Latest News

Sunday, January 8, 2017

သီပေါမြို့ရှိ သစ်ခိုးအဖွဲ့အား သစ်တောဦးစီးဌာနမှ ဖမ်းဆီးစဉ် တောအုပ်ကြီး ဓားဖြင့်အထိုးခံရ

သီပေါမြို့ရှိ သစ်ခိုးအဖွဲ့အား သစ်တောဦးစီးဌာနမှ ဖမ်းဆီးစဉ် တောအုပ်ကြီး ဓားဖြင့်အထိုးခံရ

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် နမ့်အွမ်ကျေးရွာ (ရေပူရွာ) တွင် ဇန်န၀ါရီ ၇ ရက် ညနေ ၅ နာရီ မိနစ် ၂၀ တွင် သတင်းအရ သွားရောက်ဖမ်းဆီးစဉ် သစ်ခိုးထုတ်သူများက ပြန်လည်ခုခံမှုကြောင့် တောအုပ်ကြီး ဓားဖြင့်အထိုးခံလိုက်ရကြောင်း တာဝန်ခံထံမှ သတင်းရရှိသည်၊

ဖြစ်စဉ်မှာ သီပေါမြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ်ကြီးအပါအ၀င် ၀န်ထမ်း ၁၃ ဦးခန့်သည် သီပေါမြို့မှ တစ်မိုင်ခန့်အကွာရှိ နမ့်အွမ်ရေပူရွာ သစ်ခိုးထုတ်ရာနေရာ ပြည်ထောင်စု ကားလမ်းမကြီးနံဘေးအနီးကို ညနေ ၅ နာရီ မိနစ် ၂၀ တွင် သစ်တောဝန်ထမ်း ၁၃ ဦးဖြင့် သွားရောက်ဖမ်းဆီးရာ ဓားဖြင့်ခုခံသောကြောင့် တောအုပ်ကြီး စိုင်းအောင်ထွေးသည် သီပေါဆေးရုံသို့ တက်ရောက်ဆေးကုသနေရကြောင်း သိရသည်၊

“ကျွန်တော်တို့ သတင်းအရ သွားဖမ်းတာပါပဲ။ ၁၃ ဦးလောက်ပါတယ်။ သူတို့ကဓားနဲ့ ပြန်ထိုးခုခံတယ်။ လက်နက်မပါဘဲနဲ့ သွားဖမ်းလို့ ဓားနဲ့ထိုးတာပါ။ သူတို့ သစ်ခုတ် သူအဖွဲ့က ရှစ်ဦးလောက်တော့ရှိတယ်။ တားမြစ်နေချိန်မှာပဲ ဆက်လက်ထုတ်နေတာမို့ သတင်းအရ သွားရောက်ဖမ်းဆီးစဉ် ဖြစ်သွားတာပါ” ဟု သီပေါဘိနယ်တာဝန်ခံ ကိုအောင်ဝင်းက ပြောကြားသည်၊

“လောလောဆယ်တော့ ဆေးရုံကို ရောက်နေပါတယ်။ သစ်ဖမ်းရင်းနဲ့ တောအုပ်ကြီး ဓားနဲ့အထိုးခံရတယ်။ သီပေါဆေးရုံကို တင်ထားရတယ်။ အခု ဓာတ်မှန်ရိုက်ကြည့်တော့ ဒဏ်ရာက စိုးရိမ်စရာမရှိကြောင်း ကနဦးသိရပါတယ်။ သစ်ခိုးထုတ်အဖွဲ့က ရှစ်ဦးဓားနဲ့ပြန်ထိုးတာ။ ဓားက တစ်တောင်လောက် ရှည်တယ်။ မနက်ဖြန်မှာ လားရှိုးရဲတပ်ဖွဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ အဖွဲ့စုံသွားရောက် ဖမ်းဆီးစစ်ဆေးမယ်” ဟု သီပေါဒေသခံ ဦးဘိုဘိုက ပြောကြားသည်၊။

လက်ရှိအချိန် ည ၈ နာရီတွင် သီပေါဆေးရုံတွင် တက်ရောက်ဆေးကုသနေသော တောအုပ်ကြီး စိုင်းအောင်ထွေးသည် မစိုးရိမ်ရကြောင်း သိရသည်။ ယင်းဖြစ်စဉ်မှ တရားခံများအား ဖမ်းဆီးရမိရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Sources; စည်သာ (တောင်ကြီး)Eleven

No comments:

Post a Comment