြည်သူရှေ့မှာပဲ ဂျပန်
ဓားနဲ့ ခေါင်းဖြတ်ကွပ်မျက်ခဲ့တယ်။ ချက်ချင်းမသေလို့ တ
ခြားရဲဘော်တစ်ယောက်က   စတင်းဂန်းနဲ့ ထပ်ဆွဲလိုက်
တယ်လို့ဆိုတယ်။

ဂျပန်အပြေး အင်္ဂလိပ်လည်းပြန်ဝင်လာရော ရဲဘော်သုံး
ကျိပ်ထဲမှာပါတဲ့ သခင်ထွန်းအုပ်ဟာ အင်္ဂလိပ်ဘုရင်ခံကို
ဒီကိစ္စနဲ့ပတ်သက်ပြီး သခင်အောင်ဆန်းကိုအရေးယူမယ်
ဆိုရင် သူသက်သေလိုက်ပေးပါ့မယ်လို့ပြောပြီးတော့ ဗိုလ်
ချုပ်ကို အင်္ဂလိပ်က လူသတ်မှုနဲ့အရေးယူအောင် ကြံစည်
ခဲ့တယ်။

သဘောကတော့ သခင်အောင်ဆန်း  နိုင်ငံရေးအရသေ
ဆုံးသွားအောင် ယုတ်မာတာ  ဖြစ်တယ်။ ဒါပေမဲ့ သခင်
အောင်ဆန်းကဘာမှမဖြစ်ဘဲ ဒီသတင်းကအပြင်ကိုပြန့်
သွားတဲ့အတွက် သခင်ထွန်းအုပ်သာ နိုင်ငံရေးလောက
ကနေ စုန်းစုန်းမြုပ်သွားခဲ့တယ်။

အင်္ဂလိပ်ဘုရင်ခံက ဒီကိစ္စနဲ့ပတ်သက်ပြီး  လန်ဒန်ကို သံ
ကြိုးရိုက်တင်ပြတယ်။ လန်ဒန်က "အောင်ဆန်းကိုဖမ်းရင်
ဘာဖြစ်နိုင်မလဲ"လို့မေးတယ်။ ဘုရင်ခံက "သူပုန်ထဖွယ်
ရှိနိုင်တယ်" လို့ ပြန်ဖြေတယ်။  ဒါနဲ့ အင်္ဂလန်က သီးသန့်
ညွှန်ကြားချက်  နောက်ထပ်   မလာတော့တာနဲ့ ဘုရင်ခံ
လည်း ဒီကိစ္စကို စိတ်ဝင်တစားဘာမှမလုပ်တော့ဘူး။

သခင်ထွန်းအုပ်ဆိုတာ တစ်ချိန်က မြန်မာစာအဖွဲ့ဝင် ဆ
ရာကြီးနန်းညွန့်ဆွေရဲ့ ဦးလေးဖြစ်တယ်။  နန်းညွန့်ဆွေ
ဆိုတာ ကိုဇာဂနာရဲ့ ဖခင်ဖြစ်တယ်။   ဒါ့ကြောင့် သခင်
ထွန်းအုပ်ဆိုတာ ကိုဇာဂနာရဲ့ ဘကြီးတော်တယ်။ ဒီလို
ပြောလိုက်လို့ သခင်ထွန်းအုပ်နဲ့ ဇာဂနာအတူတူပဲလို့ဆို
လိုတာမဟုတ်။

သခင်ထွန်းအုပ်က ရဲဘော်သုံးကျိပ်ဝင်အဖြစ်  စထွက်က
တည်းက အခွင့်အရေးသမား။ ဇာဂနာဘယ်လိုလူစားလဲ
ဆိုတာ တိုင်းသိပြည်သိ။

အခုလတ်တလော   ရခိုင်ပြည်နယ်က ဗီဒီယိုဖိုင်တင်တဲ့
အမျိုးသားသစ္စာဖေါက်နဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်တောင်မှ
ကုလားသူကြီးကို တိုင်းပြည်သစ္စာဖေါက်တဲ့အတွက် သူ
ကိုယ်တိုင် မုတ္တမဘော်လုံးကွင်းထဲမှာ ကုလားသူကြီးကို
ဓားနဲ့ ကွပ်မျက်ခဲ့ကြောင်း အတိုလေးရေးတင်လိုက်တယ်။

ဒါကို   စောက်ဆရာကြီးလိုလို   ဘာလိုလိုတစ်ကောင်က
"ဒီကိစ္စ က ဗိုလ်​ချူပ်​ကိုယ့်​တိုင်​က ကိုယ့်​လိပ်​ပြာ ကိုယ့်​သန့်
ပါတယ်​ဆိုတဲ့ စာသား​လေးပါတဲ့စာအုပ်​ကိုရှာဖတ်​လိုက်​ပါ
အုံး စာဖတ်​မနှံစပ်​ပဲနဲ့​တော့ fb အား  တလွတ်​​မ​ရေး​စေချင်
ဘူးဦး​လေး" ဆိုပြီး စောက်ဆရာကြီးလုပ် ဝင်ရေးလာတယ်။

