Latest News

Wednesday, January 4, 2017

၂၀၁၇ မြန်မာ့စီးပွားရေး၏ အခွင့်အလမ်းနှင့် စိန်ခေါ်မှုများ



၂၀၁၇ မြန်မာ့စီးပွားရေး၏ အခွင့်အလမ်းနှင့် စိန်ခေါ်မှုများ



ပြည်သူများက အခြားအရေးများထက် စီးပွားရေးဖွံ့ဖြိုးရန် လိုလားကြသည်။ ဓာတ်ပုံ - စိုင်းဇော်

၂၀၁၇ မြန်မာ့စီးပွားရေးကဏ္ဍတွင် အလားအလာအကောင်းဆုံးလုပ် ငန်းအဖြစ် ခရီးသွားလုပ်ငန်းကို ရှုမြင်ကြပြီး ငွေလဲနှုန်းတည်ငြိမ်ရေးနှင့် ငွေကြေးဖောင်းပွမှုမှာ စိန်ခေါ်မှုဖြစ်လာနိုင်သည်ဟု စီးပွားရေးလုပ်ငန်းရှင်များက ခန့်မှန်းကြသည်။


ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဆေးရုံဆေးခန်းအချို့တွင် ဈေး ကွက်ရှာဖွေသူတစ်ယောက်အဖြစ် ၁၀ နှစ်ခန့် လုပ်ကိုင်ခဲ့သူ ကိုစိုး ရန်အောင်တစ်ယောက် မြန်မာ နိုင်ငံသို့ ပြန်လာပြီး ကိုယ်ပိုင်စီး ပွားရေးလုပ်ရန် ဆန္ဒပြင်းပြနေ သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရသက်တမ်း တစ်နှစ်ဝန်းကျင်သို့ ရောက်ရှိချိန် ၂၀၁၇ တွင် ခရီးသွားလုပ်ငန်းနှင့် ဆေးဝါးတင်သွင်းရောင်းချသည့် လုပ်ငန်းများ လုပ်ကိုင်ရန် အတွက် မြန်မာနိုင်ငံသို့ ပြန်လာရန် စီစဉ် ထားသည်ဟု ၎င်းကဆိုသည်။

‘‘ကျွန်တော်က အမေစုကိုယုံ တယ်။ လာဘ်စားရင် တိုင်ပါဆို တဲ့ သူစင်ကာပူမှာ ပြောခဲ့တဲ့ စကားက သူတကယ်လုပ်နိုင်မယ် လို့ ယုံကြည်တယ်။ ဒါကြောင့် ဒီ နှစ်ထဲ ကျွန်တော်စီးပွားရေးပြန် လုပ်မယ်လို့ ဆုံးဖြတ်ထားတယ်’’ ဟု ကိုစိုးရန်အောင်က သူ၏ မျှော် လင့်ချက်ကို ပြောပြသည်။

ကိုစိုးရန်အောင်ကဲ့သို့ မြန်မာ နိုင်ငံ၏ စီးပွားရေးအလားအလာ ကောင်းများကို ပြည်တွင်းမှ စီးပွား ရေးလုပ်ငန်းရှင်အချို့ကလည်း မျှော်လင့်နေကြသည်။ အစိုးရ သက်တမ်းတစ်နှစ်ခန့် အချိန်ကုန် ဆုံးခဲ့ပြီးနောက် ဆောင်ရန်၊ ရှောင် ရန် အခြေအနေများကို သိရှိလာ ပြီး အစိုးရယန္တရားတည်ငြိမ်ချိန် ရောက်လာသဖြင့် စီးပွားရေးအ တွက်အလားအလာကောင်း အ ခြေအနေများ ဖြစ်လာနိုင်သည်ဟု စီးပွားရေးလုပ်ငန်းရှင် ဧဒင်ကုမ္ပ ဏီအုပ်စု ဥက္ကဋ္ဌ ဦးချစ်ခိုင်က
မျှော်လင့်နေသည်။

‘‘စီးပွားရေး တိုးတက်လာ မယ်လို့ ကျွန်တော်က အကောင်း ဘက်ကပဲမြင်တယ်’’ဟု ဦးချစ်ခိုင် က ပြောသည်။

မြန်မာနိုင်ငံ၏ စီးပွားရေး အခြေအနေသည် အလားအလာ ကောင်းများစွာရှိနေသော်လည်း ၂၀၁၇ တွင် ထပ်မံကြုံတွေ့လာနိုင် မည့် ကျပ်ငွေတန်ဖိုးကျဆင်းမှု၊ တိကျခိုင်မာမှု လိုအပ်နေသော အစိုးရ၏ စီးပွားရေးမူဝါဒများ၊ အားနည်းနေသည့် ၀န်ကြီးဌာနချင်း ပူးပေါင်းလုပ်ဆောင်မှုစသော စိန်ခေါ်မှုများကိုလည်း အစိုးရနှင့် ပြည်သူပူးပေါင်းပြီး အစွမ်းကုန်ကြိုးစားမှသာ အခက်အခဲအချို့ ကျော်လွှားနိုင်မည်ဟု စီးပွားရေး လုပ်ငန်းရှင်များက ပြောသည်။

‘‘ဘယ်နိုင်ငံပဲဖြစ်ဖြစ် ၂၀၁၇ မှာ စိန်ခေါ်မှုတွေ အရမ်းများတဲ့ အတွက် အပြင်းအထန်လုပ်ရမယ့် အခြေအနေမျိုးဖြစ်နေတယ်။ မြန်မာနိုင်ငံက ပိုဆိုးတာပေါ့။ နဖူးကချွေးအ၀ီစိရောက်အောင်လုပ်ရမယ်’’ဟု မြန်မာနိုင်ငံ ကုန်သည်
များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက ပြောသည်။

၂၀၁၆ တွင် ကြုံတွေ့ခဲ့ရ သည့် ကမ္ဘာ့စီးပွားရေးအခြေအ နေကြောင့် မြန်မာနိုင်ငံကဲ့သို့ ဖွံ့ ဖြိုးမှုအားနည်းသည့် နိုင်ငံလေး တစ်ခုအတွက် အကျိုးဆက်မှာ ကြီးမားလာနိုင်သည်ဟု ဒေါက်တာ မောင်မောင်လေးက ဆိုသည်။ ဗြိတိန်နိုင်ငံက ဥရောပသမဂ္ဂအဖွဲ့ မှ ခွဲထွက်မည့် ဆုံးဖြတ်ချက် ကြောင့် ကမ္ဘာ့စီးပွားရေးတွင် အ ထိနာချိန်၊ အမေရိကန်ဗဟိုဘဏ် က ဘဏ်တိုးနှုန်း ၀ ဒသမ ၂၅ ရာ ခိုင်နှုန်းမြှင့်တင်ခြင်းကြောင့် ဒေါ် လာနှင့် လဲလှယ်သည့်
နိုင်ငံတကာငွေတန်ဖိုးကျဆင်းပြီး အခက်အခဲ များကြုံတွေ့ခဲ့ရသည်ဟု ၎င်းက ရှင်းပြသည်။ ထို့အပြင် အမေရိ ကန်ဗဟိုဘဏ်က သူ၏ ဘဏ်အတိုးနှုန်းကို ၂၀၁၇ တွင် ထပ်မံမြှင့်တင်သွားမည်ဟု ပြောထားခြင်းကြောင့်
ဒေါ်လာနှင့်လဲလှယ်ရ သည့် နိုင်ငံတကာပြည်တွင်းသုံး ငွေတန်ဖိုးများ ထပ်မံကျဆင်းလာ မည့်အလားအလာကို ကြိုတင်ပြင်ဆင်ထားရန် ဒေါက်တာမောင် မောင်လေးက အကြံပြုသည်။

ဒေါ်လာတန်ဖိုးထပ်မံမြင့် တက်ပြီး မြန်မာကျပ်ငွေတန်ဖိုးကျ ဆင်းပါက ၂၀၁၇ တွင် ငွေကြေး ဖောင်းပွနှုန်းဆက်လက်မြင့်တက် မည်ကို စီးပွားရေးလုပ်ငန်းရှင် အချို့က စိုးရိမ်နေကြသည်။

ဈေးကွက်စီးပွားရေးစနစ် တွင် နိုင်ငံတကာနှင့် ချိတ်ဆက် ထားသော မြန်မာနိုင်ငံအတွက် လည်း အကျိုးဆက်များ ခံစားရ မည်ဟု စီးပွားရေးပညာရှင်အချို့ က မှန်းဆနေကြသည်။ မြန်မာ နိုင်ငံအနေဖြင့် နှစ်ပေါင်းများစွာ အခွင့်ထူးခံ စီးပွားရေးပုံစံဖြင့် ကျင် လည်လာခဲ့ခြင်းကြောင့် ကမ္ဘာ့စီး ပွားရေးကျဆင်းမှုမှ ရုန်းထွက်ရန် စိန်ခေါ်မှုများစွာရှိနေကြောင်း ၎င်း တို့က ဆိုသည်။

