Latest News

Thursday, January 5, 2017

ယာဉ်အိုယာဉ်ဟောင်း အပ်နှံခွင့်သက်တမ်း လျှော့ချပေးခြင်း ယခုနှစ်လယ်ပိုင်းတွင် စတင်ရန်စီစဉ်နေဟုဆို

ယာဉ်အိုယာဉ်ဟောင်း အပ်နှံခွင့်သက်တမ်း လျှော့ချပေးခြင်း ယခုနှစ်လယ်ပိုင်းတွင် စတင်ရန်စီစဉ်နေဟုဆို

ဈေးကွက်အတွင်း ကားစလစ်ရှားပါးမှုကြောင့် ယခုအစီအစဉ်ကို စီစဉ်ခြင်းဖြစ်သည်။ (ဓာတ်ပုံ − စိုင်းဇော်)

စက်မှုဇုန်ထုတ် ယာဉ် အိုယာဉ်ဟောင်းအပ်နှံခွင့်သက် တမ်း လျှော့ချပေးခြင်းကို ၂၀၁၇ နှစ်လယ်တွင် စတင်ခွင့်ပြုမည်ဖြစ် ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သတင်း ရရှိသည်။

ပြည်တွင်းကားဈေးကွက်၌ စလစ်ရှားပါးနေခြင်းကို ဖြေရှင်း ရေး ယခုကဲ့သို့စက်မှုဇုန် ကားများ ၏ သက်တမ်းကို လျှော့ချအပ်နှံခွင့်ပေးရန် စီစဉ်နေခြင်းဖြစ် သည်။

လျှော့ချပေးမည့် သက်တမ်း ကို စတင်အပ်နှံခွင့်ပြုမည့်ရက် ရောက်ရှိမှသာ ထုတ်ပြန် ကြေညာမည်ဖြစ်ကြောင်း က ညန ဒုတိယညွှန်ကြားရေးမှူးက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ က စက်မှု ဇုန်ထုတ်ကားများကို နှစ်အကန့် အသတ်မရှိ အပ်နှံခွင့်ပြုခဲ့ရာ မသ မာမှုများပြုလုပ်၍ လာရောက် အပ်နှံမှုများ ပြုလုပ်လာသော ကြောင့် စက်မှုဇုန်ထုတ်ကား များ ၏ အပ်နှံခွင့်သက်တမ်းကို ၁၀ နှစ် ရှိမှသာ လက်ခံမည်ဟု ပြန်လည် ကြေညာခဲ့သည်။

ယခုအခါ အပ်နှံခွင့်သက် တမ်းကို ပြန်လည်ဖြေလျှော့ပေး မည်ဖြစ်ရာ မသမာမှု ပြုလုပ်ပြီး  လာရောက်အပ်နှံမှုများ မရှိစေရန် ဆောင်ရွက်မည်ဟုဆိုသည်။

အထူးသဖြင့် အမှန်တကယ် ယာဉ်မတိုက်ဘဲ တိုက်ကြေအ သွင်ဆောင်ပြီး လာရောက်အပ်နှံ ခြင်းများတွေ့ရှိပါက တည်ဆဲဥပ ဒေအရ ပြင်းထန်စွာ အရေးယူ မည်ဟုသတင်းရရှိသည်။

မော်တော်ယာဉ် တင်သွင်း ရောင်းချသူများက စက်မှုဇုန် ထုတ်ကားများကို ၂ နှစ်မှ ငါးနှစ်အတွင်း လျှော့ချနိုင်ဖွယ်ရှိ ကြောင်း သုံးသပ်လျက်ရှိသည်။

ပြည်တွင်း၌ ကားတင်သွင်း မှု မူဝါဒအပြောင်းအလဲများ ပြု လုပ်ပြီးနောက် တစ်နိုင်တစ်ပိုင် ကားတင်သွင်းသူ အများစုသည် ဖရီးပါမစ်ဖြင့် တင်သွင်းခြင်းထက် ယာဉ်အိုယာဉ်ဟောင်း အပ်စလစ် ထုတ်ကာ ကားတင်သွင်းရန် ပိုမို စိတ်ဝင်စားလာကြောင်း သတင်း ရရှိသည်။

လက်ရှိပြည်တွင်းကားဈေး ကွက်အတွင်း လျှောက်ထားခွင့် ပိတ်ထားသည့် တစ်ဦးချင်းတင် သွင်းခွင့်ရှိသည့် ဖရီးပါမစ်များကို ဈေးကွက်အတွင်း ပြန်လည်ရောင်းချမှုများရှိကာ ပါမစ် တစ်စောင်လျှင် ကျပ်သိန်း ၂၀ အထိပေါက်ဈေးရှိကြောင်း သတင်းရရှိသည်။

စလစ်တစ်စောင်လျှင် ကျပ်သိန်းတစ်ရာခန့်ရှိနေပြီး ၀ယ်ယူရန် ဈေးကွက်အတွင်း အလွန်ရှားပါးနေကြောင်း ကားအရောင်းအ၀ယ်ပြုလုပ်သူများက ဆိုသည်။ လူကြိုက်များပြီး နှစ်သစ်တွင် တင်သွင်းခွင့်မရှိတော့သည့် ဟွန်ဒါဖစ်၊ ဗစ်၊ ပတ်ဆိုကဲ့သို့ ၂၀၁၀ မော်ဒယ် အောက်ကားများ ကျပ်သိန်း ၁၆၀ နှင့် ၁၈၀ကြားဈေးပေါက်ကြောင်း ကားဝယ်ရောင်း လုပ်ကိုင်နေသူ အချို့က ပြောသည်။


Sources; 7 Day News Journal

No comments:

Post a Comment