Latest News

Tuesday, January 3, 2017

အများပိုင်ယာဉ်လိုင်းကုမ္ပဏီများ ပြေးဆွဲရမည့် ယာဉ်လမ်းကြောင်း ၅၇ ခုကို ထုတ်ပြန်

အများပိုင်ယာဉ်လိုင်းကုမ္ပဏီများ ပြေးဆွဲရမည့် ယာဉ်လမ်းကြောင်း ၅၇ ခုကို ထုတ်ပြန်

ရန်ကုန်မြို့တွင်းပြေးဆွဲနေသော BRT ယာဉ်တစ်စီး (ဓာတ်ပုံ-စိုင်းဇော်)

ရန်ကုန်တိုင်းဒေသကြီး အတွင်း အများပြည်သူသယ်ယူပို့ ဆောင်ရေးယာဉ်လိုင်းများပြေးဆွဲ ရမည့် ယာဉ်လမ်းကြောင်း ၅၇ ခု ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့က ဇန်နဝါရီ ၃ ရက်တွင် ထုတ်ပြန်ခဲ့ပြီး သက်ဆိုင်ရာယာဉ်လိုင်း ကုမ္ပဏီများက ပြေးဆွဲလိုသည့် လမ်းကြောင်းများကို ပြန်လည်အ ဆိုပြုလျှောက်ထားရမည်ဖြစ် ကြောင်း သတင်းရရှိသည်။

ထုတ်ပြန်လိုက်သည့် လမ်း ကြောင်းအများစုတွင် ရန်ကုန်မြို့ တွင်းသို့ ဦးတည်လာသော ဘတ်စ်ကားများကို မြို့တွင်းခြောက်မြို့ နယ်သို့မဝင်ရောက်စေဘဲ သခင်မြ ပန်းခြံ၊ ရန်ကုန်ဘူတာကြီး၊ မဟာ ဗန္ဓုလတံတားအောက်၊ ဗိုလ်တ ထောင်ဘုရား စသည့်နေရာများ တွင်သာ ဂိတ်ဆုံးအဖြစ် သတ်မှတ်ထားသည်။

မြို့တွင်းဖြတ်သန်းမောင်း နှင်ရမည့်လမ်းကြောင်းအဖြစ် သခင်မြပန်းခြံ၊ ဗိုလ်ချုပ်အောင် ဆန်းလမ်း၊ ဗိုလ်တထောင်ဘုရား လမ်း၊ ကုန်သည်လမ်း၊ ကမ်းနား လမ်း၊ သခင်မြပန်းခြံလမ်း ကြောင်း၊ သခင်မြပန်းခြံ၊ ကမ်း နားလမ်း၊ မဟာဗန္ဓုလလမ်း၊ ဗိုလ် တထောင်ဘုရားလမ်း၊ ကမ်းနား လမ်း၊ သခင်မြပန်းခြံလမ်း ကြောင်းနှင့် ဗိုလ်တထောင်ဘုရား လမ်း(ကမ်းနားလမ်း)၊ ဗိုလ်တ ထောင်ဘုရားလမ်း၊ အနော်ရထာ လမ်း၊ ကမ်းနားလမ်း၊ ဗိုလ်တ ထောင်ဘုရား စသည့် လမ်း ကြောင်းသုံးခုကိုလည်း သီးခြား သတ်မှတ်ပေးထားသည်။

လက်ရှိတွင် အဆိုပါလမ်း ကြောင်းများ၌ ပြေးဆွဲရန်ပြင်ဆင် နေသည့် အများပိုင်ကုမ္ပဏီရှစ်ခု ရှိပြီး ၎င်းတို့မှာ ယခုထုတ်ပြန်လိုက် သည့်လမ်းကြောင်းများထဲမှ မိမိ တို့ပြေးဆွဲလိုသည့် လမ်းကြောင်း ကို လျှောက်ထားကြရမည်ဖြစ် ကြောင်း သတင်းရရှိသည်။

‘‘ကျွန်တော်တို့ကတော့ ကန ဦးအနေနဲ့ အင်းစိန်လမ်းကြောင်း ကို အဆိုပြုသွားမှာပါ။ ပြေးဆွဲဖို့ လည်း အဆင်သင့်ဖြစ်နေပါပြီ’’ ဟု Power Eleven အများပိုင်ယာဉ်လိုင်းကုမ္ပဏီအဖြစ် ပြေးဆွဲရန် ပြင်ဆင်နေသူ ကိုတရုတ်လေးက ပြောသည်။

အများပိုင်ယာဉ်လိုင်းကုမ္ပ ဏီများသည် ယခုလ ၁၅ ရက်တွင် စတင်ပြေးဆွဲကြရန် ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်က လမ်းညွှန် ထားသည်ဟုဆိုသည်။ ယခုပြေး ဆွဲမည့် အများပိုင်ယာဉ်လိုင်းများ သည် လက်ရှိ ပြေးဆွဲနေသော ယာဉ်လိုင်းများမှ ယာဉ်များစု ပေါင်းပြေးဆွဲသည့် စနစ်မျိုးဖြင့်  ကနဦး စတင်မည် ဖြစ်ပြီး နောက်ပိုင်းတွင် ယာဉ်အသစ်များ အစားထိုးထည့်သွင်းပြေးဆွဲစေ ခြင်း၊ ယာဉ်စီးခအဖြစ် ကတ်စနစ် အသုံးပြုခြင်း စသည်ဖြင့် တစ်ဆင့်ချင်း ပြောင်းလဲရန် စီစဉ်ထား ကြောင်း သတင်းရရှိသည်။

Sources; 7 Day News Journal

No comments:

Post a Comment