‘‘ဒီမှာက စီးပွားရေးကို စီး ပွားရေးနဲ့ တူအောင် မလုပ်တတ် ဘူး။ အခွင့်ထူးခံအနေနဲ့ လုပ်တာ များတယ်’’ဟု စီးပွားရေးပညာရှင် ဦးလှမောင်က ပြောသည်။

၂၀၁၇ တွင် မြန်မာနိုင်ငံ၏ စီးပွားရေးအလားအလာသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဝင်ရောက်လာမည့် အခြေအနေပေါ် မူတည်နေသည်ဟု စီးပွားရေးပညာရှင် ဦးဇော်ဖေ၀င်းက ပြောသည်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု နည်းဥပဒေ ကိုလည်း မကြာမီပြဋ္ဌာန်းနိုင်မည့်အခြေအနေတွင်ရှိသဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်၍ ပိုမိုဆွဲဆောင်လာနိုင်မည်ဟု ၎င်းက ဆိုသည်။

ထို့အပြင် ၂၀၁၇ နှစ်ဆန်း ပိုင်းက ပြုလုပ်မည့် ငြိမ်းချမ်းရေး ညီလာခံကလည်း အလားအလာ ကောင်းများစွာရရှိနိုင်ပြီး တိုက်ပွဲ များရှိသော်လည်း ငြိမ်းချမ်းရေး သဘောတူညီမှုရလဒ်များ ပိုမိုတိုး တက်လာပါက နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ပိုမိုဝင်လာနိုင်မည့် အခြေ အနေမျိုးရှိလာနိုင်သည်ဟု ဦးချစ် ခိုင်က ပြောသည်။

‘‘၂၀၁၇ မှာ ၂၀၁၆ တစ်နှစ် လုံး အိပ်ပျော်နေတဲ့ မြန်မာ့စီးပွား ရေးပြန်လည်နိုးထလာပြီး မြန်မာ ပြည်သူတွေ မျှော်လင့်တောင့်တ နေတဲ့ ဖွံ့ဖြိုးတိုးတက်မှု စတင် မွေးဖွားပေါ်ပေါက်လာမယ်ထင်ပါ တယ်’’ဟု မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် အထွေထွေအတွင်း ရေးမှူး ဦးရဲမင်းအောင်က သူ၏ အမြင်ကို ပြောသည်။

စီးပွားရေးကဏ္ဍတွင် စိန်ခေါ် မှုတစ်ခုဖြစ်နေသည့် နိုင်ငံခြားငွေ လဲနှုန်း(အမေရိကန်ဒေါ်လာနှင့် ကျပ်ငွေလဲနှုန်း)တည်ငြိမ်ရေးအ တွက် အစိုးရ၏ လုပ်ဆောင်ချက် ကို စီးပွားရေးလုပ်ငန်းရှင်များက မျှော်လင့်နေကြသည်။ ဇိမ်ခံပစ္စည်းများ တင်သွင်းရာတွင် အခွန်နှုန်း ထားတိုးမြှင့်မည့် အစိုးရအစီအစဉ် သည် နိုင်ငံခြားငွေအသုံးလျော့ နည်းပြီး တည်ငြိမ်လာနိုင်ကြောင်း ဦးချစ်ခိုင်က ဆိုသည်။

ငွေလဲနှုန်းတည်ငြိမ်လာမည် ဆိုပါက ကုန်သွယ်ရေးလုပ်ငန်း များအတွက် အခွင့်အလမ်း ကောင်းတစ်ခုဖြစ်ကြောင်း ပြည်ပ သို့ ဆန်တင်ပို့နေသည့် လုပ်ငန်း ရှင် ဦးမျိုးသူရအေးက ပြောသည်။ ၂၀၁၆ တွင် ပြည်ပပို့ကုန်သွင်း ကုန်လုပ်ငန်းရှင်များ၏ အဓိကစိန် ခေါ်မှုများထဲတွင် ငွေလဲနှုန်း မတည်ငြိမ်မှုလည်း ပါဝင်ကြောင်း ၎င်းက ဆိုသည်။

