ခရမ်းမြို့နယ်၌ အမျိုးသားတစ်ဦး မောင်းနှင်လာသည့် ယာဉ်ပေါ်မှ စနိုက်ပါမှန်ပြောင်း၊ စကားပြောစက်နှင့် မောင်းတင်တံများ သိမ်းဆည်းရမိ
ခရမ်းမြို့နယ်တွင် အမျိုးသားတစ်ဦး မောင်းနှင်လာသည့် ယာဉ်ပေါ်မှ စနိုက်ပါမှန်ပြောင်း၊ စကားပြောစက်နှင့် မောင်းတင်တံများ တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း ဇန်န၀ါရီ ၂၉ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲအရာရှိတစ်ဦးထံမှ စုံစမ်းသိရသည်။
ဇန်န၀ါရီ ၂၇ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ် အမှတ် (၉) ရပ်ကွက်နေ ကို..... (၃၉ နှစ်) မောင်းနှင်လာသည့် တိုယိုတာဘဲလ်တာ အဖြူရောင်ယာဉ်အား စစ်ဆေးရာ ၎င်းမှာ ဆက်သွယ်ရေးတာဝါတိုင် ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုမှ ကန်ထရိုက်တစ်ဦးဖြစ်ပြီး ၎င်း၏ ယာဉ်ပေါ်မှ စနိုက်ပါမှန်ပြောင်းနှင့် စကားပြောစက် နှစ်လုံးအပြင် စပရိန်ပါ စတီးချောင်း လေထိုးမောင်းတင်တံနှင့် မောင်းတုံးလက်ကိုင်ပါ မောင်းတင်တံတို့ကို သိမ်းဆည်းရမိခဲ့သည်။
ကို....(၃၉ နှစ်) အား ဆက်လက်စစ်ဆေးရာ လွန်ခဲ့သည့် နှစ်နှစ်ခန့်က ရန်ကုန်မြို့ ၂၈ လမ်းရှိ လမ်းဘေးဈေးဆိုင်တစ်ခုမှ အဆိုပါ တစ်ပေခန့်အရှည်ရှိ ရှေ့နောက် အဝေးကြည့် စနိုက်ပါ မှန်ပြောင်းကို ကျပ် ၂၀,၀၀၀ ခန့်ဖြင့် တာဝါတိုင် ဆောက်လုပ်ရာတွင် တာဝါတိုင်တစ်ခုနှင့် တစ်ခု ကြည့်ရှုရန် ၀ယ်ယူခဲ့ခြင်းဖြစ်ပြီး အသုံးမ၀င်သောကြောင့် ယာဉ်ပေါ်တွင် ပစ်ထားခဲ့ခြင်း ဖြစ်သည်ဟု ထွက်ဆိုခဲ့သည်။
ထို့ပြင် လက်ကိုင် စကားပြောစက်နှစ်လုံးမှာလည်း လွန်ခဲ့သည့်နှစ်အတွင်းက ရန်ကုန်မြို့ တော်ဝင်ပလာဇာမှ စုစုပေါင်း ကျပ် ၇၀,၀၀၀ ဖြင့် ၀ယ်ယူခဲ့ပြီး ဆောက်လုပ်ရေး လုပ်ငန်းခွင်၌ အသုံးပြုခဲ့ကြောင်း သိရသည်။
စကားပြောစက်အပြင် ထပ်မံတွေ့ရှိခဲ့သည့် စနိုက်ပါ မှန်ပြောင်း၊ ၁၁ လက်မခန့်ရှိ သတ္တုကိုယ်ထည်ဖြင့် ပြုလုပ်ထားသော စပရိန်ပါ လေထိုးမောင်းတင်တံ၊ မောင်းတုံး လက်ကိုင်ပါ မောင်းတင်တံတို့နှင့် ပတ်သက်၍ ကို..... အား သက်ဆိုင်ရာ တာဝန်ရှိသူများမှ အသေးစိတ် ဆက်လက်စစ်ဆေးလျက်ရှိပြီး ဥပဒေအရ အရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Sources: : Eleven Media Group
Sunday, January 29, 2017
ခရမ်းမြို့နယ်၌ အမျိုးသားတစ်ဦး မောင်းနှင်လာသည့် ယာဉ်ပေါ်မှ စနိုက်ပါမှန်ပြောင်း၊ စကားပြောစက်နှင့် မောင်းတင်တံများ သိမ်းဆည်းရမိ
ခရမ်းမြို့နယ်၌ အမျိုးသားတစ်ဦး မောင်းနှင်လာသည့် ယာဉ်ပေါ်မှ စနိုက်ပါမှန်ပြောင်း၊ စကားပြောစက်နှင့် မောင်းတင်တံများ သိမ်းဆည်းရမိ
Reviewed by Ar Ti
on
7:03 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment