Latest News

Sunday, January 22, 2017

ရန်ကုန်ကို လူကောင်းတွေဝိုင်းထားပြီ

ရန်ကုန်ကို လူကောင်းတွေဝိုင်းထားပြီ

မိတ်ဆွေတို့ကို မေးခွန်း တစ်ခုမေးလိုသည်။ ရန်ကုန်မြို့ကဘတ်စ်ကားတွေနှင့် စတင်ရင်းနှီးသည်မှာ နှစ်မည်မျှကြာပြီနည်းဟူ၍ပင်။ ကျွန်တော်ကတော့ ဘတ်စ်ကားတွေနှင့် နေ့စဉ်နီးပါး နှစ်သုံးဆယ်လောက် ရင်းနှီးခဲ့ရသည်။ ကျွန်တော် ပထမနှစ် စတက်တော့ ကျွန်တော်နေထိုင်ရာ မြောက်ဥက္ကလာပမှ ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ)ရှိရာဆီသို့ ကုန်းလမ်းပို့ဆောင်ရေးပိုင် အမှတ် (၆) ကားဖြင့် သွားရသည်။ ကလေးဘဝကနေ မိဘမပါဘဲ ကားစစီးဖူးခြင်းဖြစ်သည်။ အဲဒီ(၆)ကားက နှစ်စီးတွဲ။ နောက်ပြီးပြင်သစ်ကလာသည့် ရေးနိုးကားတွေလည်း ပြည်လမ်းကျောင်းထဲကိုရောက်သည်။ ကျပ်ကျပ်ညပ်ညပ် စီးရသည့်ခရီး။

အဲဒီအချိန်က ကျွန်တော်တို့ ဆီကနေ ရန်ကုန်မြို့ထဲသွားဖို့ အ မှတ် (၅)ကား ဟီးနိုးကြီးတွေစီးရ သည်။ နောက်တော့ ဟိုင်းလတ် ကားလေးများ။ ဟိုင်းလတ်တွေက တစ်ဖက်ကို လူရှစ်ယောက်စီတင် သည်။ အလယ်ခုံမှာ ငါးယောက် က သစ်သားခုံပုလေးတွေနှင့် ထိုင်ရသည်။ တကယ့်ကို ကျပ်ကျပ် ညပ်ညပ်။ ထိုင်ခုံမရသူတွေက ဟိုင်းလတ်ကားခြေနင်းခုံမှာ ခြေ တစ်ဖက်စာနေရာနှင့် တန်းကိုင်ဖို့ လက်တစ်ဖက်စာနေရာရလျှင် တွယ်စီးရသည်။ တွယ်ရသည်က လည်း လေးငါးခြောက်ယောက်။ နောက်တော့ ဟိုင်းလတ်နေရာမှာ ဘီအမ်တွေ၊ နောက် ဟွန်ဒိုင်းတွေ အဆင့်ဆင့်ပြောင်းလာသည်။ ကားနံပါတ်တွေကလည်း အမျိုး မျိုးပြောင်းသည်။ ကျွန်တော် ခရီး သည်တင်ဘတ်စ်ကားကို စစီးဖူး ကတည်းက အခုထိ နှစ်ပေါင်းသုံး ဆယ်ကျော်အတွင်း ကားတွေ ကားနံပါတ်တွေသာ ပြောင်းသွား သည်။ ရုံးတက်ရုံးဆင်းချိန် ကား ချောင်ချောင်စီးခဲ့ရဖူးသည်မရှိ။ ထိုင်စီးဖူးသည်ဆိုတာတောင် လက်ချိုးရေ၍ရသည်။ တစ်ခါ တစ်ရံ နေထိုင်မကောင်းဖြစ်၍ ဘတ်စ်ကားမတ်တတ်ရပ်မစီးနိုင် သည့်အခါမျိုးကျ ကျွန်တော်တို့ လမ်း ထိပ်ကနေစောင့်ပြီး ကား ဂိတ်ရင်းထိ လိုက်စီး။ အဲဒီကား ပေါ်ကမထဘဲ ကားပြန်ထွက်တဲ့ အထိစောင့်မှ နေရာရတတ်သည်။ ကျွန်တော်ပြောလိုသည်က ရန် ကုန်မှာ အနေကြာသူများ ဘတ်စ် ကားကို ချောင်ချောင်ချိချိ မစီးဖူး သည်မှာ အထူးအဆန်းမဟုတ်။ ကားကျပ်ကျပ်ညပ်ညပ်ကြား ချွေး တလုံးလုံးဖြင့် စီးရသည်မှာ ဖြစ်ရိုးဖြစ်စဉ်။ အဆိုတော် လွှမ်းမိုးက ပင် သူ့သီချင်းတစ်ပုဒ်ထဲမှာ ရန် ကုန်က×× လူကျပ်ကျပ်မှာ တွယ် စီးတဲ့ ×× ဘတ်စ်ကားကို ×× ကျွန်တော်ဟာ ပြုတ်မကျအောင် စီး တတ်တယ် ×× အညာက ချိုင့် စောင့်လို့ခုန်သွားတဲ့ လှည်းနောက်က×× ကျွန်တော်ဟာ ပြုတ်ကျ တာ×× ရယ်စရာပဲဟု ဆိုခဲ့ဖူး သည်။ ရန်ကုန်နှင့် ဘတ်စ်ကား ကျပ်ကျပ်သည် ခွဲခြားမရနိုင်သော နိမိတ်ပုံ။

