Latest News

Sunday, January 15, 2017

ဧရာဝတီတံတား(ရတနာပုံ)တွင် သုံးဘီးနှင့် ဆိုင်ကယ်တက္ကစီများကို စိစစ်ကြပ်မတ်

ဧရာဝတီတံတား(ရတနာပုံ)တွင် သုံးဘီးနှင့် ဆိုင်ကယ်တက္ကစီများကို စိစစ်ကြပ်မတ်


ခရီးသည်များလုံခြုံရေး အတွက် ဧရာဝတီတံတား(ရတ နာပုံ)အရှေ့ဘက်ထိပ်တွင် သုံး ဘီးနှင့် ဆိုင်ကယ်တက္ကစီများအား မှတ်တမ်းယူစာရင်းသွင်းပြီးမှ ပြေး ဆွဲခွင့်ပြုထားကြောင်း အမရပူရ မြို့နယ် ရွှေကြက်ယက်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူ များက ပြောသည်။

မန္တလေးတိုင်းဒေသကြီးမှ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းဒေသ ကြီး၊ ချင်း၊ ကချင်ပြည်နယ်များသို့ ကူးသန်းရာတွင် အဓိကဆုံချက် ဖြစ်သည့် ဧရာဝတီတံတား(ရတ နာပုံ)အရှေ့ဘက်ထိပ်တွင် အ များပြည်သူသွားလာရေးအနှောင့် အယှက်မဖြစ်စေရန်နှင့် ခိုး၊ ဆိုး၊ နှိုက်များ ပပျောက်စေရန် ခရီး သည်ပို့ဆောင်နေသော ဆိုင် ကယ်၊ သုံးဘီးယာဉ်မောင်းများ အား အမည်၊ မှတ်ပုံတင်၊ ယာဉ် မောင်းလိုင်စင်များကို စာရင်း သွင်းမှတ်တမ်းယူပြီးမှ ပြေးဆွဲခွင့် ပြုထားသည်ဟု ဆိုသည်။

‘‘ဒီမှာ ပြေးဆွဲနေတဲ့သူတွေ ကတော့ ရွှေကြက်ယက်က လူ တွေ များပါတယ်။ တခြားကလည်း လာတာတွေ ရှိပါတယ်။ အခု နောက်ပိုင်း လုယက်မှုတွေ အား ကောင်းလာတော့ မကောင်းတာ လုပ်မယ့်သူတွေက ဆိုင်ကယ် တက္ကစီသမားယောင်ယောင်ပုံစံ နဲ့ ရောက်လာမှာစိုးလို့ အဟန့်အ တားသဘောမျိုးဖြစ်အောင် ကြို လုပ်ထားတဲ့သဘောပါ’’ဟု ရွှေ ကြက်ယက်ကျေးရွာအုပ်ချုပ်ရေး မှူး ဦးစက်အောင်က ပြောသည်။

ရတနာပုံတံတားအနောက် ထိပ်သို့ လာရောက်ပြေးဆွဲနေကြ သည့် ဆိုင်ကယ်နှင့် သုံးဘီးတက္က စီမောင်းနှင်သူများအား အဖွဲ့ဖွဲ့ စေပြီး စနစ်တကျ အလှည့်ကျပြေး

ဆွဲရေး၊ ဈေးနှုန်းမှန်ကန်ရေးမှာ ကြားထားကြောင်း အုပ်ချုပ်ရေး မှူးက ပြောသည်။

ဧရာဝတီတံတား(ရတနာပုံ) အရှေ့ထိပ်မှ အမရပူရမြို့သို့သွား သည့် စစ်ကိုင်း-မန္တလေးလမ်း တစ်လျှောက်သည် ညဘက်တွင် လူပြတ်ပြီး ပစ္စည်းလုယက်မှုများ မကြာခဏ ဖြစ်ပေါ်နေကြောင်း စစ်ကိုင်းနှင့် အမရပူရဒေသခံများ က ပြောသည်။ ထိုသို့ လုယက်မှု များဖြစ်ပေါ်နေသဖြင့် ရတနာပုံ တံတားဝန်းကျင်တွင် လှည့်ကင်း၊ ရပ်ကင်းများဖြင့် နေ့၊ ညတာဝန်ချ ထားကြောင်း အမရပူရမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဧရာဝတီတံတား(ရတနာပုံ) ထိပ်အပြင် တံတားပေါ်တွင် ကား များ၊ ပြိုင်ကားများ၊ ဆိုင်ကယ် များ၊ ယာဉ်အန္တရာယ်မဖြစ်ပွားစေ ရေး၊ ဖြတ်သန်းသွားလာနေသော ယာဉ်များအား ယာဉ်ကြောပိတ် ဆို့မှုများ မဖြစ်ပေါ်စေရန် အ ကြောင်းမဲ့ ကား၊ ဆိုင်ကယ်၊ လူ ပုဂ္ဂိုလ်များ၊ ရပ်တန့်ခြင်း၊ နေထိုင် ခြင်း၊ အုပ်စုဖွဲ့ အရက်သေစာ သောက်စားခြင်း၊ လမ်းသွားလမ်းလာ အများပြည်သူတို့ တားဆီး နှောင့်ယှက်မှုဖြစ်စေမည့် အရှိန်ပြင်းစွာ မောင်းနှင်ခြင်း၊ ယှဉ်ပြိုင် မောင်းနှင်ခြင်းများနှင့် တံတားပေါ် တွင် ဆိုင်ကယ်များအား အိတ်ဇောဖြုတ်မောင်းနှင်ခြင်း၊ ဟွန်းသံဆူ ခြင်း၊ အမျိုးသား၊ အမျိုးသမီးများ စုဖွဲ့၍ မြန်မာဓလေ့ထုံးတမ်းနှင့် မလျော်ညီဆန့်ကျင်သည့် ပြုမူ ဆောင်ရွက်ခြင်းများ မပြုလုပ်ရန် ဒေသအာဏာပိုင်များက တားမြစ်ထားသည်။



Sources; 7Day News Journal


No comments:

Post a Comment