Latest News
Sunday, January 29, 2017
ကားလမ်းတောင်းရာမှ ဗိုလ်မှူးကတော်နှစ်ဦးစကားများ၍ အပြန်အလှန်အမှုဖွင့်
 မျိုးမင်းပိုင်
ကားလမ်းတောင်းရင်းဗိုလ်မှူးကတော် နစ်ဦးစကားများရန်ဖြစ်ကာလုံးထွေးသတ်ပုတ်ကြတဲ့ဖြစ်စဉ်ကို
အပြန်အလှန်အမှုဖွင့်ထားကြောင်း ပုသိမ်နယ်မြေရဲစခန်းကပြောပါတယ်။
ခဲ့ ကြခြင်းဖြစ်ပြီး အချင်းများရန်ဖြစ်ကြသူနှစ်ဦးမှာ ဗိုလ်မှူး နှစ်ဦး၏ကတော်များဖြစ်သည်ဟု ပုသိမ်နယ်မြေ
ရဲစခန်းက စခန်းမှူးဒုရဲမှူးသိန်းဇော်ဦးကအတည်ပြုပြောဆိုပါတယ်။
"ရွှေဆိုင်ပိုင်ရှင်အမျိုးသမီး(လက်ရှိဌာနတစ်ခု ရဲ့ တိုင်းဦးစီးမှူး)
ဗိုလ်မှူးဟောင်းကတော်ပေါ့  )သူ့ အိမ်ရှေ့ မှာကားရပ်ထားတာလမ်းနဲနဲ မလွတ်တော့ တရားလို အမျိုးသမီး(လေတပ်ကဗိုလ်မှူးကတော်)က ဟွန်းတီးတောင်းတော့ ဟိုကဖယ်မပးဘူး။အဲတော့  နင့် အမေလင်လမ်းမို့ လို ဖယ်မပေးတာလားလို့ ပြောပြီး ကားဘက်ဆုတ်ပြီး တစ်ခြားလမ်းကပြန်သွားတယ်။  အဲဒါကို ရွှေဆိုင်ပိုင်ရှုငိ ကသူ့ အဲလိုပြောရမလားဆိုပြီး လိုက်သွားတော့ စကားများကြပြီးလုံးထွေးသတ်ပုတ်ကြတာ"လို့ ဦးသိန်းဇော်ဦးကဆိုပါတယ်။
အချင်းများရန်ဖြစ်မှုကြောင့် ရွှေဆိုင်ပိုင်ရှင်မှာ ဦးခေါင်းပေါက်သွားပြီး  လေတပ်ဗိုလ်မှူးကတော်မှာ
ကိုယ်ဝန်ပျက်ကျသွားသည်ဟု ရဲစခန်းမှာထွက်ဆိုထား ပါတယ် ။
ယင်းဖြစ်စဉ်အားလေတပ်ဗိုလ်မှူး ကတော်က ပုဒ်မ ၂၉၄(ဆဲဆိုမှု) ၊ပုဒ်မ ၃၂၃(ရိုက်နှက်မှု) ၊ ပုဒ်မ ၄၂၇
(အကျိုးဖျက်စီးမှု) အပြင် ကိုယ်ဝန်ပျက်ကျစေမှု ကြောင့် ပုဒ်မ ၃၁၂ ဖြင့်လည်းထည့် သွင်းအမှုဖွင့်
ထားကြောင်းပုသိမ်နယ်မြေရဲစခန်းကသတင်း ထုတ်ပြန် ပါတယ်။
ရွှေဆိုင်ပိုင်ရှင်အမျိုးသမီးကတော့ ရိုက်နက်မှု ပုဒ်မ ၃၂၃ ဆဲ ဆိုမှု ပုဒ်မ  ၂၉၄  ကာအိနြေ္ဒ ပျက်စီးမှု ဥပဒေပုဒ်မ ၃၅၄နဲ့ ပြန်ဖွင့်တယ်။ နောက်ဆုံးအခြေနေကတော့ အပြန်အလှန်အမှုဖွင့်ထားလို့ စစ်ဆေးမှုတွေ
လုပ်နေတယ်လို့ ဒုရဲမှူးသိန်းဇော်ဦးကဆိုပါတယ်။
အဆိုပါမှုခင်းဖြစ်စဉ်အား ရဲစခန်းကအသေးစိတ်စုံစမ်းစစ်ဆေးမှုများပြုလုပ်နေပြီး တရားရုံသို့ တင်ပို့ နိုင်ရန်
စီစဉ်နေပါတယ်။
No comments:
Post a Comment