နှစ်ပေါင်း ၅၀ ကျော်ကြာ ယာဉ်ပြေးဆွဲမှုစနစ်ကို ခဝါချပြီး ရန်ကုန်ဘတ်စ်ကားစနစ်သစ်ကို စလိုက်သည်။ ဇန်နဝါရီ ၁၆ ရက်။ ကားမှတ်တိုင်မှာ လူတွေစုပုံနေ သည်။ ဘယ်သွားရ ဘယ်လာရ မှန်းမသိ။ အို.. ဒုက​ၡေတြ ဒုကၡေတြ။လူတွေ ဒုက္ခရောက်ကုန်ပါပြီ။ သောက်သုံးမကျတဲ့ အစိုးရ။ စီမံခန့်ခွဲမှုညံ့လှချည်လား။ ကြိုတင်ပြင်ဆင်ပါလား။ ပြစ်တင်ဆဲဆိုပွက်လောရိုက် သွားသည့်အသံက တစ်ဖက်။

အစ်ကို ဘယ်သွားမှာလဲ ( )နံပါတ်ကိုစီး၊ ပြီးရင်.. မှာဆင်း နံပါတ် (   )ကိုပြန်စီး။ လမ်းညွှန် စာရွက်လေးယူသွားပါဦး။ အို.. အမြဲတမ်း ဒုက္ခရောက်တာမှ မဟုတ်တာ တစ်ရက်ပေါ့။ တစ် ရက်တောင် ကိုယ်တွေက လမ်း ညွှန်သေချာမဖတ်ထားလို့။ လမ်း ညွှန်တွေက ကြိုထွက်နေတာပဲ။ အရင်တုန်းကကော ကိုယ်စီးနေ ကျကားကလွဲရင် ဘယ်နံပါတ်က ဘယ်ရောက်တယ် သိလို့လား။ အဆင်ပြေတယ်။ ဘာမှမဖြစ်ဘူး စနစ်သစ် စတာနည်းနည်းတော့ ကသီမှာပေါ့။ ထမင်းငတ်တာမှ မဟုတ်တာ’’ဆိုသည့် နားလည် ပေးသည့်အသံများက တစ်ဖက်။

ကျွန်တော်ငယ်ငယ်တုန်းက ဖတ်ခဲ့ဖူးသည့် စာအုပ်လေးတစ် အုပ်ကို သတိရသည်။ လျှပ်စစ်မီး ဆိုတာ ပေါ်ပေါက်လာဖို့ နှစ်ပေါင်းများစွာ တီထွင်ကြံဆကြရသည်။ အချိန်ကုန် လူပင်ပန်း၊ ငွေကြေး အကုန်အကျဆုံးရှုံးမှုများစွာနှင့်။ တကယ့်တကယ် လျှပ်စစ်မီးပေါ် လာသည့်အခါ မီးခွက်လုပ်ငန်း လုပ်သူတွေ။ အောက်လင်းဓာတ် မီးလုပ်ငန်းလုပ်သူတွေမျိုးက အ ကြီးအကျယ် ကန့်ကွက်ကြသည် တဲ့။ သို့သော် အသစ်က အဟောင်းကို နောက်ကောက်ချ နိုင်ခဲ့သည်သာ။ ဇန်နဝါရီ ၁၆ ရက်နေ့မှာ ကားတွေကျပ်သည်ဟု ပြောဆို ပြစ်တင်နေသူတွေ သိပ်ဝေးဝေး ပြန်မကြည့်ပါနှင့် ဇန်နဝါရီ ၁၄ ရက်၊ ၁၅ ရက် ရုံးဆင်းရုံးတက်ချိန် မှာကော ကားချောင်လို့လားဟု ပြန်စဉ်းစားကြည့်စေလိုပါသည်။