၂၀၁၇ တွင် အလားအလာ အကောင်းဆုံးလုပ်ငန်းအဖြစ် ခရီး သွားဝန်ဆောင်မှုလုပ်ငန်းနှင့် နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်လာ မည့် အခြေအနေများရှိနေသည်ဟု  စီးပွားရေးလုပ်ငန်းရှင်များက မျှော်မှန်းကြသည်။
မြန်မာနိုင်ငံတွင် လည်ပတ်စရာများစွာရှိခြင်း၊ သမိုင်းကြောင်းအတွက် လေ့လာ စရာများစွာရှိနေခြင်း၊ ကမ္ဘာ့နိုင်ငံ အများစုကလည်း မြန်မာနိုင်ငံကို စိတ်ဝင်စားနေခြင်းတို့ကြောင့် ခရီး သွားလုပ်ငန်းက အလားအလာ အကောင်းဆုံး လုပ်ငန်းဟု စီးပွား ရေးလုပ်ငန်းရှင်များက မှန်းဆကြ သည်။

‘‘ခရီးသွားလုပ်ငန်းကတော့ ဒီနှစ်အတွက် မျှော်လင့်စရာအ ကောင်းဆုံးလုပ်ငန်းတစ်ခုပဲ’’ဟု ဒေါက်တာ မောင်မောင်လေးက ပြောသည်။ ခရီးသွားလုပ်ငန်းအ တွက် လိုအပ်သည့် ဟိုတယ်များ၊ ခရီးသွားကားများ စနစ်တကျ တိုး မြှင့်ထားရန်လည်း ၎င်းကအကြံပြု သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဖိတ်ခေါ်မှုကြောင့် အမေရိကန်၊ ဂျပန်စီးပွားရေးလုပ်ငန်းရှင်များ အပါအ၀င် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု များ ၂၀၁၇ တွင် တိုးမြှင့်လာနိုင် သော်လည်း မြန်မာနိုင်ငံတွင် ထိရှ လွယ်သည့် လူမျိုးရေးပြဿနာများ ရှိနေခြင်း၊ လျှပ်စစ်မီးအပါအ၀င် အခြေခံအဆောက်အအုံလိုအပ် ချက်များ ရှိနေခြင်းတို့ကြောင့် အ တားအဆီးဖြစ်လာမည်ကို စီးပွား ရေးလုပ်ငန်းရှင်အချို့က စိုးရိမ်ကြ သည်။

‘‘လုပ်ငန်းရှင်တစ်ယောက်က တော့ စီးပွားရေးတစ်ခုကို လုပ် မယ်ဆိုရင်တော့ သေချာအောင် စောင့်ကြည့်ကြပါတယ်။ ဒါက လည်း သဘာဝကျပါတယ်။ ဘာ ဖြစ်လို့လဲဆိုတော့ ငွေကြေးက အ မြောက်အမြားရင်းနှီးရမယ်လေ’’ ဟု မြန်မာနိုင်ငံ၌ ဘဏ်ခွဲဖွင့်ထား သည့် စင်ကာပူအခြေစိုက်ဘဏ် တစ်ခုမှ မန်နေဂျာတစ်ဦးက ပြော သည်။

သို့သော်စီးပွားရေးဖွံ့ဖြိုးရန် ၀န်ကြီးဌာနက ပိုမိုပူးပေါင်းလုပ် ဆောင်ရန်၊ အစိုးရ၏ ကြိုးနီစနစ် လျော့နည်းအောင် ပြုလုပ်နိုင်ရန်၊ သယ်ယူပို့ဆောင်စရိတ်များ လျှော့ ချနိုင်ရန်၊ ငွေလဲနှုန်းတည်ငြိမ်စွာ ထိန်းချုပ်နိုင်ရန်နှင့် နိုင်ငံခြား
ရင်းနှီး မြှုပ်နှံမှုများ ပိုမိုဆွဲဆောင်နိုင်ရန် တို့ကို စီးပွားရေးလုပ်ငန်းရှင်များ က အစိုးရအား အကြံပြုကြသည်။

‘‘နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ကို ခွင့်ပြုတာမှာ ဆူလွယ်၊ နှပ်လွယ်လုပ်ငန်းများ မဖြစ်အောင် အစိုးရ က ဂရုစိုက်ဖို့ လိုတယ်’’ဟု စီးပွား ရေးပညာရှင် ဦးဇော်ဖေ၀င်းက ပြောသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအ၀င်နည်းပါကလည်း နိုင်ငံအတွင်းမှ ထွက်သည့် ကုန်ကြမ်းပစ္စည်းကို နိုင်ငံအတွင်း ထုတ်လုပ်ပြီး ပြည်ပ သို့ တင်ပို့နိုင်သည့် လုပ်ငန်းမျိုးကို လည်း အစိုးရက အားပေးသင့် သည်ဟု ၎င်းကဆိုသည်။

Sources; 7 Day News Journal

No comments:

Post a Comment