Latest News

Sunday, January 1, 2017

တိုက်ပွဲများကြောင့် မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းတွင် တစ်လအတွင်း ပို့ကုန်တန်ဖိုး ကန်ဒေါ်လာသန်း ၂၀၀ ကျော် လျော့ကျ

တိုက်ပွဲများကြောင့် မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းတွင် တစ်လအတွင်း ပို့ကုန်တန်ဖိုး ကန်ဒေါ်လာသန်း ၂၀၀ ကျော် လျော့ကျ

တပ်မတော်နှင့် မြောက် ပိုင်းလက်နက်ကိုင် လေးဖွဲ့တို့ အကြား တိုက်ပွဲများကြောင့်  မူဆယ် နယ်စပ်ကုန်သွယ်ရေးစခန်းတွင် တစ်လအတွင်း ပို့ကုန်တန်ဖိုးသည် ပြီးခဲ့သည့်ဘဏ္ဍာနှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက အမေရိကန် ဒေါ်လာသန်း ၂၀၀ ကျော်လျော့နည်းခဲ့ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဘဏ္ဍာနှစ်ဒီဇင်ဘာအထိ ကန်ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံကျော်ဖိုးတင်ပို့ခဲ့သော်လည်း ယခုဘဏ္ဍာနှစ်၌ ကန်ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံတင်ပို့နိုင်ခဲ့ပြီး ကန်ဒေါ်လာသန်း ၄၀၀ ကျော် လျော့နည်းသည်ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

အဆိုပါပို့ကုန်လျော့ခဲ့သည့် ကန်ဒေါ်လာသန်း ၄၀၀ ကျော်အ နက် တိုက်ပွဲများဖြစ်ပွားသည့် နို ၀င်ဘာ ၂၅ ရက်နောက်ပိုင်းတွင် ကန်ဒေါ်လာသန်း ၂၀၀ ကျော် လျော့နည်းခြင်းဖြစ်သည်။ ပို့ကုန် တန်ဖိုးလျော့နည်းခဲ့သော်လည်း သွင်းကုန်တန်ဖိုးမှာ ဧပြီ ၁ရက်ကစတင်ပြီး ယခုအချိန်အထိ ကန် ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံတင် သွင်းခဲ့ပြီး တိုက်ပွဲများအတွင်း သွင်းကုန် တန်ဖိုး ကန်ဒေါ်လာ ၀ ဒသမ ၈၈၉ သန်း လျော့နည်းခဲ့သည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။ ‘‘တကယ်တော့ လမ်းပိတ် သွားတယ်။ အသွားအလာမရှိခဲ့ ဘူး။ သွင်းကုန်ရော ပို့ကုန်ရော နှစ်ခုစလုံးရပ်သွားတာ။ သွင်းကုန် ကျတော့ မှောင်ခိုလုပ်တာကြောင့် စာရင်းတွေမပါတာ။ တကယ် တော့ တိုက်ပွဲတွေကြောင့် ကုန် သည်တွေအဓိကအခက်အခဲဖြစ် ခဲ့ရပါတယ်’’ဟု မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ ကုန်သည် တစ်ဦးကပြောသည်။

လက်ရှိမူဆယ်နယ်စပ်ကုန် သွယ်ရေးစခန်း၌ ကုန်သွယ်ရာ တွင်လည်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် ကုန်သွယ်မှုလျော့ကျခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

တိုက်ပွဲများ အရှိန်လျော့သွားသော်လည်း မူဆယ်ကုန်သွယ်ရေးစခန်းသို့ သွားရောက်သည့် လမ်းတစ်လျှောက်တွင်ကားပိတ်မှုများကြောင့်မူဆယ်သို့ သွားရောက်သည့်ကားများ ဒီဇင်ဘာ ၂၈ ရက်မှ ၃၀ ရက်နံနက်အထိ ဖြတ်သန်းခွင့်ပိတ်ထားခဲ့သည်။

လက်ရှိ အစိုးရ လက်ထက် တွင် နယ်စပ်ကုန်သွယ်ရေးစခန်း ၁၅ခုအနက် မူဆယ်၊ ကျိုင်းတုံ၊ ကော့သောင်း၊ နဘူးလည်နှင့်စစ် တွေ အစရှိသည့် နယ်စပ်ကုန် သွယ်ရေးစခန်း ငါးခုတွင် ကုန် သွယ်မှု ကျဆင်းခဲ့သည်။ ထို့သို့ကျဆင်းခဲ့ခြင်းသည် ပြီးခဲ့သည့်ဘဏ္ဍာနှစ်နှင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၁၅ သန်းကျော်ရှိ သည်။ ယင်းစခန်းများအနက် မူ ဆယ်နယ်စပ်ကုန်သွယ်ရေးစခန်း များကုန်သွယ်မှုကျဆင်းမှုအများ ဆုံးဂိတ်တစ်ခုဖြစ်ခဲ့သည်။

လက်ရှိ အစိုးရသစ် လက် ထက်တွင် ပြည်ပနိုင်ငံများနှင့် ကုန်သွယ်ရာ၌ ပို့ကုန်ပမာဏသည်အမေရိကန်ဒေါ်လာသန်း ၇,၇၀၀ကျော်ရှိပြီး သွင်းကုန်ပမာဏမှာ ဒေါ်လာသန်း ၁၀,၉၉၀ ကျော်ရှိသည်။ ပို့ကုန်ပမာဏ ကန်ဒေါ်လာသန်း ၂၈၀ကျော်တိုးလာပြီး သွင်း ကုန်ပမာဏ ကန်ဒေါ်လာ သန်း ၇၇၀ ကျော်လျော့နည်းခဲ့သည်။

Sources; 7Day

No comments:

Post a Comment