ကျွန်တော်တို့သည် ရဲရဲဝံ့ဝံ့ ပြောင်းလဲလိုက်သော အစိုးရတစ် ရပ်အပေါ် အချိန်အနည်းငယ်မျှ ပင်ပေးရန် စိတ်မရှည်ကြဘူးလား ဟု မေးရန်ရှိသည်။

ဝေဖန်သည်ဆိုသည့်စကား ကို ကိုင်စွဲကာ မနာလိုမရှုဆိတ်မှု များ၊ အဘမျှော်များ၊ ပတ်မကြီး ထိုးဖောက်လိုသူများ၊ ဘေထိုင်ဘု ပြောများ၊ ဆရာကြီးလုပ်လိုသူ များနောက် သံယောင်လိုက်မိမှာ စိုးသည်။ တကယ့်လက်တွေ့လုပ် ငန်းလုပ်ကိုင်ရာတွင် ပါးစပ်က ပြောသလို လွယ်သည်မဟုတ်မှန်း လူတိုင်းသိသည်။ ငါဆို ဘယ်လို လုပ်လိုက်မှာဆိုသည့် ပုဂ္ဂိုလ်များ လက်တွေ့တွင် လုပ်၍မရသော အခြေအနေများစွာရှိသည်။ ဆိုပါ စို့ စနစ်သစ်တွင် ပြေးဆွဲဖို့ ဘတ်စ် ကားလေးထောင်ခန့်ရှိသည်ဟု အစိုးရက တွက်ချက်ထားသည်။ စနစ်သစ် စတင်သောနေ့တွင် ကားအစီးရေ ၂,၄၀၀ ခန့်သာဆွဲသည်တဲ့။ ပြောရလျှင် သတ်မှတ်ထား သည့် ကားအရေအတွက် အကုန်ဆွဲနိုင်လျှင် သည်မျှလောက် ခရီးသည်တွေ အခြေအနေမဆိုး။ အဲဒီနေ့က မထွက်သည့်ကားတွေကိုဘယ်လိုလုပ်ရမည်နည်း။ ထိုစနစ်ကို စစ်အစိုးရလက်ထက်ကသာ စလျှင် ထိုကားတွေ သည်လို မထွက်ဘဲ နေရဲမည်လား။ ရန်ကုန်တိုင်းအစိုးရက သည်ကားတွေကိုဘယ်လို အရေးယူမည်နည်း။ အာ ဏာဖြင့် အုပ်ချုပ်သည်မဟုတ်ဘဲ မေတ္တာဖြင့် အုပ်ချုပ်သော အစိုးရတစ်ရပ်၊ ဒီမိုကရေစီ အစိုးရတစ်ရပ်အတွက် စိန်ခေါ်မှုက ပိုကြီးမား ပါသည်။ လမ်းဘေးဈေးသည်ကို ဖယ်ခိုင်းလျှင် လမ်းဘေးဈေးသည် ကို သနားကြသူများ၊ ကျူးကျော် ကိုထိလျှင် ကျူးကျော်ဘက်က စာနာသူများဆိုသည့် ဆင်းရဲသား နင်းပြားဘက်မှ အမြဲရပ်တည်မည့် ရွှေဘလိုလူမျိုးတွေက ဘတ်စ်ကားတွေကို အရေးယူလျှင် ထ အော်ကြပါလိမ့်မည်။ ကားနှစ်စီး၊ သုံးစီးပိုင် လမ်းဘေးဈေးသည် များ၊ စီးပွားဖြစ်ကျူးများ၊ လူပါးဝ ဘတ်စ်ကားများကို သနားမိနေ သလားဟု စောကြောရန်လိုပါ လိမ့်မည်။

