Latest News

Thursday, January 5, 2017

မြန်​​အောင်​မြို့တွင်​ ၁၀နှစ် အရွယ် ၄တန်းကျောင်းသူတစ်ဦးအား မုန့် ဖိုး ၁၀၀ ကျပ်ပေးပြီး အဓမ္မပြုကျင့်မှု ဖြစ်ပွား

မြန်​​အောင်​မြို့တွင်​ ၁၀နှစ် အရွယ် ၄တန်းကျောင်းသူတစ်ဦးအား မုန့် ဖိုး ၁၀၀ ကျပ်ပေးပြီး အဓမ္မပြုကျင့်မှု ဖြစ်ပွား

မြန်​​အောင်​မြို့တွင်​ အမျိုးသမီးငယ်​တစ်ဦး အဓမ္မပြုကျင့်ခံရ
ဧရာဝတီတိုင်း​ဒေသကြီး မြန်​​အောင်​မြို့မ ရဲစခန်းပိုင်​တွင်​ ၅.၁.၂၀၁၇ ဇန်န၀ါရီလ (၅)ရက်​​နေ့ ၁၂:၃၀ အချိန်​ခန့့်​တွင်​ တရားလို ​ဒေါ်..........သည်​ ​နေအိမ်​၌ရှိ​နေစဉ်​ အတူ​နေ​မြေး​တော်​စပ်​သူ မ.............သည်​ ​ကျောင်းမှ​နေအိမ်​သို့ ​နေ့လယ် ​​ကျောင်းဆင်းချိန်​ထက်​​နောက်​ကျ ​ရောက်​ရှိလာသည်။

ကျောင်းနောက်ကျသည့် အကြောင်းရင်းကို အဖွားဖြစ်သူက မေးမြန်းရာ မ............မှ ပြန်​​ပြောပြရာ ​နေ့လယ်​​ကျောင်းဆင်းချိန်​တွင်​ တစ်​​ကျောင်းထဲ​နေ(၄)တန်း​ကျောင်းသား ​မောင်​...........မှ နင့် အဖွားကနင့် အတွက်​ ဦးမြစိုး နှင့် မုန့်​ဖိုးထည့်လိုက်​တယ်​၊ ဦးမြစိုးဆီကသွားယူဟု ​ပြော​ သဖြင့် ကျောင်း​နောက်​ဖက်​လမ်းတွင် ​ရပ်​​နေ​သော ဦးမြစိုးထံမှ မုန့့်​ဖိုးသွား​ရောက်​​တောင်းရာ ဦးမြစိုးမှ မုန့်​ဖိုး​ပေးမည်​​ပြောပြပြီး ၎င်းအားလမ်း​ဘေးချုံထဲသို့ ဆွဲ​ခေါ်၍ မ..............၏ ​ဘောင်းဘီစကတ်​ကို အတင်းဆွဲချွတ်​ကာ အ​ပေါ်တက်​ခွပြီး သားမယားအဖြစ်​ (၁)ကြိမ်​ ပြုကျင့်ခဲ့ ​ကြောင်း ၎င်းမှ​အော်​မည်​ပြုစဉ် ပါးစပ်​အား လက်​နှင့်ပိတ်​ထား၍ ​အော်​မရ​ကြောင်း အဓမ္မပြုကျင့်ပြီး​နောက်​ မုန့်​ဖိုး (၁၀၀)ကျပ်​​ပေးပြီး ပြန်​လွှတ်​လိုက်​​ကြောင်း ​ပြောပြသိရှိရကြောင်း သိရပါသည်။

အဖွားဖြစ်​သူ​ဒေါ်...........မှ၊...............စာသင်​​ကျောင်းရှိ ဆရာမ​ဒေါ်...........၊ ဆရာမ​ဒေါ်......
...၊ ဆရာမ​ဒေါ်..........တို့အား သွား​ရောက်​​ပြောပြရာ ၎င်းတို့မှ ရဲစခန်းအား သွား​ရောက်​တိုင်​တန်းရန်​ ​စေလွှတ်​သဖြင့် ၁၆:၁၅ အချိန်​တွင်​ မြန်​​အောင်​မြို့မရဲစခန်းတွင်​ ​မြေးဖြစ်​သူ မ............၊အသက်​(၁၀)နှစ်​၊(ဘ)ဉီး...........၊........လမ်း၊ အမှတ်​( )ရပ်​ကွက်​၊ မြန်​​အောင်​မြို့​နေသူအား အဓမ္မပြုကျင့်သူ ဦးမြစိုးအား ဥပ​ဒေအရ အ​ရေးယူ​ပေးရန်​ တိုင်​တန်းရာ မြိုမစခန်းမှူး အမှုစစ်​ ဒုရဲမှူး​ကျော်​ညွန့်​မှ မြစိုး၊ အသက်​(၆၂)နှစ်​၊ (ဘ)ဉီးဖိုးပိန်​..........လမ်း၊ အမှတ်​( )ရပ်​ကွက်​၊ မြန်​​အောင်​မြို့ ​နေသူအား (ပ) ၄/၂၀၁၇ ရာဇသတ်​ကြီးပုဒ်​မ ၃၇၆ ဖြင့် အမှုဖွင့်စစ်​​ဆေး အ​ရေးယူထား​ကြောင်း သိရှိရသည်​။

Sources; ​ဇော်​မျိုး​အောင်​နှင့် အဖွဲ့ (မြန်အောင်)
ရှုထောင့် မှုခင်းနှင့်သတင်း မီဒီယာဂရု - Myanaung သစ်ထူးလွင်

No comments:

Post a Comment