Latest News

Sunday, January 1, 2017

အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ) ၏ နှစ်သစ်ကူးဆုတောင်း

အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ) ၏ နှစ်သစ်ကူးဆုတောင်း

ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်
လူထုခေါင်းဆောင်ရဲ့ ဦးဆောင်မှုနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ လုပ်ဆောင်ခွင့်ရတာဟာ သက်ဆိုင်သူတွေအတွက်ရော နိုင်ငံသားအားလုံးအတွက်ပါ တစ်သက်တစ်ခါ ကြုံတောင့်ကြုံခဲ
အခွင့်ထူးကောင်းကြီး ဖြစ်ပါတယ်။

သက်ဆိုင်သူတွေအနေနဲ့ ကိုယ့်ရဲ့ အကျိုးစီးပွားသာမက ကိုယ့်နိုင်ငံသားအားလုံးရဲ့ အကျိုးစီးပွားကို ရှေ့တန်းတင်မယ်ဆိုရင် ငြိမ်းချမ်းရေးပြဿနာတွေကို အလွယ်တကူ ဖြေရှင်းနိုင်မှာပါ။

နိုင်ငံသားအားလုံးကလည်း စစ်ပွဲတွေကို ထောက်ခံခြင်း၊ လူထုခေါင်းဆောင်ကို ပုတ်ခတ်ခြင်းစတဲ့ ငြိမ်းချမ်းရေးရဲ့ ဆန့်ကျင်ဘက်လုပ်ရပ်တွေကို ရှောင်ကျဉ်ပြီး ငြိမ်းချမ်းရေးသဘောတရား မျှဝေခြင်း၊ လူထုခေါင်းဆောင်ကို ဝန်းရံခြင်းစတဲ့ ငြိမ်းချမ်းရေးအထောက်အကူပြု လုပ်ရပ်တွေကို လုပ်ဆောင်ကြမယ်ဆိုရင် ငြိမ်းချမ်းရေးပန်းတိုင်ဟာ အလှမ်းမဝေးတော့ပါဘူး။

တိုင်းပြည်အနှံ့ ဖွံ့ဖြိုးတိုးတက်ခြင်းရဲ့
အဓိကအရင်းအမြစ်ဖြစ်တဲ့ အလုံးစုံငြိမ်းချမ်းရေး
အမြန်ဆုံး ရပါစေလို့ပဲ ၂၀၁၇ နှစ်သစ်အတွက် ဆုမွန်ကောင်းတောင်းလိုက်ချင်ပါတယ်။

အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)

No comments:

Post a Comment