ဘာပဲပြောပြော ရန်ကုန် သည် စနစ်သစ်ကို ခံတွင်းတွေ့ရန် မဝေးတော့။ မည်သို့ပင် အမနာပ ပြောဆိုမှုများရှိသော်လည်း ရန် ကုန်သည် နှစ်ပေါင်း ၃၀ နီးပါး တွင် ပြန်၍လက်တွဲမိကြလေပြီ။ ပြည်သူလူထု၏ အခက်အခဲကို ပြည်သူလူထုကပင် စိတ်ရှည်စွာ ဖြေရှင်းခဲ့လေပြီ။ ၁၉၈၈ အရေး တော်ပုံသည် အစိုးရတစ်ရပ်ကို ဆန့်ကျင်ရန် ရန်ကုန်မြို့လူထု သည် လမ်းပေါ်သို့ ထွက်ခဲ့သည်။ ၂၀၁၇ ဇန်နဝါရီ ၁၆ ရက်သည် အစိုးရကို ကူညီရန် ရန်ကုန်လူထု လမ်းပေါ်ကို ရောက်ခဲ့ပြီ။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က လူထု၏ အင်အားကို ယုံကြည်၍ ကျွန်မတို့ ပြည်သူလူ ထုကိုယ်တိုင် ပါဝင်မှဟူသော စကားမျိုးကို အကြိမ်ပေါင်းများစွာ ပြောခဲ့သည်။ ကျွန်မတို့ဟာ နေ ရာလိုချင်စိတ်ကြောင့်မဟုတ်ဘဲ တာဝန်ယူချင်စိတ်တစ်ခုနဲ့ လုပ်ရ မယ်ဆိုသည့် လူထုခေါင်းဆောင် ၏ စကားကို ရန်ကုန်လူထုက နေ ပူကျဲတဲ လမ်းမများထက်တွင် နေ ရာမရှိဘဲ တာဝန်ယူလိုစိတ်ဖြင့် သက်သေပြလိုက်ပြီဖြစ်သည်။ ရန်ကုန်သည် ရန်ကုန်၏ အခက်အခဲ ကို ပြည်သူ့အင်အားဖြင့် ကျော် လွှားခဲ့ပြီဖြစ်သည်။ ကျွန်တော့်မိတ်ဆွေအစ်ကို ကဗျာဆရာကိုရွေးက

ရန်ကုန်ဟာ ခေတ်ပြောင်းတေးကို ဆိုနေတယ်

သံပြိုင်သီဆိုနေကြတယ်

မဟာဗန္ဓုလလမ်းအတိုင်း သွားမှာပါ

မြို့တော်ခန့်းမရှေ့ရောက်မှာပါ

အခမဲ့ပါခင်ဗျ

ရန်ကုန်ကို လူကောင်းတွေဝိုင်း ထားပြီ’’ဟု ကဗျာရေးဖွဲ့ခဲ့သည်။

ဒီစကားလုံးက ကျွန်တော် နှလုံးသားကို ဒုတ်ဒုတ်ထိ ဝင် ရောက်သွားသည်။ ရန်ကုန်ကို လူ ကောင်းတွေ ဝိုင်းထားပြီတဲ့ လား။ ရန်ကုန်တွင်မက ချယ်ရီ တောင် တန်း၊ တောင်ဇလပ်ပန်းတို့မြေ၊အနောက်ရိုးမမှသည် ဧရာဝတီမြစ်ဝှမ်းနှင့် ဟိုးပင်လယ်ကမ်းခြေအထိ မြန်မာပြည်တစ်ဝန်း လူကောင်းတွေဝိုင်းဖို့ ရန်ကုန်ကစပါပြီ။ ရန်ကုန်သည် အောင်မြေဖြစ်သည်။ ရန်ကုန်သည် အပြောင်းအလဲတို့ အစပြုရာ ဘူမိနက်သန်ဖြစ်သည်။ ခေတ်သစ်၊ စနစ်သစ်တို့ အမြဲအစ ပျိုးရာ ရွှေမြေလည်းဖြစ်သည်။ ရန်ကုန်အောင်လျှင် မြန်မာပြည်အောင်ပြီ။ ရန်ကုန်ကို လူကောင်းတွေ ဝိုင်းထားပြီ။။

Sources: နီဟိန်းမော် ( 7Day News Journal )

No comments:

Post a Comment