နောက်တစ်ယောက်ကလည်း ဗိုလ်ချုပ်နဲ့တော့ ဥပမာမပေး
သင့်ပါဘူးတွေဘာတွေရေးထားတာတွေ့ရတယ်။ ဘာလဲ
မင်းတို့က လူမှုကွန်ရက်ကင်ပေတိုင်လား။

စောက်ဆရာကြီးလုပ်ချင်တဲ့ကောင် သေသေချာချာဖတ်။
ငါပြောတဲ့အကြောင်းအရာတွေသည်  လွန်ခဲ့တဲ့ ၁၈ နှစ်
လောက်က သခင်အောင်ဖေရဲ့   မိုးဂျာနယ်မှာ ကိုသန်း
(ကြည့်မြင်တိုင်) ရေးခဲ့တဲ့ ဆောင်းပါးတွေကိုဖတ်ပြီး ပြန်
ရေးတာဖြစ်တယ်။ ကိုသန်း (ကြည့်မြင်တိုင်)ဆိုတာဘာ
လဲဆိုတာ ကိုယ့်ဘာသာလေ့လာ။

ငါ့စာထဲမှာ ဗိုလ်ချုပ်ကို  မတော်မတရား  ပြောထားတာမျိုး
ဘယ်နှလုံးပါသလဲ။ မင်းပြောတဲ့ ကိုယ့်လိပ်ပြာကိုယ်သန့်
ပါတယ်လို့ ဗိုလ်ချုပ်ပြောခဲ့တာဟာ အင်္ဂလိပ်ဘုရင်ခံကိုယ်
တိုင် ခေါ်မေးတဲ့အချိန်မှာ ပြောခဲ့တာ။ မင်းပြောတာမပြည့်
စုံသေးဘူး။

ဘုရင်ခံခေါ်မေးတဲ့အချိန်မှာ  ဗိုလ်ချုပ်က "မှန်တယ်၊ ဒါပေ
မဲ့ ဒီကိစ္စကို ကျွန်တော်တစ်ယောက်တည်း အမိန့်အာဏာ
နဲ့ လုပ်ခဲ့တာ မဟုတ်ဘူး။ စစ်ခုံရုံးဖွဲ့တယ်။ အဲဒီစစ်ခုံရုံးက
ဒီသစ္စာဖေါက်သူကြီးကို သေဒဏ်ပေးလိုက်တာဖြစ်တယ်။
အဲဒီတာဝန်ကိုယူပြီး ကျွန်တော်ကဆောင်ရွက်လိုက်တာ
ဖြစ်တယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ကိုယ့်လိပ်ပြာကိုယ်သန့်
ပါတယ်" လို့ ပြောခဲ့တာ။

နေရာတကာ တွေ့သမျှအကောင့်ထဲဝင်ပြီး ဆရာကြီးဝင်
မလုပ်နဲ့။ ငါ့ကိုဘာတင်ပါ ဘာလုပ်ပြီးမှတင်ပါလို့ပြောရ
အောင် မင်းအမေလင်မဟုတ်ဘူး၊ မင်းလခစားလည်းမ
ဟုတ်ဘူး။ ရှင်းလား။

စာဖတ်မနှံ့စပ်ဘဲနဲ့ FB ပေါ်တင်တယ်ပြောရအောင် ဘ
ဝတစ်လျှောက်လုံးမှာ ငါ့ချွေးနည်းစာနဲ့ဝယ်ဖတ်ခဲ့တဲ့စာ
အုပ်တန်ဖိုးရဲ့ ဆယ်ပုံပုံတစ်ပုံတောင် မင်းမဖတ်ဖူးသေး
လောက်ဖူး။ အိုကေနော်။ ဒီစာဖတ်ပြီးရင် မင်းညောင်း
တော့။ မင်းကိုဒီစာဖတ်စေချင်လို့ မဘလော့သေးဘူး။

ဖတ်ပြီးရင်ညောင်း၊ မင်းမညောင်းလည်း ငါဘလော့မှာ။
ငါ့အကောင့်ထဲ ၇၅ ပြားနဲ့ ဝင်မလာနဲ့။ Comment Box
ပုပ်တယ်။

ရဲကျော်သူရ

စာညွှန်း - လွန်ခဲ့တဲ့ ၁၈ နှစ်ခန့်က လစဉ်ထုတ်မိုးဂျာနယ်
များ

No comments:

Post a Comment