Latest News

Friday, January 6, 2017

တရုတ်နှင့် မြန်မာသည် ကံကြမ္မာချင်းချိတ်ဆက်နေသည့် အိမ်နီးချင်းများဟု တရုတ်သံအမတ်ဆို

တရုတ်နှင့် မြန်မာသည် ကံကြမ္မာချင်းချိတ်ဆက်နေသည့် အိမ်နီးချင်းများဟု တရုတ်သံအမတ်ဆို

တရုတ်-မြန်မာနှစ်နိုင်ငံ သည် အပြန်အလှန်မှီခိုနေပြီး ကံ ကြမ္မာချင်း ချိတ်ဆက်နေသည့် ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်း နိုင်ငံများဖြစ်ကြောင်း တရုတ်သံ အမတ်ကြီး မစ္စတာဟုန်လျန်က မြန်မာနိုင်ငံရှိ တရုတ်နွယ်ဖွားအ ဖွဲ့အစည်းများ၏ ၂၀၁၇ နှစ်သစ်ကူးညစာစားပွဲမိန့်ခွန်း၌ ထည့်သွင်းပြောကြားသည်။

‘‘ကျွန်တော်တို့က တစ်လှေ တည်းစီး တစ်ခရီးတည်းသွားပြီး အပြန်အလှန်ကူညီခြင်းဖြင့် မျက် မှောက်အခက်အခဲများကို ကျော် ဖြတ်သွားမှာ ဖြစ်ပါတယ်’’ဟု သံ အမတ်ကြီးက ဇန်နဝါရီ ၁ ရက် တွင် ရန်ကုန်မြို့၌ ကျင်းပသည့် အဆိုပါအခမ်းအနားတွင် ပြော ကြားသည်။

မြန်မာနိုင်ငံ အစိုးရသစ်တစ် ရပ်ဖွဲ့စည်းပြီးနောက် တရုတ်- မြန်မာ ဆက်ဆံရေးသည် ရှိရင်းစွဲ ကဲ့သို့ပင် ကောင်းမွန်သော အစ ပျိုးမှုကို အကောင်အထည်ဖော် နိုင်ခဲ့ပြီး နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၏ တရုတ်နိုင်ငံခရီးစဉ်သည် အောင်မြင်ခဲ့ကာ ဆွေမျိုးပေါက် ဖော် ချစ်ကြည်ရေးသည်လည်း သမိုင်းသစ် ကာလတစ်လျှောက် အနှစ်သာရသစ်ကို ဆောင်ကြဉ်း နိုင်၍ တိုးတက်မှုအသစ်များ ဖော်ဆောင်နိုင်ခဲ့ကြောင်း ၎င်းကပြော သည်။

တရုတ်နိုင်ငံအစိုးရနှင့် ပြည် သူများက မြန်မာနိုင်ငံ၌ အမျိုး သား ပြန်လည်သင့်မြတ်ရေးကို အကောင်အထည်ဖော်ရေး၊ ငြိမ်း ချမ်းရေးလုပ်ငန်းစဉ် ဆောင်ရွက် ရေး၊ ပြည်သူလူထုဘဝကောင်း မွန်လာစေရေး၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် စဉ်ဆက် မပြတ် ကြိုးပမ်းဆောင်ရွက်မှုများ ကို ယခင်အတိုင်း ထောက်ခံမည် ဖြစ်ကြောင်း သံအမတ်ကြီးက ပြောသည်။

‘‘အားလုံးပါဝင်သင့်မြတ်ပြီး စည်ပင်သာယာဝပြောတဲ့ မြန်မာ နိုင်ငံကို တည်ဆောက်ခြင်းဟာ မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုး အားလုံးရဲ့ တူညီသော ဆန္ဒတစ် ရပ်ဖြစ်ရုံသာမက တရုတ်နိုင်ငံ အပါအဝင် ဒေသတွင်း နိုင်ငံတွေ ရဲ့ ဆန္ဒလည်းဖြစ်ပါတယ်’’ဟု ၎င်းက ပြောသည်။

 တရုတ်သံအမတ်ကြီးက လက်ရှိတွင် ရန်ကုန်တိုင်းဒေသ ကြီးအတွင်း အထူးစီးပွားရေးဇုန် အသစ် တည်ဆောက်ရန် စီစဉ် နေခြင်းမှာ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုး တက်ရေးအတွက် ကြီးမားသည့် အခွင့်အရေးတစ်ခုဖြစ်ရုံသာမက မြန်မာနိုင်ငံရှိ တရုတ်နွယ်ဖွားများ၊ တရုတ်အသိုင်းအဝိုင်းများ ဖွံ့ဖြိုး တိုးတက်ရေး၊ တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးအတွက် အခွင့်အလမ်းကြီးတစ်ခု လည်းဖြစ်ကြောင်း ပြောကြားခဲ့ သည်။

အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတက်ရောက်ခဲ့သည်။

၂၀၁၇ ဇန်နဝါရီ ၁ ရက် သည် မြန်မာနိုင်ငံ တရုတ်ကုန် သည်ကြီးများအသင်း တည်ထောင်သည့် (၁၀၈)နှစ်ပြည့်နေ့ဖြစ်သည်။

(၁၄)ကြိမ်မြောက် ကမ္ဘာ့တရုတ်ကုန်သည်များ ညီလာခံ ကို မြန်မာနိုင်ငံကအိမ်ရှင်အဖြစ်လက်ခံကျင်းပမည်ဖြစ်​​ကြောင်းသိရသည်။

တရုတ်အစိုးရ၏ အာဘော် သတင်းစာ ဂလိုဘယ်တိုင်းမ်က နိုဝင်ဘာ ၂၄ ရက်က မြန်မာနိုင်ငံ မြောက်ပိုင်း ဒေသတိုက်ပွဲများ သည် တရုတ်အကျိုးစီးပွားကို ထိခိုက်ကြောင်း ရေးသားဖော်ပြခဲ့ ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံ ရုံး၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ ပြန်လည်ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံမြောက်ပိုင်းတွင် စစ်ပွဲဖြစ်ပွားခြင်းသည် တရုတ် နိုင်ငံ၏ အကျိုးစီးပွားကို ထိခိုက် ရုံသာမက ဒေသတွင်း ငြိမ်းချမ်း ရေးနှင့် ဖွံ့ဖြိုးရေးကိုလည်း ဖျက် ဆီးကာ တရုတ်နိုင်ငံ၏ ဂုဏ် သိက္ခာကိုလည်း ဂယက်ရိုက်ခတ် နေသည်ဟုဆိုသည်။

ကြာရှည်သော ကာလအ တွင်း ထိုကဲ့သို့သော အငြင်းပွားမှု များသည် တရုတ်နိုင်ငံနယ်စပ် ဒေသလုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးကို ပြင်းထန်စွာ ထိခိုက်ကာ အထူးသဖြင့် တရုတ်နိုင်ငံ၏ လက်ရှိ တွန်းအားပေးဆောင်ရွက်နေ သော တရုတ်၊ အိန္ဒိယ၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ် စီးပွားရေးစင်္ကြံနှင့် One Belt, One Road အပေါ် ချုပ်ချယ်ကန့်သတ်မှုကို ဖြစ်စေ ကြောင်း ရေးသားထားသည်။

မြန်မာနိုင်ငံမြောက်ပိုင်း အ ငြင်းပွားမှုတွင် ဒေသခံတိုင်းရင်း သား လက်နက်ကိုင်အဖွဲ့များ သည် ယခင်ကဲ့သို့ ထပ်မံလုပ် ဆောင်ပြီး ပိုမိုအသိဉာဏ်ကင်းမဲ့ ကာ မူဆယ် ၁၀၅ မိုင် စသည့် တရုတ်-မြန်မာ အပြန်အလှန် ဆက်သွယ်ရေးဆိုင်ရာ အရေးကြီး ဂိတ်နှင့် စီးပွားကုန်သွယ်ရေး ကျောရိုးလမ်းကြောင်းများကို လူ သိရှင်ကြား ထိုးစစ်ဆင်တိုက်ခိုက် ပြီး ပြည်သူ့ဆန္ဒကို ကျောခိုင်း ဖောက်ဖျက်ခဲ့ကြောင်း ရေးသား ထားသည်။

မြန်မာနိုင်ငံ၏ အင်အားအ ကြီးဆုံး တိုင်းရင်းသားလက်နက် ကိုင်များဖြစ်သည့် ‘ဝ’ပြည် သွေး စည်းညီညွတ်ရေး တပ်မတော် (UWSA)နှင့် ကချင်လွတ်မြောက် ရေးတပ်မတော် (KIA)တို့သည် တရုတ်နယ်စပ်တွင် အခြေစိုက် လှုပ်ရှားနေသော အဖွဲ့အစည်း များဖြစ်သည်။

Sources; 7 Day News Journal

No comments:

Post a Comment